(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အင်းလေးကန်တွင် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲကျင်းပ

 

ညောင်ရွှေ  ဖေဖော်ဝါရီ   ၆


(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကို ယမန်နေ့က ညောင်ရွှေမြို့နယ် အင်းလေးကန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဒေါက်တာဘရွှေနှင့်  ခွန်စံလွင်၊     ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဦးမင်းသိန်းဇံ၊  ဒေါက်တာစိုးဝင်း၊ Jeng  Phang  နော်တောင်၊    
ရှမ်းပြည်နယ်       အစိုးရအဖွဲ့    ဝန်ကြီးချုပ်   ဦးအောင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး   ဒေါက်တာကျန်းကျိ ဟုန်၊ ဒုတိယဝန်ကြီးများ  ဖြစ်ကြ သည့်       ဒေါက်တာဇော်မြင့်၊ ဒေါက်တာအေးထွန်း၊ ဦးဇော်အေး မောင်၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊    ဖိတ်ကြားထားသူ များနှင့်    ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ      တက် ရောက်ကြသည်။


အင်းသားရိုးရာ   လှေလှော် ပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား၊ အမျိုးသမီး ၂၆ တက် လှော်ပြိုင်ပွဲ၊  အမျိုးသား၊   အမျိုး သမီး ၄၆ တက်လှော်ပြိုင်ပွဲ၊ အမျိုး သား၊   အမျိုးသမီး    ရာကျော် လှေလှော်အသင်းများ   ယှဉ်ပြိုင် လှော်ခတ်ကြရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး     ကောင်စီအဖွဲ့ဝင် များ၊  ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များနှင့်   ဒေသခံ တိုင်းရင်းသား      ပြည်သူများက ကြည့်ရှုအားပေးကြသည်။ 


ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ ကို ဆက်လက်ကျင်းပရာ နှစ်သိမ့် ဆု၊  ဒုတိယဆုနှင့်   ပထမဆုများ ရရှိကြသည့် လှေလှော်အသင်းများ ကို  ဒုတိယဝန်ကြီးများ၊  တရုတ် သံရုံးမှ သံမှူးကြီး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သမိုင်းဝင် အင်းလေးဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြ ကာ ရွှေသင်္ကန်းနှင့်   လှူဖွယ်ဝတ္ထု များ      ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။  

သတင်းစဉ်