
တန့်ဆည်မြို့နယ် စိန်နန်းကျေးရွာနှင့် ကျောက်တော်မြို့ မဟာမုနိဘုရားကြီးအနီး လေယာဉ်များဖြင့်
ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုနှင့် ကျေးရွာအချို့ မီးလောင်ပျက်စီးခဲ့မှုများရှိကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော် ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည် မြို့နယ် စိန်နန်းကျေးရွာကို ဇန်နဝါရီ ၄ ရက်တွင် တပ်မတော် က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ နေပြည်သူများ ထိခိုက်သေဆုံးမှု ရှိကြောင်း သတင်းတု၊ သတင်း မှားများကို Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ တန့်ဆည် မြို့နယ် စိန်နန်းကျေးရွာကို PDF အမည်ခံ အကြမ်းဖက်သမားများ က ဒရုန်းများဖြင့် ကျေးရွာအတွင်း ဗုံးကြဲခဲ့ခြင်းကြောင့် ကျေးရွာနေ ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ် ရာရခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင် ရာ နယ်မြေလုံခြုံရေး တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အလားတူ ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာမုနိဘုရား ကြီးအနီးရှိ ကျေးရွာများကို တပ်မတော်မှ နေ့၊ ည လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း များ လုပ်ဆောင်နေ၍ ကျေးရွာ အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
သက်ဆိုင်ရာ နယ်မြေလုံခြုံ ရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကျောက်တော် မြို့ မဟာမုနိဘုရားကြီးအနီးနှင့် ဝန်းကျင်ကျေးရွာများတွင် ထိတွေ့ ပစ်ခတ်မှုများမရှိကြောင်းနှင့် AA သောင်းကျန်းသူများက အဝေးမှ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများ ဖြင့် တပ်စခန်းရှိရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး ဒေသခံ တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့၍ နေအိမ်အချို့ မီးလောင်ကျွမ်းမှုများ ရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အားပေး တရား မဝင်ပြည်ဖျက်မီဒီယာများအနေ ဖြင့် မြို့၊ ရွာများ တည်ငြိမ်မှု ပျက်ပြားစေရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှု စီးပွားဘဝကို ပျက်စီးစေရန် ရည်ရွယ်လျက် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ အကြမ်းဖက် သမားများ၏ လုပ်ရပ်များအား ဖုံးကွယ်ပေးရန်နှင့် ပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန်အတွက် သတင်းမှား များကို ဖန်တီးရေးသားဖြန့်ဝေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်