AA အဖွဲ့လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် ပတ်သက်၍ ထွက်ဆိုချက်များ

 

နိုင်ငံတော်အစိုးရက  အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသား မျိုးနွယ်စုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့်  မူးယစ်ဆေးဝါးသယ်ဆောင်  ရောင်းဝယ်မှုလုပ်ငန်းများ ထိရောက်စွာတားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသော လမ်းကြောင်းများအား စစ်ဆေးရှာဖွေ ဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေစဉ် AA အဖွဲ့မှ ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် မက်အဖက်သမင်း ၂ တန်ကျော်၊ ထိန်းချုပ်ဓာတု ပစ္စည်းကဖင်း ၈၀၀ ကီလိုတို့ကို  ရှမ်းပြည်နယ်မှ  ရခိုင်ပြည်နယ်သို့ ကုန်းလမ်း / ရေလမ်းတို့ဖြင့် အဆင့်ဆင့်သယ်ဆောင်ရောင်းဝယ်မှုပြုလုပ်နေသူများအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိခဲ့သူများ၏ ထွက်ဆိုချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ရ ပါသည်-
ရှမ်းပြည်နယ်မှ  ရန်ကုန်မြို့သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ပေးခဲ့သူ
AA မှ မအိအိခင်(ခ) မအိ ၏ ဝန်ခံထွက်ဆိုမှု
ကျွန်မတို့ လားရှိုးမှာ မောင်နိုင်ဆိုတဲ့လူကို နန်းရွှေဖြူနဲ့ကျွန်မနဲ့ သွားတွေ့တယ်။ ဒီလုပ်ငန်းကိုစပြီးတော့။ အလုပ်လည်းမရှိဘူး။ အဆင် လည်း မပြေဘူးဆိုပြီး အလုပ်ရှိတယ်။ လုပ်မလားဆိုတော့ ကျွန်မနဲ့ နန်းရွှေဖြူ အဲဒီမှာ သွားတွေ့ဖြစ်တယ်။ သွားတွေ့ဖြစ်တဲ့အချိန်မှာ သူက သိန်း၁၀၀ ရမယ်။ အားလုံးအပြီးအစီးပေါ့နော်။ အဲဒါနဲ့ ကျွန်မတို့လည်း စီးပွားရေးကျပ်နေတော့    လက်ခံလိုက်တယ်။    မူးယစ်ဆေးဝါးနဲ့  ပတ်သက်ပြီး ဘိန်းဖြူလား၊ ဘိန်းမဲလားလို့ မေးသေးတယ်။ အဲဒါတွေ မဟုတ်ပါဘူးတဲ့။ သေချာထုပ်ပိုးပြီးမှ အားလုံးစီစဉ်ပေးလိုက်မယ်တဲ့။ အဆင်သင့် ကားပေါ်တင်သွားရုံပဲတဲ့။ နန်းရွှေဖြူက တောထဲမှာ ပစ္စည်း သွားယူတယ်။ သွားယူပြီးတော့ ကျွန်မတို့ လားရှိုးမှာ ကားကယ်ရီငှား တယ်။ ငှားပြီးတော့ အဲဒီကားမှာတင်တယ်။  သူ့ကားမှာလည်းတင်တယ်။ ကျွန်မကားမှာလည်း   တင်တယ်။   နှစ်စီးတင်ပြီးတော့   ကျွန်မတို့ အောင်ပန်းအထိကို အဲဒီကားနဲ့လာခဲ့တယ်။ အဲဒီကားကို ခြောက်သိန်းနဲ့   ငှားပေးတယ်။ ကျွန်မတို့ အရင်တစ်ခေါက်က လမ်းကြောင်းကြည့်ရင်းနဲ့ အနည်းအကျဉ်း သယ်ခဲ့ဖူးတယ်။  နန်းရွှေဖြူနဲ့အတူတူပေါ့။ အန္တရာယ် မဖြစ်ဘူးဆိုတော့ ကျွန်မတို့ ဒီတစ်ခေါက်ထပ်သယ်တာပေါ့။ 
ကျွန်မတို့   ရန်ကုန်ရောက်လာတဲ့အချိန်  ညကြီးရောက်တာပေါ့။ မနက်မိုးလင်းရောက်တော့   နန်းရွှေဖြူက   ဖုန်းကချိတ်ပြီးသွားပြီ။ ပြီးတော့ သူကထွက်သွားတယ်။ ဘယ်ရောက်သွားပြီလဲမေးတော့ ၁၀ မိုင်ကုန်းမှာ ပစ္စည်းသွားပို့နေတယ်တဲ့။ အဲဒီအချိန်မှာ ကျွန်မက သူထ သွားတဲ့အချိန် ကျွန်မနဲ့ရန်ဖြစ်လို့  ကျွန်မကို မခေါ်သွားတော့ဘူး။ ခဏ နေကျ   ကျွန်မပြန်ဆက်လိုက်တော့  လိုက်သွားလိုက်ပါဦးမယ်ဆိုပြီး ဖုန်းဆက်လိုက်တော့  ၁၀  မိုင်ကုန်း   မဟုတ်ဘူး။    ဒညင်းကုန်းဘက် ရောက်သွားပြီတဲ့။  ဒညင်းကုန်းမှာသွားပို့တယ်တဲ့။   ဒညင်းကုန်းဈေးကို လိုက်ခဲ့ဆိုလို့ ကျွန်မ တက္ကဆီနဲ့ လိုက်သွားတယ်။ 
ကျွန်မတို့ လားရှိုးကနေထွက်လာတယ်။ နမ်ပေါင်လမ်းက မိုင်းရယ်- နမ်ပေါင်-အင်တော-ကျောက်ဂူ- ရပ်စောက်၊ ရပ်စောက် မရောက်ခင် တောထဲမှာ ထမင်းဆိုင်ရှိတဲ့ ရေပူစမ်းရှိတဲ့နေရာမှာ တစ်ညအိပ်သေး တယ်။ တစ်ညအိပ်ပြီး မနက်ကျတော့ ရပ်စောက်ကိုဖြတ်ပြီး အောင်ပန်း ကို ရောက်တယ်။ အောင်ပန်းရောက်တော့ ရန်ကုန်က တစ်ညကြိုစောင့် နေတဲ့ ကားရှိတယ်။ အဲဒီကားနဲ့ ကျွန်မတို့ချိန်းပြီးတော့  ဆက်လာ ခဲ့တယ်။ ကားဆရာက ရန်နိုင်စိုးပါ။   မနက်ကျမှဘဲ  ကိုနိုင့်ဘက်က ဖုန်းဆက်လာတယ်။ အေး ရောက်ပြီ။ ညက ကားဘီးကပေါက်လို့ မိုး လည်း အလွန်ချုပ်တာနဲ့ အိပ်လိုက်တယ်။  ငါလည်း ပြန်မဆက်တော့ဘူး ပေါ့။ အဲလိုပြောလိုက်တော့ အင်း.. ဟုတ်ပြီတဲ့။ အစ်မရောက်ပြီဆိုရင် ဖုန်းတစ်လုံးပေးမယ်နော်တဲ့  ပြီးတော့  ဖုန်းတစ်လုံးပေးတယ်။ အဲ့ဖုန်းကို ဆက်လိုက်တဲ့။ အဲ့ဖုန်းကို  ဆက်လိုက်တော့   ကျွန်မကို  နောက်ထပ် ဖုန်းတစ်လုံးထပ်ပေးတယ်။ အဲ့ဖုန်းက နောနော်ဆိုတဲ့ ရခိုင်လေး ဖုန်းပေါ့။ အဲ့ဖုန်းကိုဆက်ပြီးတော့ ပစ္စည်းလာယူခိုင်းတယ်။ ဒညင်းကုန်းလမ်းဆုံမှာ ပေါ့။ နောင်တရတယ်။ အိမ်က မိသားစုတွေ သိသွားတော့ ပိုဆိုးတာပေါ့။ အခုလိုမျိုးဖြစ်သွားတော့ နောင်တအလွန်ရတယ်။
ရန်ကုန်မြို့ကို ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများကို 
လက်ခံရန်နှင့် ရခိုင်ပြည်နယ်  စစ်တွေမြို့သို့  ဆက်လက်ပို့ဆောင်ရန်  လိုအပ်သည့် စီစဉ်ညွှန်ကြားမှုများကို လုပ်ဆောင်ပေးခဲ့သည့် 
AA အဖွဲ့မှ စီးပွားရေး တာဝန်ခံ ဗိုလ်မှူးကြီး အဆင့်ရှိသူ 
ကျော်မြတ်ဦး(ခ)သားသား(ခ)ဝေသာထွန်း၏ သူငယ်ချင်းဖြစ်သူ 
ဦးလှဝင်း (ခ) သားကြီး၏ ဝန်ခံထွက်ဆိုမှု
AA တပ်ဖွဲ့ဝင်   ဗိုလ်မှူးကြီးအဆင့်ရှိ  ကျော်မြတ်ဦး (ခ) သားသားရဲ့ ခိုင်းစေချက်အရ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကိုပို့မယ့် မူးယစ်ဆေးဝါး တွေကို တာဝန်ယူပြီးတော့ ပို့ဆောင်ပေးရပါတယ်။ ကျော်မြတ်ဦး (ခ) သားသားနဲ့ ကျွန်တော်နဲ့ ငယ်ငယ်တုန်းက အိမ်နီးနားချင်း သူငယ်ချင်း တွေပါ။ ၂၀၂၃  ဩဂုတ်လ ပထမပတ်မှာ ကျော်မြတ်ဦး (ခ) သားသားက နေ   ဖုန်းဆက်သွယ်လာပါတယ်။   မူးယစ်ဆေးဝါးတွေရောက်တော့ မယ်ဆိုပြီးတော့ ပြောပါတယ်။ AA အဖွဲ့မှ သူ့တပည့် ဒုဗိုလ် နောနော် ဖုန်းနံပါတ် ပေးပါတယ်။ သူဆက်သွယ်လာလိမ့်မယ်လို့လည်း ပြောပါ တယ်။ နောနော် ဖုန်းဆက်ပြီးတော့ ကျွန်တော်နဲ့ အချိတ်အဆက်ရပါ တယ်။ ကားသမားတွေ  ဖုန်းဆက်လာပါတယ်။   အဲဒီမှာ   ကျွန်တော့် ကားသမားတွေနဲ့ AA အဖွဲ့က ဒုဗိုလ် နောနော်နဲ့ ချိတ်ဆက်ပေးလိုက် ပါတယ်။  ဒုဗိုလ် နောနော်က မူးယစ်ဆေးဝါးတွေ သွားယူပါတယ်။ ဂိုဒေါင်ကိုရောက်တဲ့အချိန်မှာ သူ ကျွန်တော့်ကို ဖုန်းဆက်လာပါတယ်။ အိုက်စ် မူးယစ်ဆေးဝါး ၂၅ အိတ် ဂိုဒေါင်ထဲရောက်ပြီဆိုပြီး ပြောပါတယ်။ ကျော်မြတ်ဦး (ခ) သားသား မှာထားတဲ့အတိုင်း အိုက်စ်မူးယစ်ဆေးဝါး ၁ ကီလိုထုပ်တွေကို ဂျပ်ဖာကနေပြီးတော့ သေချာထုပ်ပိုးဖို့ AA အဖွဲ့မှ ဒုဗိုလ် နောနော်ကို ကျွန်တော် ပြန်ပြောပြလိုက်ပါတယ်။ နောက် ဒုတိယ အကြိမ်အဖြစ်  ၂၀၂၃   ဩဂုတ်လ  တတိယအပတ်မှာ သားသား (ခ) ကျော်မြတ်ဦးက    မူးယစ်ဆေးဝါးတွေ   ထပ်ရောက်ဖို့   ဆိုပြီးတော့ ဖုန်းဆက်လာပါတယ်။ ဒုဗိုလ်နောနော်ကနေပြီးတော့ အဲကားသမားနဲ့ ဖုန်းဆက်ပြီးတော့ ပစ္စည်းသွားယူပါတယ်။ ဂိုဒေါင်ရောက်တဲ့အချိန်မှာ ကျွန်တော့်ကို ဖုန်းပြန်ဆက်ပါတယ်။ အိုက်စ် မူးယစ်ဆေးဝါး ၁၆ အိတ် လက်ခံရရှိတယ်ဆိုပြီးတော့ ပြောပါတယ်။ ဩဂုတ်လ စတုတ္ထအပတ်မှာ ကျော်မြတ်ဦး (ခ) သားသားက ကျွန်တော့်ကို  ဖုန်းဆက်သွယ်လာပါ တယ်။ ဂိုဒေါင်က ပစ္စည်းတွေကို  တနင်္သာရီသင်္ဘောပေါ်ကို   ချပေးဖို့ ပြောပါတယ်။  ကျွန်တော်က   ဒုဗိုလ်နောနော်ကို  ဖုန်းဆက်ပြီးတော့ ဂိုဒေါင်ထဲက  ပစ္စည်းတွေကို   ရွှေပြည်သာရှိ  မုတ္တမဆိပ်ကမ်းကို   ချဖို့ အတွက် ကျွန်တော်ပြောပါတယ်။ ကားငှားပြီး ချပေးလိုက်လို့ ပြောပါ တယ်။ သူချပေးပြီးတဲ့ အချိန်ကျတော့ ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။ ပစ္စည်းတွေချပေးပြီးပြီဆိုပြီးတော့။ အဲဒီအချိန်မှ AA ကနေ ဗိုလ်မှူးကြီး အဆင့်ရှိတဲ့  ကျော်မြတ်ဦး (ခ) သားသားက လူကြုံနဲ့ ကျွန်တော့်ကို ပိုက်ဆံ သိန်း ၁၀၀ ပေးခိုင်းပါတယ်။ ဒီဩဂုတ်လအတွက် လုပ်ဆောင် ချက်ဆိုပြီးတော့ ပြောပါတယ်။ ၂၀၂၃  နိုဝင်ဘာလ ပထမအပတ်မှာ သားသား(ခ)ကျော်မြတ်ဦးက ကျွန်တော့်ကိုထပ်ပြီး ဆက်သွယ်လာပါ တယ်။   မူးယစ်ဆေးဝါးတွေ   ထပ်ရောက်မယ်ဆိုပြီး   ပြောပါတယ်။ ကားသမားဖုန်းနံပါတ်လည်းပေးပါတယ်။   အဲဒီအချိန်မှာ  ကားသမား ဖုန်းနံပါတ်နဲ့  ကျွန်တော့်ကားသမားနဲ့ အဆက်အသွယ်ရပါတယ်။ ၉ မိုင် Ocean နားမှာ ပစ္စည်းပေးဖို့ ပြောပါတယ်။ ကျွန်တော် AA အဖွဲ့က ဒုဗိုလ် နောနော်ကို ဖုန်းဆက်ပြီးတော့ ၉ မိုင်Ocean နားကို ခေါ်လိုက်ပါ တယ်။ ဟိုတယ်ကိုတော့ မမှတ်မိပါဘူး။ မြေအောက် ကားပါကင်မှာ နေပြီးတော့ ကားရှိတယ်ဆိုပြီး ပြောပါတယ်။ လူတော့ မတွေ့ရပါဘူး။ နောနော်ကို ကျွန်တော်အဲဒီမှာ ကား Super Custom ကားတစ်စီးသွားယူ လိုက်ဆိုပြီးတော့   နောနော်ကားကို   ယူသွားပါတယ်။ အိုက်စ်မူးယစ် ဆေးဝါး ပီနံအိတ် ၅၇ အိတ် ရရှိတယ်ဆိုပြီး ပြောပါတယ်။  နိုဝင်ဘာလ ဒုတိယအပတ်မှာ AA အဖွဲ့မှ ဒုဗိုလ် နောနော်ကနေပြီးတော့ ဖုန်းဆက် ပြီးတော့ ပီနံအိတ် ၄၀ လက်ခံရရှိကြောင်းကို ကျွန်တော့်ကိုပြောပါတယ်။ နောက် တစ်ရက် နှစ်ရက်နေတော့ နောနော်ကနေပြီးတော့ ရွှေပြည်သာ စက်မှုဇုန်ကော်မတီကနေပြီးတော့   ဂိုဒေါင်တွေကိုဝင်ပြီး   စစ်ဆေး ရေးလုပ်မယ်ဆိုပြီး ဖုန်းဆက်ပါတယ်။ ကျွန်တော်ကနေ သားသားကို ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်။ နောနော် ကတော့ ဂိုဒေါင်ထဲမှာ ဘိလပ်မြေတွေ ထည့်ထားချင်တဲ့အကြောင်း၊ ပစ္စည်းတွေကို ကားပေါ်မှာ တင်ထားပြီး   ရွှေ့ထားချင်တဲ့အကြောင်း  ပြောပါတယ်။ သားသားကို ပြောလိုက်တဲ့အခါကျတော့ သားသားက ကားဝယ်လိုက်လို့ပြောပါတယ်။ ဘိလပ်မြေလည်း ဝယ်ပေးလိုက်လို့ပြောပါတယ်။ ကျွန်တော်က ကားရှာ ပြီး Canter အမျိုးအစား Box ကား အမျိုးအစားတစ်စီး ရှာလိုက်ပါတယ်။ သိန်း ၃၂၀ ကျပါတယ်။ ဘိလပ်မြေက ၄၉ သိန်းကျပါတယ်။ အဲဒီပိုက်ဆံ တွေကိုတော့ သားသား  ဖုန်းအဆက်အသွယ်နဲ့   ဆက်သွယ်ပေးပြီး အင်းစိန်ဈေးနားမှာ ငွေသားလာပေးပါတယ်။ အခုဝယ်ထားတဲ့ Canter အမျိုးအစား Box ကားပေါ်ကို  အဲဒီမူးယစ်ဆေးဝါးတွေ၊ ဂျပ်ဖာတွေ ရောက်နေတဲ့ပစ္စည်းတွေကို   တင်လိုက်ပါတယ်။   တင်ခိုင်းပြီးတော့  လမ်းမတော်ဘက်ကို   မောင်းခိုင်းပါတယ်။  လမ်းမတော်မှာ ခုနစ်ရက်၊ လမ်းမတော်ကနေ အခြားပန်းဘဲတန်းဘက်မှာ ခုနစ်ရက်နဲ့ အဲလိုရွှေ့ပြီး ကားက ကလပ်မကောင်းတော့  တောင်ဥက္ကလာရဲ့  မေတ္တာလမ်းက ဝပ်ရှော့တစ်ခုမှာ ကလပ်သွားပြင်ပါတယ်။ အဲဒီမှာပဲ ဖမ်းမိသွားပါတယ်။ ဒါပေမယ့် နောနော်ရဲ့   ပြောကြားချက်အရတော့   အဲဒီလထဲမှာ  သူ သုံးကြိမ် လက်ခံထားတာ ပီနံအိတ် ၃၈အိတ် လက်ခံရရှိတယ်လို့ ပြောပါ တယ်။ နိုဝင်ဘာလ ဒုတိယပတ်မှာ AA အဖွဲ့က ဗိုလ်မှူးကြီး အဆင့်ရှိတဲ့ သားသား (ခ) ကျော်မြတ်ဦးက ကျွန်တော့်ကို ဖုန်းဆက်သွယ်လာပါတယ်။ AA အဖွဲ့မှ ဒုဗိုလ်   နောနော်တို့နဲ့  ဆက်သွယ်ပြီး  နောနော်တို့နဲ့အတူ လက်တွဲလုပ်ဖို့အတွက်ကို စိုးထွန်းကို လွှတ်လိုက်မယ်ဆိုပြီး  ပြောပါ တယ်။  စိုးထွန်းကို   အိမ်တစ်လုံးငှားပေးဖို့  ကျွန်တော်နဲ့  စိုးထွန်းနဲ့ မြောက်ဒဂုံမှာ သွားရှာပြီး ၃၄ ရပ်ကွက်မှာ  စိုးထွန်းကြိုက်တဲ့ အိမ်ကို တွေ့ပါတယ်။ တွေ့တဲ့အခါကျတော့ အဲဒီမှာ တစ်လကို ခြောက်သိန်းခွဲနဲ့ တစ်နှစ်  စာချုပ်ချုပ်ဖို့အတွက်   သားသားဆီကနေ  ပိုက်ဆံလူကြုံနဲ့ လာပေးပါတယ်။ ၂၀၂၂  ဖေဖော်ဝါရီလမှာ သားသား(ခ)ကျော်မြတ်ဦးက ကျွန်တော့်ကို    ဖုန်းဆက်သွယ်လာပါတယ်။   မူးယစ်ဆေးဝါးတွေ ရေကြောင်းက သယ်မယ့်အကြောင်း ပြောပါတယ်။ အဲဒီအချိန်မှာ သူက သင်္ဘောလိုတယ်ဆို သင်္ဘောဝယ်လိုက်လို့ ပြောပါတယ်။ လူကိုလည်း လွှတ်ပေးမယ်လို့  ပြောပါတယ်။ တနင်္သာရီအမည်ရှိ သင်္ဘော တစ်စင်း အဆက်အသွယ်ရပါတယ်။  စက်လှေကတော့  သိန်း ၈၀၀ တောင်းပါ တယ်။ သူ လူကြုံနဲ့၊ သူ့အဆက်အသွယ်နဲ့ ကျွန်တော့်ကို ပိုက်ဆံ သိန်း ၈၀၀ လာပေးပါတယ်။ ၂၀၂၃ ဩဂုတ်လထဲမှာပဲ  ဒီတနင်္သာရီအမည်ရှိ သင်္ဘောနဲ့ ပထမဦးဆုံးအကြိမ် မူးယစ်ဆေးဝါး တစ်ကြိမ်ပို့ပြီး သွားပါပြီ။ 


AA  တပ်ဖွဲ့ဝင်တွေ၊ မူးယစ်ဆေးဝါးထားမယ့် ဂိုဒေါင်တွေ၊ ရွှေ့ပြောင်းမယ့် Box   ကားတွေ၊   AA တပ်ဖွဲ့ဝင်တွေနေမယ့်အိမ်တွေ၊     သင်္ဘောတွေ ဝယ်မယ့်   ပိုက်ဆံကိုရော၊  ကျွန်တော့်အတွက်   အကျိုးဆောင်ခ  သိန်း ၁၀၀ ကိုရော  AA စီးပွားရေးတာဝန်ခံ ကျော်မြတ်ဦး  (ခ)  သားသားက ပေးပါတယ်။ ဒီ AA ရဲ့ မူးယစ်ဆေးဝါးရောင်းလို့ရတဲ့ ပိုက်ဆံတွေကိုတော့ သူတို့အဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေ၊ လူတွေစုဆောင်းတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။  AA အဖွဲ့နဲ့ပူးပေါင်းပြီး  သယ်ဆောင်တဲ့ကိစ္စတစ်ခု မှာ    တိုင်းပြည်နဲ့   လူငယ်တွေအတွက်   ကျွန်တော်များစွာ  နောင်တရမိ ပါတယ်။ 
AA အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိ  ကျော်မြတ်ဦး (ခ) 
သားသား  (ခ)  ဝေသာထွန်း၏   တိုက်ရိုက်စေခိုင်းမှုဖြင့်  ရန်ကုန်မြို့သို့  
ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများကို  သွားရောက်ယူဆောင်မှုများနှင့်
ရခိုင်ပြည်နယ်သို့ ဆက်လက်ပို့ဆောင်နိုင်ရေးတို့ကို ကိုယ်တိုင်ဆောင်ရွက် ခဲ့သည့်  AA  အဖွဲ့မှ  ဒုတိယဗိုလ်အဆင့်ရှိ  ကျော်စိုး (ခ) နေလင်းထွန်း 
(ခ) နောနော် ၏ ဝန်ခံထွက်ဆိုမှု 
ကျွန်တော် AA တပ်ဖွဲ့ဝင် ဒုဗိုလ်အဆင့် ကျော်စိုး (ခ) နေလင်းထွန်း (ခ) နောနော် ဖြစ်ပါတယ်။  ကိုယ်ပိုင်အမှတ်၊ ၀၁၀၄ ဖြစ်ပါတယ်။  AA အဖွဲ့ကို ရောက်ခဲ့ကတည်းက  ၂၀၁၀ ပြည့်နှစ်မှာ စစ်ပညာသင်တန်း ၄၅ ရက်တက်ခဲ့ပါတယ်။  ပြီးတော့ တာဝန်တွေက တပ်စိတ်ထဲမှာ  ရဲဘော် ဘဝနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော် စိန်ယုဘုံတောင်မှာ   စစ်ဆင်ရေးတာဝန်ထမ်းဆောင်ဖို့    လိုက်သွားခဲ့ပါတယ်။  ၂၀၂၂ ခုနှစ် အထိ AA တပ်စခန်းမှာ စိုက်ပျိုးမွေးမြူရေးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ AA  တပ်ဖွဲ့ဝင်   စီးပွားရေးတာဝန်ခံ   ဗိုလ်မှူးကြီး  သားသား (ခ) ကျော်မြတ်ဦး (ခ) ဝေသာထွန်းက  ကျွန်တော့်ကို  ရန်ကုန်မှာ   မူးယစ် ဆေးဝါးလုပ်ဖို့အတွက်    လွှတ်လိုက်ပါတယ်။  AA တပ်ဖွဲ့ ဗိုလ်မှူးကြီး သားသား (ခ) ကျော်မြတ်ဦး   (ခ) ဝေသာထွန်းက  ကျွန်တော့်ကို ရွှေပြည်သာမှာ ဂိုဒေါင်တစ်လုံးကို  ငှားပြီးတော့ မူးယစ်ဆေးဝါးလုပ်ရ မယ်လို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ရွှေပြည်သာမှာ ဂိုဒေါင်ကို  တစ်လ ၂၅ သိန်းနဲ့ ငှားပြီးတော့ ဂိုဒေါင်မှာ မူးယစ်ဆေးဝါးတွေ ကို သိုလှောင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေကို ဂိုဒေါင်ထဲမှာ လှောင်ပြီးတော့ ကျွန်တော်တို့က  ရွှေပြည်သာမြို့နယ်   မုတ္တမဆိပ်ကမ်းကို  သင်္ဘော ရောက်တာနဲ့  ဂိုဒေါင်ထဲက  မူးယစ်ဆေးဝါးတွေကို သင်္ဘောထဲမှာ ချခဲ့ပါ တယ်။  AA စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီး  သားသား (ခ) ကျော်မြတ်ဦး (ခ)ဝေသာထွန်း က သန်းဝင်း (ခ) ရန်နိုင်ကတစ်ဆင့်  မူးယစ်ဆေးဝါးတွေ ကို လက်ခံရမယ်လို့ ပြောပါတယ်။   ၈ လပိုင်း ၅ ရက်နေ့ ဒညင်းကုန်းလမ်းဆုံ မှာ ၁ ကီလိုပါ အိုက်စ်  မူးယစ်ဆေးဝါး ၆၂၀ တစ်ကြိမ်၊ ဩဂုတ်လ ၁၅ ရက်မှာ  ဒညင်းကုန်းလမ်းဆုံမှာ အိုက်စ်မူးယစ်ဆေးဝါး အထုပ် ၁ ကီလို ပါ အထုပ် ၄၀၀ တစ်ကြိမ်၊ နိုဝင်ဘာ ၇ ရက်နေ့ AA စီးပွားရေး တာဝန်ခံ ဗိုလ်မှူးကြီး  သားသား (ခ) ကျော်မြတ်ဦး (ခ)  ဝေသာထွန်း က ဖုန်းဆက် ခဲ့ပြီးတော့ ၉ မိုင် Ocean ဟိုတယ် ကားပါကင်ထားတဲ့နေရာမှာ ကျွန်တော် မူးယစ်ဆေးဝါး ၁ ကီလိုပါ အထုပ် ၁၄၀ တစ်ကြိမ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ ဒညင်းကုန်းလမ်းဆုံ ဈေးနားမှာ  မူးယစ်ဆေးဝါး ပီနံအိတ် ၄၀ တစ်ကြိမ်၊ နိုဝင်ဘာ ၂၃ ရက်နေ့  ဒညင်းကုန်းလမ်းဆုံမှာ ၁ ကီလိုပါ အိုက်စ်မူးယစ် ဆေးဝါး ၁၇၅ ထုပ် ၁ ကြိမ်၊ နိုဝင်ဘာ ၂၄ ရက်မှာ   ဒညင်းကုန်းလမ်းဆုံ မှာ ၁ ကီလိုပါ အိုက်စ်  မူးယစ်ဆေးဝါး  အထုပ် ၉၀ တစ်ကြိမ်၊ နိုဝင်ဘာ ၂၅ ရက်နေ့  ဒညင်းကုန်းလမ်းဆုံမှာပဲ ၁ ကီလိုပါ  အိုက်စ်မူးယစ်ဆေးဝါး  အထုပ်  ၆၀၀ တစ်ကြိမ်၊ စုစုပေါင်း ခုနစ်ကြိမ် ၁ ကီလိုပါ မူးယစ်ဆေးဝါး အိုက်စ် ၃၀၂၅ ထုပ်နဲ့ မူးယစ်ဆေးဝါး ပီနံအိတ် ၄၀ ကို သွားယူပြီးတော့ ဂိုဒေါင်ထဲမှာ သိုလှောင်ခဲ့ပါတယ်။ ဂိုဒေါင်ထဲမှာ ရောက်ရှိလာတဲ့ မူးယစ် ဆေးဝါးတွေကို ဗိုလ်မှူးကြီး သားသား (ခ) ကျော်မြတ်ဦး(ခ)ဝေသာထွန်း ခိုင်းတဲ့အတိုင်း   မူးယစ်ဆေးဝါးအထုပ်ကို   ဂျပ်ဖာထဲထည့်ပြီးတော့ ဂိုဒေါင်ထဲမှာ သိုလှောင်ခဲ့ပါတယ်။ ဂိုဒေါင်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဗိုလ်မှူးကြီး   သားသား (ခ)  ကျော်မြတ်ဦး  (ခ) ဝေသာထွန်းက ဖုန်းဆက်လာပြီးတော့  ကျွန်တော့်ကို ရွှေပြည်သာ  မုတ္တမဆိပ်ကမ်းကို မူးယစ်ဆေးဝါး ၅၁ ဖာကို ပို့ပေးရမယ်လို့ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော် အဲဒီ မူးယစ်ဆေးဝါး ၅၁ ဖာ ပို့ပေးဖို့အတွက် Hijet ကားတစ်စီးငှားခဲ့ ပါတယ်။ ကားတစ်စီးငှားပြီးတော့ မူးယစ်ဆေးဝါး ၅၁ ဖာကို ကျွန်တော် ကားပေါ်တင်ပြီးတော့ တနင်္သာရီသင်္ဘောပေါ်ကို   မုတ္တမဆိပ်ကမ်းမှာ ပို့ပေးခဲ့ပါတယ်။  အဲဒီမှာ  ကျွန်တော်    တနင်္သာရီသင်္ဘောပေါ်မှာရှိတဲ့ စိုးပိုင်(ခ)စိုးစိုး ကို ပြောပြီးတော့  တနင်္သာရီသင်္ဘောထဲမှာ မူးယစ်ဆေးဝါး ၅၁ ဖာကို  ချပေးခဲ့ပါတယ်။   ဗိုလ်မှူးကြီး သားသား(ခ) ဝေသာထွန်း က   ကျွန်တော်တို့ကို   ရန်ကုန်မှာ   မူးယစ်ဆေးဝါးလုပ်ဖို့အတွက် တိုက်ရိုက်ခိုင်းခဲ့ပါတယ်။ မူးယစ်ဆေးဝါးလုပ်တဲ့အချိန်မှာ  ကျွန်တော် တို့ကို တစ်လသုံးသိန်းပေးပါတယ်။ အရင်တုန်းက ကျွန်တော်တို့ လစာ မရခဲ့ပါဘူး။    ဒီမူးယစ်ဆေးဝါးလုပ်တဲ့အချိန်မှာပဲ   ကျွန်တော်တို့ကို တစ်လသုံးသိန်းပေးပါတယ်။ ကျွန်တော်တို့ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါး လုပ်နေတာကို  ဗိုလ်ချုပ် ထွန်းမြတ်နိုင်လည်း သိပါတယ်။ သူခိုင်းလို့ လုပ်ရတာပါ။ ကျွန်တော်တို့ AA တပ်ဖွဲ့ဝင်တွေအနေနဲ့  တခြားနိုင်ငံ ဒေသတွေကိုလည်း   မူးယစ်ဆေးဝါးပို့ဆောင်တာလည်းရှိပါတယ်။ ကျွန်တော်တို့ကို မဖမ်းမိခင်တုန်းက မလေးရှားနိုင်ငံကိုပို့မယ့်  မူးယစ် ဆေးဝါးတွေ သွားတုန်းမှာ  ဖမ်းမိတဲ့သတင်းကိုလည်း  ကျွန်တော်တို့ ကြားပါတယ်။ ရေကြောင်းကပို့တာ မိတာပါ။ ကျွန်တော်တို့ AA အဖွဲ့က လုပ်ဆောင်တာပါ။ ကျွန်တော်တို့ AA တပ်ဖွဲ့ဝင်အနေနဲ့  မူးယစ်ဆေးဝါး ရောင်းရတဲ့ပိုက်ဆံတွေကို  ကျွန်တော်တို့သုံးစွဲနေရတာ  ကျွန်တော်တို့ စိတ်မလုံပါဘူး။   ပထမတစ်ကြိမ်  ရေကြောင်းကပို့လိုက်တဲ့   မူးယစ် ဆေးဝါးတွေကို   စစ်တွေကို    ပို့လိုက်ရတဲ့အတွက်   ကျွန်တော့်အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ နောင်တလည်းရမိပါတယ်။ 
ရန်ကုန်မြို့မှ စစ်တွေမြို့သို့ မူးယစ်ဆေးဝါးများကို ရေလမ်းမှ 
သယ်ဆောင်ပေးခဲ့ကြသည့် ပဲ့ထိန်း စိုးပိုင်(ခ)စိုးစိုး ၏ ဝန်ခံထွက်ဆိုမှု 
၂၀၂၂ ၊   ၄ လပိုင်းလောက်မှာမှ စပြီးတော့  ကိုသားကြီးကနေပြီးတော့ ကျွန်တော့်ကို   ရန်ကုန်မှာအလုပ်လုပ်ဖို့ဆိုပြီး  သင်္ဘောမောင်းဖို့ဆိုပြီး ကျွန်တော့်ကို ဆက်သွယ်လာပြီးတော့  ကျွန်တော် ရန်ကုန်ကို ၅ လ ပိုင်းထဲမှာရောက်လာပါတယ်။  ၅ လပိုင်းမှာရောက်တာနဲ့ ကျွန်တော်နဲ့ ကိုကျော်ဟန်ဆိုတဲ့တစ်ယောက်ကို   ကျွန်တော်နဲ့ဆက်သွယ်ပေးပြီးတော့ ကျွန်တော်တို့ သင်္ဘောဆီကိုစပြီးတော့သွားပါတယ်။ သင်္ဘောကိုရောက် တဲ့အချိန်မှာ  သင်္ဘောမှာအစောင့် သုံးယောက်ရှိပါတယ်။ ကျွန်တော်တို့ ရောက်တာနဲ့  သူတို့ကပြန်သွားပါတယ်။  နောက်ရက်တွေမှာကျတော့ ကိုကျော်ဟန်ရယ်၊  ကိုသားကြီးရယ်  သူတို့ရဲ့အဆက်အသွယ်တွေနဲ့ နောက်သင်္ဘောသားတွေကို ဆက်သွယ်ပြီးတော့ သင်္ဘောပေါ်ရောက်လာ ပါတယ်။  သူတို့ရဲ့ အဆက်အသွယ်နဲ့  ကျွန်တော့်လစာက တစ်လကို ငါးသိန်းဖြစ်ပါတယ်။  ကြားထဲမှာ အသုံးလိုလို့ရှိရင် ကြိုတင်ငွေအဖြစ် သုံးသိန်းလိုလို၊ ငါးသိန်းလိုလို လိုအပ်ရင်  ထုတ်ပေးတာတွေရှိပါတယ်။ တနင်္သာရီ (၁) သင်္ဘောနဲ့  ကျွန်တော် ရန်ကုန်နဲ့စစ်တွေခရီးစဉ် စုစုပေါင်း ခုနစ်ခေါက်သွားပြီးပါပြီ။  ၆ ကြိမ်အထိ ဘိလပ်မြေအိတ် ၅၀၀၀ တင်ပြီး တော့ ရန်ကုန် - စစ်တွေသွားခဲ့ပါတယ်။ ခုနစ်ခေါက်မြောက်သွားတဲ့အခါမှာ တော့ ရွှေပြည်သာဆိပ်ကမ်းကနေပြီးတော့ ဆန်အိတ် ၄၆၀ တင်ပါတယ်။ ပြီးရင်  ရွှေပြည်သာဆိပ်ကမ်းရဲ့အနီး  မိဘမေတ္တာဆိပ်ကမ်းကနေပြီးတော့ နောက်ထပ် ဘိလပ်မြေတွေတင်ပါတယ်။ ဘိလပ်မြေတွေတင်ပြီးတော့ ဂျပ်ဖာ ၅၁ ဖာကိုပါ  အဲဒီဆိပ်ကမ်းကနေပဲ  တင်လာပါတယ်။  ဂျပ်ဖာ တင်မယ့် အချိန်မှာတော့  ကိုသားကြီးက   ကျွန်တော့်ကို   ဆက်သွယ် ပြီးတော့ ဒီဂျပ်ဖာလေးတွေက  နည်းနည်းအရေးကြီးတယ်။ ဒီဂျပ်ဖာ လေးတွေ နည်းနည်းဂရုစိုက်ပါ။  ဂျပ်ဖာလေးတွေ လာပို့မယ့်တစ်ယောက် ကို  ကျွန်တော့်ဖုန်းနံပါတ်ပေးထားတယ်။   သူဆက်သွယ်လာလိမ့်မယ် ဆိုပြီး ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော်နောက်မှသိရတဲ့ နောနော် ဆိုတဲ့တစ်ယောက်   ကျွန်တော့်ကို ဆက်သွယ်လာပြီးတော့ ဂျပ်ဖာ ၅၁ ဖာကို Hijet နဲ့ ပို့ပေးသွားပါတယ်။ ဒီခရီးစဉ်ပြီးလို့ရှိရင် ကိုသားကြီးက တော့ ကျွန်တော့်ကို ပိုက်ဆံသိန်း ၅၀ ပေးမယ်လို့တော့  ပြောပါတယ်။ ရန်ကုန်ကနေ စစ်တွေကိုသွားလို့ရှိရင် ကျွန်တော်က ရန်ကုန်မြစ်ထဲကနေ ဆိပ်ကြီးခနောင်တိုချောင်းထဲမှာ စပြီးကျောက်ချနေပြီးတော့ ရေအတက် လေးနဲ့    ဆိပ်ကြီးခနောင်တိုကနေ    တွံတေးတူးမြောင်းကိုဖြတ်ပါတယ်။ တွံတေးတူးမြောင်းကနေ     မအူပင် - ဝါးခယ်မ - မြောင်းမြ - ငပုတော အောက်နားလေးကဖြတ်ပြီးတော့    ဟိုင်းကြီး၊  ပြီးရင် မော်တင်စွန်း အပြင်ဘက်ကနေပြီးတော့   ငရုပ်ကောင်းအပြင်၊   ချောင်းသာအပြင်၊ ဂွအပြင် ကမ်းရိုးတန်းတစ်လျှောက်သွားပြီးမှ   စစ်တွေကိုတစ်လျှောက် မောင်းသွားပါတယ်။   ကျွန်တော်    ဟိုးအရင်ငယ်ငယ်ကတည်းကလည်း ၂၀၀၃ လောက်ကစပြီး  တောင်ကုတ်မှာ သင်္ဘောတွေကို ရိုးရိုးသားသား အေးအေးဆေးဆေးနဲ့ပဲ မောင်းပြီး နေလာခဲ့တာပါ။ အလုပ်တွေရှားလာတဲ့ အချိန်ကျမှ  ကိုသားကြီးရဲ့ အဆက်အသွယ်နဲ့ ဒီကိုရောက်လာပြီးတော့ ဒီလို အေးအေးဆေးဆေးလေး   တရားဝင်ပစ္စည်းလေးတွေသယ်ပြီးတော့ သွားရမယ်ဆိုပြီးတော့ ကျွန်တော်ရောက်လာပြီးလုပ်ဖြစ်ခဲ့တာပါ။ ဒီလိုမျိုး တရားမဝင်ပစ္စည်းတွေ   တင်ပြီးသွားမယ်ဆိုရင်   တကယ်  ကျွန်တော် လုပ်ဖြစ်ခဲ့မှာမဟုတ်ပါဘူး။  အခုမှ ဒီလိုမျိုး   AA တပ်ဖွဲ့ဝင်တွေလည်း ပါတယ်။  တရားမဝင်ပစ္စည်းတွေလည်းပါတယ်ဆိုတာကို အခုမှသိရတဲ့ အခါကျတော့   ကျွန်တော်တကယ်     စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော့်မှာ သားလေးနှစ်ယောက်ရှိပါတယ်။ ဘဝရပ်တည်ရေးအတွက် သူတို့ ရှေ့ရေးအတွက် ကျွန်တော်တွေးပြီး တော်တော်ကြီး စိတ်မကောင်း ဖြစ်ရပါတယ်။ တရားဝင်ဘိလပ်မြေလေးတွေတင်ပြီးတော့ တရားဝင် အေးအေးဆေးဆေးသွားမယ်ဆိုပြီးပြောထားပြီးမှ    နောက်ဆုံး    ဒီလို မူးယစ်ဆေးဝါးတွေပါမယ်ဆိုတာလည်း   ဘာမှမသိရဘဲနဲ့    ဒီလိုမျိုး ဖြစ်လာပြီးမှ သိရတဲ့အခါကျတော့  လူတစ်ယောက်ကို သက်သက်အသုံးချ သွားတာလို့ပဲ ပြောရမှာပေါ့။ ကျွန်တော့်ရဲ့ လုပ်တာ၊ ကိုင်တာလေးတွေကို သက်သက်အသုံးချသွားတယ်လို့ပဲ ပြောရမှာပေါ့။ ဒီလိုမျိုးပစ္စည်းတွေကို မသိဘဲနဲ့ ကျွန်တော်ပို့ပေးခဲ့မိတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ရခိုင်ကလူငယ်တွေနဲ့ မိဘတွေကိုလည်း ကျွန်တော် အများကြီးတောင်းပန် ပါတယ်။  ဒီလိုမျိုး  ပစ္စည်းမျိုးတွေကို မသုံးမိဖို့အတွက် ပြောချင်ပါတယ်။ စစ်တွေကနေပြီးတော့   ဒီပစ္စည်းတွေကို  ကျွန်တော်ထင်တာကတော့ နယ်စပ်ကနေတစ်ဆင့်    တစ်ဖက်နိုင်ငံတွေကို    ပို့မယ်လို့ထင်ပါတယ်။ နယ်စပ်ဘက်တွေမှာလည်း   မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ သတင်းမျိုး တွေကြားဖူးပါတယ်။ AA အနေနဲ့လည်း မူးယစ်ဆေးဝါးကရတဲ့ငွေတွေနဲ့ ရခိုင်လူငယ်တွေကို လက်နက်ခဲယမ်းတွေအတွက် အသုံးမပြုသင့်ဘူးလို့ တော့ ထင်ပါတယ်။


ရန်ကုန်မြို့မှ စစ်တွေမြို့သို့ မူးယစ်ဆေးဝါးများကို ရေလမ်းမှ 
သယ်ဆောင်ပေးခဲ့ကြသည့် AA အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိ 
ကျော်ဟန်(ခ) ဆံရှည်၏ ဝန်ခံထွက်ဆိုမှု 
ကျွန်တော်  AA တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။  AA 0287 တပ်ကြပ်ကြီး    ကျော်ဟန် ဖြစ်ပါတယ်။    ကျွန်တော်   ၂၀၁၆   ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ  ကျွန်တော်ကို AA တပ်ဖွဲ့ဝင်တစ်ယောက်က လာခေါ်တယ်။  ပြီးတော့  ကျောက်တော်မြို့နယ်မှာ   ကျွန်တော့်ကို သင်တန်းတက်ခိုင်းတယ်။ ၅ လပိုင်းကျော်ကျော်လောက်မှာ ပြီးတယ်။ သင်တန်းပြီးတော့ ကိုယ်ပိုင်နံပါတ်ပေးတယ်။ မီးဝါးစခန်းမှာ ထားတယ်။ အဲဒီစခန်းမှာ စိုက်ခင်းတွေလုပ်ရတယ်။ ၂၀၁၆ ခုနှစ် မေလပေါ့ ၅ လပိုင်း လောက်မှာ ကျောက်တော်မြို့နယ် မီးဝါးစခန်းမှာနေပြီးတော့ ကျွန်တော် တို့ စခန်းတွေတည်ဆောက်ကြတယ်။ ပိတောက်နားမှာ တိုးချဲ့လာတော့ စခန်းတည်ဆောက်နေတဲ့အချိန်ပေါ့။  မြန်မာတပ်မတော်စစ်ကြောင်း ဝင်လာတော့ ထိပ်တိုက်စစ်ဖြစ်ကြတယ်။ စစ်ဖြစ်တဲ့အချိန်မှာ ကျွန်တော် တို့ဘက်က တပ်သား ရဲဘော်နှစ်ဦးလောက်ကျဆုံးသွားတယ်။ အဲဒီထဲ ကနေ ကျွန်တော်တို့  ဘာမှန်းမသိလို့ ထွက်ပြေးလာတယ်။ ကျွန်တော် အဲဒီက ထွက်ပြေးလာတော့  ကိုယ့်ဆီကိုရောက်သွားတယ်။ မြောက်ဦး မြို့နယ်ပေါ့ အဲဒီမှာနေတယ်။ သူများဆီမှာ အငှားလုပ်တယ်။ ကိုယ့်မှာ ဘာမှအလုပ်အကိုင်မရှိလို့၊ သူများဆီမှာနေရင်းနဲ့ ပေါက်တောမြို့နယ် ဘက်ပြောင်းလာခဲ့တာ၊ အဲဒီမှာတိမ်းရှောင်နေတာပေါ့။ အဲဒီမှာတော့ ကျွန်တော် သဲအုတ်တွေ၊ ကျောက်အုတ်တွေ လိုက်စီတယ်။ ၂၀၂၁ မှာ ကျွန်တော်ကိုအောင်ဆန်းဦးဆိုတဲ့လူက အဆက်အသွယ်လုပ်ပြီးတော့ အလုပ်လုပ်ချင်လားလို့မေးတော့ လုပ်မယ်လို့။ သင်္ဘောစီးရမယ်၊ AA က ကုန်ပစ္စည်းပို့တဲ့ သင်္ဘောစီးရမယ်ဆိုပြီးတော့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်လည်း လုပ်မယ်ဆိုပြီး ကျွန်တော့်ကို ပိုက်ဆံနှစ်သိန်းပေးပြီး တော့ ရန်ကုန်ကိုလွှတ်တယ်။ ကျွန်တော် ရန်ကုန်ကိုရောက်လာတော့ ဆိပ်ကြီး-ခနောင်တိုဘက်ကို ပို့ပေးခဲ့တာပါ။ တနင်္သာရီ(၁) သင်္ဘောကို ပို့ပေးခဲ့တယ်။ အဲဒီမှာကျွန်တော်စပြီး အလုပ်လုပ်တာ။ ကျွန်တော်တို့ အဲဒီသင်္ဘောနဲ့ ကုန်ပို့တာတို့၊ ရန်ကုန်နဲ့စစ်တွေ  နောက်ဆုံးပို့တဲ့ထဲမှာ တော့ ဘိလပ်မြေ ၇၀၀၀၊ ဆန်အိတ် ၄၆၀ ပြီးတော့ မူးယစ်ဆေးဝါးဖာ ၅၁ ဖာပေါ့ အဲဒီကို ချတယ်။ ဒီကချတဲ့အခါတော့   ရွှေပြည်သာမုတ္တမ ဆိပ်ကမ်းပေါ့၊   အဲဒီဆိပ်ကမ်းကချတယ်။   အဲဒီမှာပဲချတာ၊   စစ်တွေ ရောက်တော့ ရေထဲမှာမော်တော်ဘုတ်တွေနဲ့၊ ပဲ့ထောင်တွေနဲ့ပဲ  AA အဖွဲ့တွေက လာယူသွားကြတယ်။ မူးယစ်ဆေးဝါးနဲ့   ကုန်ပစ္စည်းတွေ ကတော့ AA ရဲ့ ကုန်ပစ္စည်းတွေဖြစ်တယ်။ ၄ ညနဲ့ ၅ ရက်ပေါ့၊ စစ်တွေကို မောင်းတာ၊ အဲဒီလောက်ကြာတယ်။           
AA အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး (ခ) သားသား (ခ) ဝေသာထွန်းမှ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်မှုများ ပြုလုပ်ရန် တိုက်ရိုက်စေခိုင်းခဲ့သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါး များ ကိုယ်တိုင်ပို့ခဲ့သူ AA အဖွဲ့မှ ဒုတိယဗိုလ်အဆင့်ရှိ စိုးထွန်း၏ 
ဝန်ခံထွက်ဆိုမှု
ကျွန်တော်က အရင် AA အဖွဲ့ဝင်ဖြစ်ပါတယ်။ ရဲဘော်နံပါတ်က AA 0178 ဖြစ်ပါတယ်။ အရာရှိနံပါတ်က AC 0304 ဖြစ်ပါတယ်။ ဒုဗိုလ် အဆင့်ရှိစိုးထွန်း ဖြစ်ပါတယ်။ သင်တန်းတက်တာက ၂၀၁၂၊ ၈ လပိုင်း မှာ သင်တန်းစတက်ပြီး ၂၀၁၂၊ ၁၀ လပိုင်းမှာ သင်တန်းဆင်းပါတယ်။ ၂၀၁၅၊ ဇန်နဝါရီလမှာ တပ်ကြပ်အဆင့်ရာထူးတိုးခဲ့ပြီးတော့ AA ဌာနချုပ် ကို သားသား (ခ) ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်း  ခေါ်တွေ့ပြီး ကျွန်တော်တို့က   မန္တလေးမှာ   မူးယစ်ဆေးဝါးလုပ်ရမယ်လို့ပြောပြီး ကျွန်တော်တို့လည်း  လိုင်ဇာကနေ မန္တလေးကိုမူးယစ်ဆေးဝါးလုပ်ဖို့ လာခဲ့ပါတယ်။ ကျွန်တော်ရောက်လို့ တစ်ရက်၊ နှစ်ရက်နေပြီးတော့ AA အဖွဲ့က ကျော်မင်းဌေးဆိုတဲ့ တစ်ယောက်ရောက်လာတယ်။ အဲဒီမှာနေပြီး မှ နောက်တော့   ၃/၄/၅  လပိုင်းလောက်မှာ အဲဒီမှာ ၁၂ ဘီးကားတွေနဲ့ မူးယစ်ဆေးဝါးတွေရောက်လာပါတယ်။ ကျွန်တော်တို့က အဲဒီမှာပါလာ တဲ့ မူးယစ်ဆေးတွေကိုဖွင့်ပြီး ဓာတ်ပုံရိုက်ပြီးတော့  we  chat  က သားသား(ခ)  ဗိုလ်မှူးကြီး  ဝေသာထွန်းကို  ပြရတာပေါ့နော်။  ပြပြီးမှ ကျွန်တော်တို့က ဒီမှာ ထပ်စစ်ရတာပေါ့။ ကျွန်တော်တို့ဆီကို ရောက်လာ တော့ ၁၂ ဘီးကားတွေပေါ့နော်။ တစ်ခါတစ်ခါတော့ ဆီဘောက်ဆာကား တို့ (4 wheel )ကားတို့ အဲဒီလိုကားတွေနဲ့ လာကြတယ်။ ကျွန်တော်တို့က ၂၀၁၅/၂၀၁၆ လောက်မှာ တစ်လတစ်ကြိမ်၊ နှစ်လတစ်ကြိမ်လောက်ပေါ့ နော် အဲမှာအထုပ် ၂၀ လောက်  အရင်ရောက်တယ်ပေါ့။ အရင်ရောက်တော့ ကျွန်တော်တို့ အဲဒီဂိုဒေါင်မှာ  သိုလှောင်ထားတာပေါ့။  သားသား(ခ) ဗိုလ်မှူးကြီး ဝေသာထွန်း  စေခိုင်းချက်အရ   ရခိုင်က   မြောက်ဦးတို့၊ ကျောက်တော်တို့၊ စစ်တွေတို့ကို ကုန်တင်ကားတွေနဲ့ ပို့ရတာရှိပါတယ်။ ကျွန်တော်က ၂၀၁၉ မှာ ဒုဗိုလ်ရာထူးတိုးခံရပြီးတော့ ၂၀၂၀ လောက်မှာ ကျွန်တော် ရခိုင်မြောက်ပိုင်းကို သားသား(ခ) ဗိုလ်မှူးကြီး ဝေသာထွန်း စေခိုင်းချက်အရ သွားရတာပေါ့၊ မောင်တော မြောက်ဘက် ရောက်တော့ AA က နေရာချပေးပါတယ်။ နေရာချပြီးတော့ ကိုအောင်ကြီးတို့၊ ကိုနိုင် ရှည်တို့၊ ကိုပုတို့နဲ့ ပူးပေါင်းပြီးလုပ်ကိုင်ခဲ့ရတာပေါ့။ အဲဒီမှာ ကျွန်တော် တို့က ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဆိုင်ကယ်ကယ်ရီနဲ့ မူးယစ်ဆေးဝါးကို ပို့ရတာပေါ့။ အဲဒီလိုနဲ့ နယ်စပ်တွေကို ရောက်တာပေါ့။ ကျွန်တော်တို့က မင်္ဂလာလှေဆိပ်ကို ကျွန်တော် ပို့တာတော့  ငါးခါလောက်ပို့ခဲ့ပါတယ်။ တစ်ခါပို့ရင် အချောင်း ၂၀၊ ၃၀ လောက်ပေါ့၊  ကျွန်တော်တို့ စကားနဲ့ဆို ၁ ပုံး၊ ၂ ပုံး၊ ၃ ပုံးပေါ့နော်။ ၁၀ ချောင်းကို တစ်ပုံး လို့ခေါ်တယ်။ တစ်ခါပို့ရင် ၂၀ ပို့တာရှိတယ်၊ ၃၀ ပို့တာရှိတယ်။ ဟိုဘက်ကတော့ နယ်စပ်ရောက် သွားရင်တော့ ဘင်္ဂလားဒေ့ရှ်က ကုလားပွဲစားတွေ လာယူတာပေါ့နော်။ အဲဒီလိုတော့ ရှိခဲ့ပါတယ်။ အဲဒီရခိုင်မှာ မောင်တောမြောက်ပိုင်းမှာနေတုန်း က ဘင်္ဂလားဒေ့ရှ်ကို မူးယစ်ဆေးဝါးပို့တဲ့လုပ်ငန်း တစ်နှစ်လောက် လုပ်ခဲ့ပါတယ်။ တစ်နှစ်လောက်လုပ်ပြီးတော့ နိုဝင်ဘာလလောက်မှာ သားသား (ခ) ဗိုလ်မှူးကြီးဝေသာထွန်းက ကျွန်တော့်ကိုဖုန်းဆက်ပြီးတော့ ရန်ကုန်ကို မူးယစ်ဆေးဝါးလုပ်ရမယ်ဆိုပြီးတော့ ပြောလာပါတယ်။ ရန်ကုန်ရောက်တော့ ကနောင်မင်းသားကြီးလမ်း၊ ဇုန် ၁ က  ဒုဗိုလ် နောနော် တို့နေတဲ့ အဲဒီဂိုဒေါင်မှာ ဒုဗိုလ်ထွန်းလင်းရယ်၊ ဒုဗိုလ်  နောနော်ရယ်၊ ကျွန်တော်ရယ် သုံးယောက်နေခဲ့ပါတယ်။  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နေ့မှာ ဒုဗိုလ် နောနော်က အငှားယာဉ်နဲ့သွားပြီးတော့ မူးယစ်ဆေးဝါး အိုက်စ် ၁ကီလို ၂၀ ထုပ်ပါ ပီနံအိတ် သုံးအိတ်၊ ၁၅ ထုပ်ပါ တစ်အိတ်၊ ၇၅ ထုပ်ကို ဂိုဒေါင်ထဲရောက်တယ်။ အဲဒါကို ဂိုဒေါင်ထဲမှာထည့်ပြီးတော့ စက္ကူဖာတွေ နဲ့ တိပ်တွေနဲ့ပတ်ပြီး နောနော်ရယ်၊ ဗိုလ်ထွန်းလင်းရယ်၊ ကျွန်တော်ရယ် သုံးယောက်ပေါင်းပြီးတော့ ထုပ်ကြတာပေါ့။ ကျွန်တော့် ကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ နောနော်က ပုလဲလမ်းဆုံက လက်ဖက်ရည် ဆိုင် တစ်ဆိုင်မှာ ထားခဲ့တာပေါ့။  သူကတော့ မူးယစ်ဆေးဝါးကို ကား တစ်စီးနဲ့ ဂိုဒေါင်မှာ ချတယ်၊ ချပြီးတော့မှ ကျွန်တော့်ကို အဲဒီကားနဲ့ လာခေါ်တယ်၊ လာခေါ်ပြီးတော့မှ ဘူတာကို ရောက်တယ်၊ ဘူတာရောက် ပြီးတော့ နောနော်ရယ်၊ ဗိုလ်ထွန်းလင်းရယ်၊ ကျွန်တော်ရယ် ၁ ကီလိုပါ ၂၀ ထုပ် အထုပ် ၆၀၀ ပေါ့နော်၊ စက္ကူတွေနဲ့ လိပ်ပြီးတော့ ဂိုဒေါင်မှာ သိမ်းခဲ့ပါတယ်။ ဒုဗိုလ် နောနော်ကို ပစ္စည်းလာပို့တဲ့ကားက   ဖုန်းဆက် တာပေါ့နော်၊   ပစ္စည်းရောက်နေပြီ အစ်ကိုတို့လာယူ၊ အဲဒီမှာကျွန်တော်တို့ က Alphard ကားနဲ့ သွားပြီးယူတာပေါ့၊ အစတုန်းကတော့ သူတို့က ပုလဲလမ်းဆုံလို့ချိန်းတယ်၊ ဒါပေမဲ့ ပုလဲလမ်းဆုံတော့မဟုတ်ဘူး၊ နောက် မှ သူတို့က ၁၄ လမ်းဆုံဆိုပြီး ချိန်းတယ်၊ ၁၄ လမ်းဆုံကို ကျွန်တော် တို့ သွားတာပေါ့၊ သွားတဲ့အခါ သူတို့က ကားအမျိုးအစားနဲ့ ကားနံပါတ် ကို  မေးတာပေါ့၊ ဒုဗိုလ် နောနော်က ကားအမျိုးအစား၊ ကားနံပါတ်တွေ  ပြောလိုက်တာပေါ့၊ အဲဒီမှာ ၁၄ လမ်းဆုံရောက်တော့ သူတို့က အရှေ့ ကထွက်ပြီး လက်ကာပြပြီး  ရပ်တာပေါ့နော်၊ အဲဒီမှာ  ကျွန်တော်တို့ ဆင်းတာနဲ့ ကားပေါ်က ဆင်းတာနဲ့  အဖမ်းခံရတာပေါ့။ ကျွန်တော်တို့ ဒီမူးယစ်ဆေးဝါးကို  အဓိကကြိုးကိုင်ပြီး  လုပ်နေတာက  စီးပွားရေး တာဝန်ခံစစ်ရုံးချုပ်က သားသား (ခ)  ဗိုလ်မှူးကြီး  ဝေသာထွန်းပေါ့၊ ကျွန်တော်တို့ ဒီလိုမူးယစ်ဆေးဝါးတွေလုပ်နေတာကို ဗိုလ်ချုပ် ထွန်းမြတ် နိုင်လည်း မသိတာတော့ မရှိပါဘူး။ သူကတော့သိလောက်ပါတယ်။ ကျွန်တော်တို့က လုပ်တာတော့ လုပ်ပြီးသွားပြီ၊ ဒါပေမယ့် နောင်တတော့ ရတာပေါ့။ ညွှန်ကြားတဲ့အတိုင်း လုပ်ရတာပေါ့။ ကျွန်တော်တို့လည်း မလုပ်ချင်ပါဘူး။