ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘော တူညီချက်ဖြင့်   ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း   နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ်လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍  လုပ်ငန်းအသိအမှတ်ပြုလက်မှတ် များကို ခွင့်ပြုပေးလျက်ရှိပါသည်။ 
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ (၂၄-၁-၂၀၂၄) ရက်နေ့က ပြုလုပ် ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးတွင် (၉-၁၀-၂၀၂၃)ရက်နေ့မှ (၂၂-၁၂-၂၀၂၃)ရက်နေ့အထိ  လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့်   ထုတ်ဝေ ခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ   ဂျာနယ်   တစ်ဦး၊  မဂ္ဂဇင်း နှစ်ဦးနှင့် အထွေထွေ ၃၇ ဦး ပေါင်း ၄၀ ဦးကို လည်းကောင်း၊ သတင်း အေဂျင်စီလုပ်ငန်းလျှောက်ထားသူ တစ်ဦးကို လည်းကောင်း အသိ အမှတ်ပြုလက်မှတ်များထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ 
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း  ၃၃၈၀  ဦးနှင့်   သတင်းအေဂျင်စီလုပ်ငန်း ၄၀၇ ဦး  စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၄၈၅ ဦးအား အသိအမှတ်ပြုလက်မှတ်များ  စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။
 ပြန်ကြားရေးဝန်ကြီးဌာန