
မန္တလေး ဖေဖော်ဝါရီ ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ ရတနာပုံ ခန်းမ၌ကျင်းပသည့် မန္တလေးရှိ တက္ကသိုလ် နှင့်ကောလိပ်များမှ ကျောင်းသား ကျောင်း သူများအား “တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှုအန္တရာယ်” နှင့် “နိုင်ငံ တော်တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသ ကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခ ချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
မှတ်တမ်းဗီဒီယိုပြသ
ရှေးဦးစွာ ရတနာပုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများက အလှ ကမ္ဘာမြေသီချင်းဖြင့် ဖျော်ဖြေပြီး ‘‘တားဆီး ကာကွယ်မီဒီယာအဆိပ်သင့်အန္တရာယ်’’ နှင့် ‘‘နိုင်ငံတော် တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍ’’ မှတ်တမ်းဗီဒီယို ကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ် သဖြင့် လူငယ်များအနေဖြင့် နည်းပညာ နှင့် နေ့စဉ်ထိတွေ့ ဆက်သွယ်ဆက်ဆံ ရကြောင်း၊ နည်းပညာခေတ်တွင် သတင်း များသည် အကန့်အသတ်မရှိ ထွက်ပေါ် လာကြောင်း၊ အချို့သော သတင်းမီဒီယာ များသည် နိုင်ငံကို အမှောင်ထဲသို့ ကျအောင် ချောက်ချလျက်ရှိသည်ကို တွေ့ရကြောင်း၊ သတင်းတု၊ သတင်းမှား များကြောင့် မလိုလားအပ်သည့် ပြဿနာ များစွာ ဖြစ်ပေါ်နေပါကြောင်း၊ သတင်းမှား များကို ခွဲခြားသိရှိရှောင်ရှားပြီး သတင်း မှန်များကို ကောင်းမွန်စွာ အသုံးချတတ် မည်ဆိုပါက မိမိတို့ နေ့စဉ်လူမှုဘဝ အတွက် များစွာအကျိုးကျေးဇူးရှိမည် ဖြစ်ပါကြောင်း။
များစွာအရေးကြီး
အချို့သော သတင်းများသည် စိတ် ခံစားမှုကို အခြေမခံသင့်ဘဲ ဦးနှောက်နှင့် ချင့်ချိန်စဉ်းစားသင့်ပါကြောင်း၊ စိတ် ခံစားမှုများလာပါက အမှားကို အမှန် ထင်တတ်ကြောင်း၊ နိုင်ငံတော်၏ ဆောင်ရွက်ချက်များကို သိရှိနားလည်စေ ရန်အတွက် မီဒီယာအခန်းကဏ္ဍသည် များစွာ အရေးကြီးပါကြောင်း၊ လူငယ်များ သည် နောင်အနာဂတ်အတွက် နိုင်ငံ့ တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ရမည့် သူများဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင် ကြမည့် တက္ကသိုလ်ကျောင်းသား ကျောင်း သူများအနေဖြင့် အတွေးအခေါ်မမှားရန် နှင့် လမ်းမှား မရောက်စေရန်သည် အလွန်အရေးကြီးပါကြောင်း၊ အတွေး အခေါ် အမြော်အမြင်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်ရန် ပညာရေး၏ အခန်း ကဏ္ဍသည် များစွာအရေးကြီးပါကြောင်း။
လူငယ်ကဏ္ဍသည် အရေးကြီးသည့် အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လည်း လူငယ်ကဏ္ဍကို အလေးထားပြီး မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံတွင် အချို့လူငယ်များသည် အတွေးအခေါ် အယူအဆများ လွဲမှား နေသည့်အတွက် လမ်းမှားသို့ ရောက်နေ ကြပါကြောင်း၊ တည်ငြိမ်မှု၊ စည်းလုံး ညီညွတ်မှုကို ဆောင်ရွက်ကာ လူငယ် များက တိုင်းပြည်တည်ဆောက်ရေးတွင် ကြိုးပမ်း ဆောင်ရွက်သင့်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေ ဖြင့် ဘွဲ့ရပြီး နိုင်ငံ့တာဝန်ထမ်းဆောင် ချိန်တွင် နိုင်ငံ့အရေးကို ပါဝင်ဆောင်ရွက်စေလိုကာ တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၏ အရေးကြီးပုံကို သိရှိနားလည် စေလိုပါကြောင်း၊ နိုင်ငံတော်၏ စေတနာ မှန်ကို နားလည်လက်ခံသိရှိပြီး နိုင်ငံ့ ကောင်းကျိုးကို ရှေးရှုဆောင်ရွက်စေလို ပါကြောင်း၊ နိုင်ငံတော်၏ အဖိုးတန်ရတနာ များဖြစ်သည့် ကျောင်းသား ကျောင်းသူ များအနေဖြင့် နိုင်ငံတော်က အားကိုး အားထားပြုထိုက်သည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြစေလို ပါကြောင်း ဆွေးနွေးပြောကြားသည်။
အားကောင်းအောင်ဆောင်ရွက်
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင်က မီဒီယာ၏ အခန်း ကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေးမဏ္ဍိုင် သုံးရပ်ကို ထိန်းကျောင်းပေး နေသည်မှာ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာဖြစ်ပါကြောင်း၊ ထို့ကြောင့် သတင်းမီဒီယာကဏ္ဍကို အားကောင်း အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သတင်းမှန်များကိုသာ စားသုံးသင့်ပြီး သတင်းမှားများကို အဆိပ်အတောက် ကဲ့သို့ သတ်မှတ်ရန် လိုအပ်ကြောင်းနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အနေဖြင့် နိုင်ငံတော်ကို တည်ဆောက် ရာတွင် အရေးကြီးသည့် လူ့အရင်းအမြစ် ဖြစ်သည့်အတွက် မိမိတို့ရရှိသိရှိထားသည့် သတင်းများကို နိုင်ငံတော်တည်ဆောက် ရေးအတွက် ကောင်းမွန်စွာ အသုံးချစေလို ပါကြောင်း ပြောကြားသည်။
သီဆိုဖျော်ဖြေ
ဆက်လက်၍ ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းသား ကျောင်းသူ များက “အနာဂတ်မြန်မာသို့” တေးသီချင်း ဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က အခမ်းအနားသို့ တက်ရောက် လာကြသည့် ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား MRTV DTH စလောင်း ငါးစုံနှင့် DVB T2 Set Top Box အလုံး ၁၀၀ တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီး များသည် ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူ များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသည့် ကျောင်းသား ကျောင်းသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်၊ သူနာပြု တက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ မန္တလေး သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ပုသိမ်ကြီး)၊ ဆေးဘက်ဆိုင်ရာ ဆေး တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ် တို့မှ ပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း တက္ကသိုလ်ကောလိပ် ၁၂ ခုတို့မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၉၀ တက်ရောက်ခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် Mingalar Mandalay Shopping Complex ရှိ Lotus Plaza ဧရိယာတွင် New Starlight Group of Companies မှ တရုတ်ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ် အဖြစ် စတုဒိသာ လှူဒါန်းခြင်းအစီအစဉ်သို့ ပါဝင်တက်ရောက်ပြီး ယင်း Complex ရှိ စျေးဝယ်ဧရိယာများ၊ Shopping Centre များ၊ Recreation Zone များသို့ မြို့နေ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် ဝယ်ယူအားပေးနေမှုများကို ကြည့်ရှုခဲ့သည်။
သတင်းစဉ်