သထုံတွင် တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံ ၄၀၀ နီးပါး တိမ်းရှောင်နေရဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဇန်နဝါရီ ၁၇
မွန်ပြည်နယ် သထုံမြို့နယ်ထဲတွင် တိုက်ပွဲမရှိဘဲ   တပ်မတော်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေး  တိမ်းရှောင်နေရသည် ဟု မဟုတ်မမှန်  သတင်းများကို လူမှုကွန်ရက်စာမျက်နှာများတွင်  ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
ဖြစ်စဉ်နှင့်    ပတ်သက်၍ သက်ဆိုင်ရာဒေသတွင်   နယ်မြေ လုံခြုံရေးတာဝန်   ထမ်းဆောင် နေသော    တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့် အခြားသတင်း များအရ တပ်စခန်းများမှ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု မရှိကြောင်း၊      တပ်မတော် စစ်ကြောင်းများမှ ဒေသတည်ငြိမ် အေးချမ်းရေးအတွက်    နယ်မြေ လုံခြုံရေးတာဝန်ထမ်းဆောင်မှုကို အကြမ်းဖက်သောင်းကျန်းသူများ က အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊   Drone များဖြင့် Drop Bomb ချ တိုက်ခိုက် ခြင်းများလုပ်ဆောင်ခဲ့ရာ   ၎င်း လက်နက်ကြီး ကျည်အချို့သည် ဒေသခံပြည်သူများ    နေထိုင်ရာ ကျေးရွာများအတွင်း ကျရောက် ပေါက်ကွဲခြင်းများကြောင့် ဒေသခံ များ ဘေးလွတ်ရာသို့  ထွက်ပြေး တိမ်းရှောင်မှုများရှိကြောင်း သိရှိရ သည်။
အကြမ်းဖက်      အားပေး ပြည်ဖျက်မီဒီယာများသည် ပြည်သူ အပေါ် အကြမ်းဖက်ဆောင်ရွက်နေ သော PDF အမည်ခံအကြမ်းဖက် အဖွဲ့များနှင့်      တိုင်းရင်းသား လက်နက်ကိုင်     သောင်းကျန်းသူ အချို့တို့၏      လုပ်ရပ်များက ဖုံးကွယ်ပေးရန်အတွက်   သတင်း မှားများကို     ရေးသားဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်