
ရန်ကုန် ဇန်နဝါရီ ၆
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားများ၊ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို မြန်မာ နိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။
ထိုနည်းတူ ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌ ရွှေတိဂုံစေတီ တော်သို့ လာရောက်ဖူးမြော်ပြီး ပြည်သူရင်ပြင်အတွင်း အပန်းဖြေ သူများ၊ ရောင်စုံမီးအလှများနှင့် အတူ အမှတ်တရ ဓာတ်ပုံရိုက်ကြ သူများ၊ စတုဒိသာအလှူအား ဝိုင်းဖွဲ့စားသောက်နေကြသူများ၊နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူပျော်ရွှင်စွာဖြင့် သီဆိုကခုန်နေကြ သူများ စည်ကားခဲ့သည်။
ထို့အတူ ည ၉ နာရီခန့်တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ရာ ပြည်သူများက ပျော်ရွှင်စွာပါဝင် ဆင်နွှဲကြပြီး တေးဂီတအဖွဲ့က မြန်မာနိုင်ငံတော်သီချင်းသံစဉ်ကိုတီးခတ်စဉ် ရင်ပြင်အတွင်းရှိ ပြည်သူများက လိုက်ပါသီဆိုကြရာပြည်သူ့ရင်ပြင်ဥယျာဉ်အတွင်း ဖုံးလွှမ်းခဲ့သည်။ ပြည်သူ့ရင်ပြင် ဥယျာဉ်အတွင်း လာရောက်ကြ သည့် ပြည်သူများအား ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်အချို့က ထောပတ် ကြက်သားဟင်းနှင့် ကြက်ဆီ ထမင်းတို့ကို မပြတ်ကျွေးမွေးခဲ့ ကြောင်းနှင့်ပွဲတော်သို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီး များက လှည့်လည်ကြည့်ရှု ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)