
ရန်ကုန် ဇန်နဝါရီ ၁၃
ထိုင်းလိဂ်-၂ ကလပ် ပတ္တယားယူနိုက်တက်အသင်းသည် မြန်မာ့ လက်ရွေးစင် တောင်ပံကစားသမား ဆွမ်လမန်ကို ခေါ်ယူလိုက်ပြီဖြစ်ပြီး ၂၀၂၃-၂၀၂၄ ရာသီဝက်တွင် ပါဝင်ကစားမည်ဖြစ်သည်။
ဆွမ်လမန်သည် ပြီးခဲ့သည့် ရက်ပိုင်းက ပတ္တယားယူနိုက်တက် အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ရာသီဝက်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ဆွမ်လမန်သည် ၂၀၂၃ ခုနှစ်တွင် မြန်မာကလပ်ဖြစ်သည့် ဒဂုံစတား ယူနိုက်တက်အသင်း တွင် ကစားပြီးနောက် ပြည်ပ ကလပ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဆွမ်လမန်သည် ခြောက်သင်းမြောက် ပြည်ပ ကလပ်အသင်းအဖြစ် ပတ္တယား ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။
ဆွမ်လမန်သည် ၂၀၂၀ ပြည့် နှစ်တွင် ပြည်ပကလပ်များသို့ စတင်ပြောင်းရွှေ့ခဲ့ပြီး ထိုင်း ကလပ်များဖြစ်သည့် မြောင်ကန် ယူနိုက်တက်အသင်း၊ ထရတ် အသင်း၊ ရနောင်းယူနိုက်တက် အသင်း၊ Navy အသင်း၊ ကရာဘီ အသင်းတို့တွင် ကစားခဲ့ခြင်း ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-ပတ္တယားယူနိုက်တက်