
နေပြည်တော် ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို တပ်မတော်က ဖေဖော်ဝါရီ ၇ ရက် တွင် လေကြောင်းမှ အဆိပ်ငွေ့ဗုံး များသုံးကာ တိုက်ခိုက်ခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှု ကွန်ရက်တွင် ရေးသားဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။
“တပ်မတော်သည် ရမ်းဗြဲမြို့ တွင် အဆိပ်ငွေ့ဗုံးများ အသုံးပြု တိုက်ခိုက်ခြင်းမရှိသလို အခြား မည်သည့်တိုက်ပွဲများတွင်မှလည်း အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက် ခိုက်ခဲ့ခြင်းများ မရှိကြောင်း”၊ လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့များသည် တိုက်ပွဲများတွင် တပ်မတော်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက် ဒဏ်ရာရမှု များပြားလာပါက ထိုကဲ့သို့ ဝါဒဖြန့်ကောလာဟလ သတင်းများကို လူမှုကွန်ရက်တွင် အချိန်ကိုက် ရေးသားဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်