
ရန်ကုန် ဖေဖော်ဝါရီ ၃
လက်ရှိကာလတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေဈေးကွက်အတွင်း ရွှေရောင်းဝယ်မှုမှာ အသင့်အတင့် ပြန်လည်ရောင်းချနေရပြီဖြစ် ကြောင်း၊ ရွှေဈေးကွက်၌ ယခင်က ရွှေအရောင်းအဝယ်ကောင်းခဲ့သည့် ကာလကဲ့သို့ များစွာရောင်းချရခြင်းမရှိသေးသော်လည်း အရောင်းအဝယ် မပါးတော့ဘဲ အသင့်အတင့်ပြန်လည်ရောင်းချနေရပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
“ရွှေအရောင်းအဝယ်ကတော့ ပြန်ရောင်းနေရပါပြီ။ အရင်အရောင်း အဝယ်ကောင်းတုန်းကလို များများစားစားကြီး မလုပ်ရသေးပါဘူး။ အရောင်းအဝယ်ကတော့ မပါးတော့ပါဘူး။ အသင့်အတင့်လောက်တော့ ရှိနေပါပြီ”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ကာလတချို့တွင် ရွှေအရောင်းအဝယ်မှာ ပါးသွားခဲ့ ပြီးနောက် ယခုကာလတွင် အရောင်းအဝယ် ပြန်လည်မြင့်တက်လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။ အသင်းသူ၊ အသင်းသားများအနေဖြင့် ရွှေဈေးနှုန်း ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ်ပေးကြရန်နှင့် လက်ငင်း ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ပြီး ပို၍ရောင်းခြင်း၊ ဝယ်ခြင်းများ ကို (လုံးဝ)မပြုလုပ်ကြရန်လည်း YGEA က ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်က ပန်ကြားလွှာထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲ ထုတ်ပြန်ချက်အရ အကယ်ဒမီမီးလင်း ရွှေဈေးကွက်အပိတ်ဈေးနှုန်းမှာ ငွေကျပ် ၃၆၆၈၄၀၀၊ ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂နာရီခွဲ ထုတ်ပြန်ချက်အရ အကယ်ဒမီမီးလင်းရွှေဈေးကွက် အပိတ် ဈေးနှုန်းမှာ ငွေကျပ် ၃၆၆၁၂၀၀နှင့် ဖေဖော်ဝါရီ ၁ရက် မွန်းလွဲ ၂ နာရီ ခွဲထုတ်ပြန်ချက်အရ အကယ်ဒမီမီးလင်းရွှေဈေးကွက်အပိတ်ဈေးနှုန်းမှာ ငွေကျပ် ၃၆၇၅၆၀၀၊ ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၂နာရီခွဲ ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေစျေးကွက် အပိတ်ဈေးနှုန်းမှာ ငွေကျပ် ၃၆၉၉၀၀၀ ဖြစ်ကြောင်းလည်း သိရသည်။
MT