
ရန်ကုန် ဇန်နဝါရီ ၆
မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ပဏာမကစားသမား ၄၄ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းကို ၂၀၂၃ နှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သော်လည်း ကာလရှည် စခန်းသွင်းလေ့ကျင့်နေသည့်ကာလအတွင်း ပြိုင်ပွဲ အတွေ့အကြုံကောင်းများရရှိရန် ၂၀၂၃ ရာသီ MNL-2 ပြိုင်ပွဲကို Junior Lions အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ပြည်တွင်းကလပ်များ၊ အကယ်ဒမီအသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားစေခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် MNL-2 ပြိုင်ပွဲအပြီးတွင် ကစားသမားသစ်များ ထပ်မံ အားဖြည့်ခဲ့ပြီး လက်ရှိတွင် ပဏာမကစားသမား ၄၄ ဦးဖြင့် လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအပါအဝင် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းတွင် နည်းပြချုပ်အဖြစ် ဦးအောင်နိုင်၊ လက်ထောက်နည်းပြများအဖြစ် ဦးအောင်ခိုင်၊ ဦးခင်မောင်ထွေးနှင့် ဂိုးနည်းပြအဖြစ် ဦးဇော်လင်းအောင်၊ အားကစားသမားများအဖြစ် ဂိုး သမား- စောကျော်ခန့်နို (တက္ကသိုလ်)၊ စောအယ်ဒိုထူး (Dagon Port)၊ ချစ်ရအောင်စိုး (နေပြည်တော်)၊ ပိုင်ဇင် (အား/ကာသိပ္ပံ)၊ ဟန်မြင့်မြတ်ထွန်း (မဟာ ယူနိုက်တက်)၊ နောက်တန်း - ထွန်းထွန်းသိန်း (ရတနာပုံ)၊ ကောင်းဆက်ပိုင် (အား/ကာသိပ္ပံ)၊ ကောင်းခန့်ကျော် (ဧရာဝတီယူနိုက်တက်)၊ ဖြိုးပြည့်စုံ (မန္တလေးတိုင်းဒေသကြီး)၊ အောင်မြင့် (မွန်ပြည်နယ်)၊ ရဲကောင်းဆက်၊ သူရအောင် (Glory Goal)၊ ခန့်ဇင်ဟိန်း၊ ရှင်မွေလငိုင်းကီး၊ ခွန်းချိုထူး (Junior Lions)၊ လွမ်းထက်ထွန်း (စီမံ/ ဘဏ္ဍာ)၊ စခန့်ချော (တက္ကသိုလ်)၊ လွင်ဖြိုးအောင် (ဟံသာဝတီယူနိုက် တက်)၊ အလယ်တန်း- ခွန်သူရိန်ထူး (Police Tero Academy)၊ အောင်ခန့်ကျော် (နေပြည်တော်)၊ စောလင်းထက်ပိုင် (ရခိုင်ယူနိုက်တက်)၊ ဝိုင်းလု (ဟံသာဝတီယူနိုက်တက်)၊ သူရ (Glory Goal)၊ ဂျခီဆွတ်အောင် (Junior Lions)၊ ဇော်မျိုးထွန်း၊ မင်းသန့်ဗိုလ် (စီမံ/ ဘဏ္ဍာ)၊ ကောင်းဇေယျာလင်း (မဟာယူနိုက်တက်)၊ ကောင်းခန့်ကျော် (မန္တလေး အကယ်ဒမီ)၊ နိုင်ကို(မွန်ပြည်နယ်)၊ သိန်းဇော် သီဟ(အား/ကာသိပ္ပံ)၊ မင်းမော်ဦး (သစ္စာအားမာန်)၊ နိုင်အောင်ဆန်း (Dagon Port)၊ ဝင်းကိုဌေး (Junior Lions)၊ ရှေ့တန်း- စွမ်းထက် (ရတနာပုံ)၊ ဝင်းပြည့် မောင်၊ နိုင်လင်းဖြိုး (အား/ကာသိပ္ပံ)၊ ဇွဲမာန်သာ (ဟံသာဝတီယူနိုက်တက်)၊ နိုင်ဝင်းထွန်း (မန္တလေး တိုင်းဒေသကြီး)၊ စောဆဲကပေါ်ဆေး၊ မောင်တော့ (ဧရာဝတီတိုင်းဒေသကြီး)၊ စောမျိုးဇော် (သစ္စာ အားမာန်)၊ ထွန်းနိုင်စိုး (ရက္ခပူရယူနိုက်တက်)၊ ရှိုင်းဝဏ္ဏအောင်နှင့် စိုင်းဇေယျာကျော် (Junior Lions) တို့ ပါဝင်ကြသည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF