မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ အတူတူလာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်။

 

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကများဖြင့်     ဖျော်ဖြေတင်ဆက်ကြမည့်     ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအပါအဝင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ ကြသည်။


ထိုသို့သွားရောက်ဖူးမြော်လေ့လာခဲ့ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ များ၏ ရင်တွင်းစကားသံများကို ပြန်လည်ဖော်ပြလိုက်ပါသည်။


ဒေါ်သူဇာဇံ  (ကချင်ပြည်နယ်  တိုင်းရင်း
သား ရိုးရာယဉ်ကျေးမှုအဖွဲ့၊ အုပ်ချုပ်သူ) 


(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး    ဆပ်ကော်မတီကနေ    စီစဉ် ဆောင်ရွက်ပေးထားတဲ့အတိုင်း  ပြည်နယ် နဲ့   တိုင်းဒေသကြီးတွေက   တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့တွေကို လေ့လာရေး ခရီးစဉ် ပို့ဆောင်ပေးတာကနေ မာရဝိဇယ       ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို      ဖူးမြော်ဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပြင် Junction Centre ၊ ကျောက်မျက်ရတနာပြတိုက်နဲ့  လွှတ်တော်ကိုလည်း သွားရောက်လေ့လာ ကြမှာဖြစ်ပါတယ်။ ကျွန်မအနေနဲ့  ဒုတိယ အကြိမ်မြောက်    မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားက မရောက် ဖူးတဲ့ ကလေးတွေကလည်း ဘုရားကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက်      အားလုံးက ဝမ်းသာပီတိဖြစ်ကြတယ်။  လေ့လာရေး ခရီးစဉ်တွေကို    စီစဉ်ပေးတဲ့   တာဝန်ရှိ ပုဂ္ဂိုလ်တွေကို     အထူးကျေးဇူးတင်ရှိပါ တယ်။    စကျင်ကျောက်နဲ့    ထုဆစ်ထား တဲ့  ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်တဲ့အပြင် အနုပညာလက်ရာမြောက်တဲ့ ပန်းဆယ်မျိုး ကို တစ်နေရာတည်းမှာ လေ့လာဖူးမြော် ခွင့်ရမှာဖြစ်တဲ့အတွက်        အနယ်နယ် အရပ်ရပ်က  ဘုရားဖူးပြည်သူတွေအနေနဲ့ လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်။ 


ဒေါ်မြတ်နိုးဇော်        (ကယားပြည်နယ် 
တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့)


ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်တွေအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက်  ဝမ်းသာပီတိဖြစ်မိပါတယ်။        အခုလို လာရောက်ဖူးမြော်တဲ့အချိန်မှာ တာဝန်ရှိ သူတွေရဲ့    ရှင်းလင်းပြောကြားမှုတွေကြောင့်   ဗဟု သုတများစွာ   ရရှိခဲ့ပါတယ်။  ဖူးမြော်တဲ့ အချိန်မှာလည်း သပ္ပာယ်ပြီး ကြည်ညိုဖို့ ကောင်းလှပါတယ်။   ဝမ်းသာပီတိဖြစ်မိ ပါတယ်။       အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့     တိုင်းရင်းသားပြည်သူတွေလည်း လာရောက်ဖူးမြော်ကြည့်ပါ။  စိတ်အေး ချမ်းသာယာမှုကို     ခံစားရစေပါတယ်။  ကျွန်မတို့ လေ့လာရေးအဖွဲ့တွေအနေနဲ့ မာရဝိဇယ      ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပြင် Junction Centre ၊ ကျောက်မျက် ရတနာပြတိုက်နဲ့        လွှတ်တော်ကို လည်း   သွားရောက်လေ့လာကြမှာ   ဖြစ် ပါတယ်။ 


နော်လှလှဝင်း (ကရင်ပြည်နယ် တိုင်းရင်း သားရိုးရာ ယဉ်ကျေးမှုအဖွဲ့၊ အုပ်ချုပ်သူ)


မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို ပထမဆုံးအကြိမ် လာရောက်ဖူးမြော် တာဖြစ်ပါတယ်။ ဘုရားကြီးကို ဖူးမြော် ရတဲ့အချိန်မှာ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မတို့   ကရင်ပြည်နယ်ကနေ   ကိုယ့် အစီအစဉ်နဲ့ကိုယ်ဆိုရင်      လာရောက် ဖူးမြော်ဖြစ်မှာ   မဟုတ်ပါဘူး။   အခုက (၇၇)  နှစ်မြောက်      ပြည်ထောင်စုနေ့ အခမ်းအနားမှာ ကပြဖျော်ဖြေဖို့အတွက် လာရောက်ရင်း  တာဝန်ရှိသူတွေရဲ့  စီစဉ် ပေးမှုကြောင့် အခုလိုဘုရားကြီးကို ဖူးမြော် ခွင့်ရတဲ့အတွက် တာဝန်ရှိသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဘုရားကြီးကို  လာရောက် လေ့လာဖူးမြော်ခွင့်ရတဲ့အတွက်    ဗဟုသုတတွေ အများကြီးရပါတယ်။ 


ကျွန်မတို့အနေနဲ့    ကိုယ့်ရဲ့ဒေသကို ပြန်ရောက်တဲ့အခါမှာ ကျွန်မတို့နိုင်ငံမှာ အခုလိုမျိုး     ကမ္ဘာပေါ်ရှိ      ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့    ကြည်ညို စရာကောင်းတဲ့  အကြောင်းအရာတွေကို  ပြန်လည်မျှဝေပြောပြသွားမယ်။ ဘုရား ကြီးကို   တိုင်းဒေသကြီးနဲ့  ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားတွေ အတူတူလာရောက် ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာပျော်ရွှင်မိ ပါတယ်။  အနယ်နယ်အရပ်ရပ်က ဘုရားဖူး ပြည်သူတွေအနေနဲ့   အခွင့်အခါသင့်ရင်  လာရောက်ဖူးမြော်ကြဖို့ သတင်းစကား ပါးလိုပါတယ်။ 


မနန်းငွေစန္ဒာ (ကရင်ပြည်နယ် တိုင်းရင်း သား ရိုးရာယဉ်ကျေးမှုအဖွဲ့) 


ကျွန်မတို့    ဒေသကနေ    လာရောက် ဖူးမြော်ဖို့ဆိုတာ လွယ်တော့ မလွယ်ကူပါ ဘူး။  (၇၇)နှစ်မြောက်   ပြည်ထောင်စုနေ့ အခမ်းအနားမှာ        တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက      ပါဝင်ဆင်နွှဲခွင့်ရတဲ့ အတွက် တစ်ခါတည်း ဖူးမြော်ခွင့်ပါ ရရှိ ခဲ့တာဖြစ်ပါတယ်။  ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ      တည်ထားပူဇော်နိုင်ဖို့ လုပ်ငန်းစဉ်အဆင့်ဆင့်      ဆောင်ရွက်ခဲ့မှု တွေကိုလည်း လေ့လာသိရှိခွင့်ရခဲ့ပါတယ်။ တိုင်းရင်းသားပေါင်းစုံ စုစည်းပြီး ဖူးမြော် ခွင့်ရတဲ့အတွက် ပိုပြီး ကြည်နူးပျော်ရွှင်မိ ပါတယ်။


ပေါင်လမ့်ထန် (ချင်းပြည်နယ်  တိုင်းရင်း သား ရိုးရာယဉ်ကျေးမှုအဖွဲ့)


(၇၇)နှစ်မြောက်    ပြည်ထောင်စုနေ့ အခမ်းအနားမှာ ချင်းပြည်နယ်ကိုယ်စားပြု တိုင်းရင်းသား     ရိုးရာယဉ်ကျေးမှုအက ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက်      နေပြည် တော်ကို   ရောက်ရှိပြီး   မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို     ပထမဆုံး အကြိမ်   လာရောက်ဖူးမြော်လေ့လာခွင့် ရရှိခဲ့တာဖြစ်ပါတယ်။  ဖူးမြော်ခွင့်ရရှိတဲ့ အချိန်မှာလည်း        တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားပေးတယ်။      ဒီလို ရှင်းလင်းပြောကြားပေးတဲ့အတွက် မြန်မာ မှု အနုပညာလက်ရာတွေ၊ ဗိသုကာပညာ တွေနဲ့ အံ့မခန်းတည်ဆောက်ထားတာကို လေ့လာသိရှိရပါတယ်။ ကျောက်စာတွေ ကို ပါဠိအက္ခရာ၊ ရိုမန်ဘာသာနဲ့ ရေးထိုး ထားတာကို လေ့လာခွင့်ရခဲ့ပါတယ်။ 


ကျိန်ရှန်းစန် (ချင်းပြည်နယ် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့)


ချင်းပြည်နယ်         တီးတိန်မြို့ကနေ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားအတွက်  လာရောက်ရင်း   နေပြည် တော်မှာရှိတဲ့   အထင်ကရနေရာတွေကို လည်ပတ်ခွင့်ရခဲ့တယ်။ ဒီနေ့မှာ ကျွန်မတို့ တိုင်းရင်းသား    ညီအစ်ကိုမောင်နှမတွေ ဟာ ဘုရားရင်ပြင်တော်ပတ်လည်က ဂန္ဓ ကုဋိတိုက်၊   မော်ကွန်းတိုက်၊  အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးနဲ့ ကျောက်စာ ရုံစေတီတော်တွေကို သွားရောက်လေ့လာခဲ့ ကြပါတယ်။ တည်ဆောက်ထားတဲ့လက်ရာ တွေက အံ့မခန်းလက်ရာတွေလို့ ပြောလို့ ရပါတယ်။ ဂုဏ်ယူစရာကောင်းပါတယ်။ 


တွေ့ဆုံမေးမြန်း - အောင်မင်းဟန်၊ 
ဂျိုင်းလော၊ ဓာတ်ပုံ- အောင်ပြည့်