ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ ဒုတိယနေ့ ဆက်လက်ကြည့်ရှုလေ့လာ

နေပြည်တော် ဇွန် ၂၅ နိုင်ငံတကာရေကြောင်းဆိုင်ရာကာကွယ်ရေးပြပွဲ (International Maritime Defence Show (IMDS-2021))ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Saint Petersburg မြို့၌ ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါ လာကြသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယနေ့ပြခန်းများတွင် ခင်းကျင်း ပြသထားသည့် ကာကွယ်ရေးပစ္စည်းများအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ လေ့လာကြည့်ရှု မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် Saint Petersburg မြို့ရှိ ဆိပ်ခံတံတားတွင် ဆိုက်ကပ် ထားသည့် ရေငုပ်သင်္ဘောစစ်ရေယာဉ်များ၊ ဖရီဂိတ်စစ်ရေယာဉ်များ၊ ကော်ဗက် စစ်ရေယာဉ်များ၊ ပဲ့ထိန်းဒုံးပျံတင် အမြန်သွားကင်းလှည့်ရေယာဉ်များ၊ မိုင်းရှင်း၊ မိုင်းချ ရေယာဉ်များနှင့် ကမ်းထိုး၊ ကမ်းတက်ရေယာဉ်များကို သွားရောက်လေ့လာကြည့်ရှုခဲ့ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်