ပခုက္ကူကုန်စည်ဒိုင်၌ ပဲယဉ်းဝါ၊ ပဲယဉ်းနီ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်

 

မကွေးတိုင်းဒေသကြီး ပခုက္ကူကုန်စည်ဒိုင်သည် စီးပွားရေးအချက်အချာ ကျပြီး ပခုက္ကူရှိ ကျွန်းရွာများအပြင်  ယောနယ်ဒေသ၊  ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ညောင်ဦး၊   ကျောက်ပန်းတောင်း၊ မြင်းခြံမြို့နယ်၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ပုလဲနယ်  စသည့်နယ်ပေါင်းစုံမှ ထွက်ရှိသောသီးနှံများ ကုန်စည်ဒိုင်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်မှ စတင်ဝင်ရောက် ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။


ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများ အနေဖြင့် ပဲစင်းငုံနီ၊ ပဲယဉ်းဝါ၊ ပဲယဉ်းနီနှင့် နှမ်းမျိုးစုံများအနက် ပဲယဉ်းဝါ နှင့်   ပဲယဉ်းနီသီးနှံများမှာ   ၂၀၂၄ ခုနှစ်   ဇန်နဝါရီလ   ဒုတိယပတ်မှစတင် ဝင်ရောက်၍ အရောင်းအဝယ်သွက်နေကြောင်း၊ ဈေးနှုန်းများအနေဖြင့် ပဲယဉ်းဝါ တစ်တင်းလျှင် ဇန်နဝါရီလ ဒုတိယပတ်တွင် ကျပ် ၅၃၀၀၀ ဖြင့်လည်းကောင်း၊ တတိယပတ်တွင် ကျပ် ၅၃၅၀၀ ဖြင့်လည်းကောင်း၊ စတုတ္ထပတ်တွင် ကျပ် ၅၆၀၀၀ ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလဆန်း တွင်  ကျပ် ၆၀၀၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် တစ်ရက်လျှင် အိတ် ၅၀ မှ ၅၀၀ အထိရှိကြောင်း သိရသည်။


ပဲယင်းနီဈေးနှုန်းအနေဖြင့်  တစ်တင်းလျှင်  ဇန်နဝါရီလ ဒုတိယ ပတ်တွင် ကျပ် ၇၆၅၀၀ ဖြင့် လည်းကောင်း၊ တတိယပတ်တွင် ကျပ် ၇၈၀၀၀    ဖြင့်လည်းကောင်း၊   စတုတ္ထပတ်တွင်   ကျပ် ၇၉၂၀၀ ဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီလဆန်းတွင် ကျပ် ၇၇၀၀၀ ဖြင့်လည်း ကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန် ဘုရင့်နောင်ကုန်စည် ဒိုင်နှင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရ သည်။                                                              

 DOCA (မကွေး)