
နေပြည်တော် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီး ထောင့်မြို့နယ်တွင် ဇန်နဝါရီ ၂၈ ရက်မှစ၍ မြို့တွင်းသို့ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် အစားအသောက်၊ အဝတ်အထည် များ တင်ဆောင်သည့် ကုန်တင် ယာဉ်များကို လုံခြုံရေးတပ်ဖွဲ့ဝင် များက တားဆီးစစ်ဆေးပြီး ကုန် တင်ယာဉ် တစ်စီးလျှင် ကျပ် ငါးသောင်းမှ ကျပ်ရှစ်သောင်းအထိ ငွေပေးမှသာ မြို့တွင်းသို့ ဝင်ခွင့်ပြု သည်ဟု မဟုတ်မမှန်သတင်းများ ကို လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ ဒေသခံများ၏ သတင်းပေးပို့မှု နှင့် ဧရာဝတီတိုင်းဒေသကြီးမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ကန်ကြီး ထောင့်မြို့နယ်တွင် စစ်ဆေးရေး ဂိတ်မရှိကြောင်း၊ မြို့ဝင်ထွက် လမ်းဆုံများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေး ဆိုင်ရာ ပူးပေါင်းစစ်ဆေးခြင်းများ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ စစ်ဆေးရာတွင်လည်း ငွေကြေး ကောက်ခံမှုများ မရှိကြောင်း၊ တရားမဝင်ပြည်ဖျက် မီဒီယာများ က သတင်းတု၊ သတင်းမှားများ ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ် သိက္ခာကျဆင်းစေရန် လုပ်ကြံရေး သားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်