မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် Cartoon Animation Graphic သင်တန်းဆင်းပွဲ ကျင်းပ

 

နေပြည်တော် ဇွန် ၂၆


ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ အသံနှင့်        ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏         Cartoon Animation  Graphic  သင်တန်း ဆင်းပွဲကို      ယနေ့ညနေပိုင်းက နေပြည်တော်-တပ်ကုန်းရှိ MRTV Auditorium   ခန်းမ၌   ကျင်းပ သည်။


အဆိုပါသင်တန်းကို Graphic  ဆိုင်ရာ      တာဝန်ထမ်းဆောင် နေသောဝန်ထမ်း   (၉)   ဦးအား စိစစ်ရွေးချယ်ပြီး စိတ်ဝင်စားဖွယ်  ကာတွန်း    အရုပ်ကလေးများဖြင့် ဖန်တီးမှုများ      ပြုလုပ်နိုင်ရန်၊ ပရိသတ်များ   စိတ်ဝင်စားမည့် ပြကွက်များ ပိုမိုဖန်တီးထုတ်လုပ် နိုင်ရန်   ရည်ရွယ်ပြီး   ပြင်ပနည်းပြ ဖြင့် ဇွန်လ ၂၂ ရက်မှ ၂၆ ရက်ထိ  (၅)  ရက်ကြာ  ရက်တိုသင်တန်း ဖွင့်လှစ်ကာ   စာတွေ့/လက်တွေ့ သင်ကြား     လေ့ကျင့်ပေးခြင်း ဖြစ်သည်။


သင်တန်းဆင်းပွဲ      တွင် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြား မှုနှင့်အတူ အုပ်စုနှစ်ခုခွဲ၍ စီစဉ် တင်ဆက်ခဲ့ကြသည့် “လက်ဆေး ခြင်းဖြင့်          တို့ကာကွယ်”၊ “အကောင်းနှင့်အဆိုး” အစီအစဉ် တို့အတွက် ဆုများပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။    


သတင်းစဉ်