ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ရိုးရာကောက်သစ်စားပွဲတော်ကျင်းပ

 

ဘားအံ   ဇန်နဝါရီ   ၁၁


ကရင်တိုင်းရင်းသားလူမျိုးများ၏  နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော  ကရင်သက္ကရာဇ်  ၂၇၆၃ ခုနှစ်  ပြာသိုလဆန်း  ၁  ရက်နေ့တွင်  ကျရောက်သော ကရင် အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကရင်ရိုးရာကောက်သစ်စားပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။


ဦးစွာ ရောင်နီလာချိန်  နံနက် ၆ နာရီ ခန့်တွင်  ကရင်နှစ်သစ်ကူးနေ့     အလံတင် အခမ်းအနားကို ကျင်းပရာ တက်ရောက် လာကြသော  ကရင်အမျိုးသားအပေါင်း နှင့်   တိုင်းရင်းသားပြည်သူအပေါင်းတို့က အလံတင်မည့်နေရာတွင်  နေရာယူကြပြီး  ကရင်လူငယ်များက    ကရင်အမျိုးသား အလံကို သယ်ဆောင်လာကြကာ     ကရင် နှစ်သစ်ကူးနေ့  အလံတင်အခမ်းအနားကို  ကရင်ရိုးရာကျွဲချိုမှုတ်ပြီး ဖားစည်တီးကာ ဖွင့်လှစ်သည်။


ထို့နောက် သဘာပတိ ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် က ကရင်အမျိုးသားအလံကို တိုင်ထိပ်သို့ လွှင့်ထူပေးရာ  ကရင်အမျိုးသားအပေါင်း တို့က ကရင်အမျိုးသားသီချင်းကို စုပေါင်း သီဆိုကြပြီး  ကရင်အမျိုးသားအလံအား အလေးပြုကြကာ   ကရင်တိုင်းရင်းသားလူငယ်မောင်မယ်လေးများက    ကရင် အမျိုးသားအလံတော်    သမိုင်းကြောင်း အကျဉ်းကို   (ပိုးကရင်၊   စကောကရင်၊ မြန်မာဘာသာ)တို့ဖြင့် ဖတ်ကြားသည်။


ယင်းနောက် ကရင်အမျိုးသားနှစ်သစ် ကူးနေ့အခမ်းအနားကို     ဆက်လက် ကျင်းပရာ  ကျွဲချိုမှုတ်၍ဖားစည်တီးကာ အခမ်းအနားကို        စတင်ဖွင့်လှစ်ပြီး အခမ်းအနား          တက်ရောက်လာသော ကရင်အမျိုးသားအပေါင်းနှင့်  တိုင်းရင်း သားပြည်သူများက      နိုင်ငံတော်အလံ နှင့်  အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး       သတိုးမဟာသရေ စည်သူ  သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သည့်သဝဏ်လွှာကို အခမ်းအနား အကြီးအမှူးသဘာပတိက ဖတ်ကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာ   ဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး    Jeng Phang  နော်တောင်ထံမှ    ပေးပို့သည့် သဝဏ်လွှာကို   ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဖတ်ကြား သည်။ ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက    ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား    ညီအစ်ကိုမောင်နှမများ အနေဖြင့်    ပြီးခဲ့သော  သင်ခန်းစာများကို ယူပြီး  တစ်ဦးနှင့်တစ်ဦး သံသယမထားဘဲ ဖွံ့ဖြိုးတိုးတက်ရေး   လုပ်ငန်းစဉ်များတွင်    တွဲလက်ညီညီဖြင့်  ပူးပေါင်းပါဝင်ကြရန်၊  လျှောက်လှမ်းနေသည့်        ငြိမ်းချမ်းရေး ခရီးလမ်းကို     တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးက  တွဲလက်ခိုင်ခိုင် မြဲမြဲဖြင့် ဆက်လက်လျှောက်လှမ်းကြရန်  လိုအပ်ကာ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားပြည်သူများ  ငြိမ်းချမ်းစွာ နေထိုင်နိုင် ရန်   လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို         အချိန်နှင့် တစ်ပြေးညီ    ဆောင်ရွက်ပေးလျက်ရှိ ကြောင်း နှစ်သစ်ကူးဆုမွန်ကောင်းစကား ပြောကြားသည်။

ယင်းနောက်      ပြည်နယ်ဝန်ကြီးချုပ်   ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုခံ သက်ကြီး  ကရင်  အဘိုး၊  အဘွားများ အား   ဂုဏ်ပြုလက်ဆောင်များ  ပေးအပ် သည်။


ဆက်လက်၍     ဖီးဗူးယော်   (ရိုးရာ ကောက်သစ်စားပွဲတော်)  ကို  ဆက်လက် ကျင်းပရာ        ပြည်နယ်ဝန်ကြီးချုပ်၊   အမှတ်(၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး၊     အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊   ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊    ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း)မြို့မိမြို့ဖ ဦးဇော်မင်း၊ ပြည်နယ်ပြည်သူ့ ကောင်စီဥက္ကဋ္ဌ  (ငြိမ်း) မြို့မိမြို့ဖ ဦးစော အောင်ပွင့်နှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင် များက        ဖီးဗူးယော်ကောက်သစ်စားပွဲ အား     ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ငြိမ်းချမ်းရေးချိုးငှက်များ  ဘေးမဲ့လွှတ် ပေးခဲ့ကြသည်။


ထို့နောက် ကရင်လူမျိုးတို့၏ ရှေးခေတ် ထုံးတမ်းစဉ်လာများအတိုင်း ကောက်သစ် စားပွဲကို ကျင်းပရာ  ပြည်နယ် ဝန်ကြီးချုပ်၊ အဖွဲ့ဝင်များနှင့်  ကရင်အမျိုးသားအပေါင်း တို့က          တည်ခင်းဧည့်ခံထားသော စားသောက်ဖွယ်ရာများကို   အတူတကွ သုံးဆောင်၍ ကောက်သစ်စားပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည်    ခင်းကျင်းပြသ ထားသော     ကရင်တိုင်းရင်းသားလူမျိုး များ၏      ရိုးရာဓလေ့ယဉ်ကျေးမှုပြခန်း၊ ဗမာ၊  မွန်၊ ရှမ်းတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုပြခန်း၊ ဌာနဆိုင်ရာပြခန်းများ နှင့်  MSMEs ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)