
နေပြည်တော် ဖေဖော်ဝါရီ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ကချင်ပြည်နယ် ပူတာအိုခရိုင် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇန်နဝါရီ ၃၁ ရက်က နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေးသင်တန်းကျောင်း(ပူတာအို)နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း(ပူတာအို)သို့ ရောက်ရှိပြီး သင်တန်းကျောင်းများရှိ ဝန်ထမ်း များ၊ ကျောင်းသား ကျောင်းသူ များနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားကာ ကျောင်းဝင်းအတွင်း ရှိ အိပ်ဆောင်များ၊ စားရိပ်သာနှင့် ကျောင်းအတွင်း တည်ဆောက်နေ သော တည်ဆောက်ရေးလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးပြီးလိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ ဟိုခိုဘုန်းတော် ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန် တော်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့်စားသောက်ဖွယ် ရာပစ္စည်းများ ပေးအပ်လှူဒါန်းပြီး ကျောင်းဝင်းအတွင်း ဆောက်လုပ် နေသည့် RC တစ်ထပ် ထမင်းစား ဆောင် ဆောက်လုပ်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ဖေဖော်ဝါရီ ၁ ရက်က ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ် ရေးရာဝန်ကြီးဌာနက တာဝန်ယူ ဖောက်လုပ်နေသည့် ပူတာအို ခရိုင်၊ မဂွေဇ - ခေါင်လန်ဖူးလမ်း စီမံကိန်းသို့ သွားရောက်ပြီး စီမံကိန်း လမ်းပိုင်းတစ်လျှောက် ဆောင်ရွက်လျက်ရှိသော တည် ဆောက်ရေး လုပ်ငန်းများဖြစ် သည့် ကျောက်ချောခင်းခြင်း၊ ရေကျော်တည်ဆောက်ခြင်း၊ Box Culvert တည်ဆောက်ခြင်း၊ အဆောက်အဦ ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများအရည် အသွေးပြည့်ဝစွာဖြင့် အချိန်မီ ပြီးစီးရေးတို့ကို မှာကြားသည်။
ဖေဖော်ဝါရီ ၃ ရက်က ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် ခေါင်လန်ဖူး မြို့ရှိ ဒေသခံပြည်သူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြို့ပတ်လမ်းနှင့် မြို့အဆင့် မြှင့်တင်ရေး ဆောင်ရွက်နေမှုများ ကိုကြည့်ရှုစစ်ဆေးကာ ခေါင်လန်ဖူး မြို့ ဘုန်းတော်ကြီးကျောင်း ရေအားလျှပ်စစ်(တာဘိုင်)အတွက် မီးကြိုးများ ပေးအပ်လှူဒါန်းပြီး ခေါင်လန်ဖူး - ဆရမ်ဖာလမ်းပိုင်း တစ်လျှောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ဖေဖော်ဝါရီ ၅ ရက်က ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမြို့ သမိုင်းဝင်ကောင်းမှုလုံစေတီတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို ၍ စေတီတော်ပရိဝုဏ်အတွင်း လျှပ်စစ်မီးများ ပြန်လည်ပြုပြင် နိုင်ရေး အလှူငွေပေးအပ်ခဲ့ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိသော တည် ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ သတင်းစဉ်