
နေပြည်တော် ဖေဖော်ဝါရီ ၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေး နှစ်ဆင့်ချေးငွေစီမံကိန်း၊ စီမံကိန်းဦးဆောင် ကော်မတီ၏ (၂၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အတိုးနှုန်း သက်သာစွာဖြင့် တောင်သူတစ်ဦးချင်းကို ကျပ်သိန်း ၇၀၀ အထိ ချေးငွေများကို နှစ်တိုသုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက် ရှိရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ထိ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ မြို့နယ် ၁၈၇ မြို့နယ်ရှိ တောင်သူ ၅၇၀၃ ဦးသို့ ချေးငွေကျပ် ၂၃၈၄၂၅ ဒသမ ၁၇၈ သန်း ထုတ်ချေးပေး ထားပြီးဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ခုနစ်ခုရှိ မြို့နယ် ၁၇ မြို့နယ်မှ တောင်သူ ၄၆ ဦးသို့ ချေးငွေ ကျပ် ၃၁၁၆ ဒသမ ၆၅ သန်းထုတ်ချေးခဲ့ပါကြောင်း၊ ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ် များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန် ဆက်လက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)နှင့် ဘဏ်ခွဲ အဆင့်ဆင့်အနေဖြင့် ထုတ်ချေးထားသောချေးငွေများ နှင့်စပ်လျဉ်း၍ Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာများ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်းလိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူ များက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေ အနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ကို တင်ပြဆွေးနွေးကြရာ ကော်မတီဝင်များက ဝိုင်းဝန်း အကြံပြု သုံးသပ်ဆွေးနွေးကြသည်။
သတင်းစဉ်