စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ပဲခူး   ဇန်နဝါရီ   ၄


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ  အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၃ ရက် နံနက်ပိုင်း က     တိုင်းဒေသကြီး   ဝန်ကြီးချုပ်     ဦးမျိုးဆွေဝင်း ဦးဆောင်၍     စိုက်ပျိုးထုတ်လုပ်မှု   မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး      လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကျင်းပသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းက  စိုက်ပျိုးရေးလုပ်ငန်းသည်  တောင်သူများ အတွက်   အချိန်တိုကာလအတွင်း   ဝင်ငွေရရှိသည့် Quick Win ဖြစ်သည့် လုပ်ငန်းတစ်ခုဖြစ်၍ သက်ဆိုင် ရာ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်စေလို ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း တစ်နှစ် နှစ်သီး သုံးသီး သီးထပ်ဧကများ တိုးချဲ့ဆောင်ရွက်သွားရန် နှင့်   စိုက်ပျိုးသီးနှံအလိုက်   ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသ ကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး အားလုံးဝိုင်းဝန်း အကြံပြုပေးစေလိုကြောင်း ပြောကြားသည်။


ထို့နောက်  ခရိုင်/မြို့နယ်  စိုက်ပျိုးရေးဦးစီးမှူး များက   မြို့နယ်အလိုက်    စိုက်ပျိုးသီးနှံများအပေါ် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီ စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီပေးမှု နှင့် လမ်းညွှန်ချက်များအပေါ်  အကောင်အထည်ဖော်  ဆောင်ရွက်ပြီးစီးမှုများအား  ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်ချက်များ ဖြည့်စွက်မှာကြားသည်။


ဆက်လက်၍  မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အသေးစား၊အငယ်စားနှင့် အလတ် စား စီးပွားရေး(MSMEs)လုပ်ငန်းများအတွက် ချေးငွေ စိစစ်ရေးလုပ်ငန်း  ညှိနှိုင်းအစည်းအဝေးသို့    တက် ရောက်ပြီး ဒေသတွင်း ပြည်တွင်းသုံးကုန်နှင့် အခြေခံ ကျသော    စက်မှု/လက်မှုလုပ်ငန်းသည်      MSMEs လုပ်ငန်းများအဖြစ် အများစုသည် မိရိုးဖလာလုပ်ငန်း များဖြစ်ကာ   ရေရှည်ရပ်တည်နိုင်ရေးနှင့်   ခေတ်မီ ကုန်ထုတ်လုပ်ငန်းများ   ဖြစ်စေရေး    နိုင်ငံတော်မှ အတိုးနည်းချေးငွေများ   ထုတ်ချေးပေးခြင်းဖြစ်၍ အမှန်တကယ် ဆောင်ရွက်သည့် MSMEs လုပ်ငန်း ရှင်များကိုသာ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်   တိုင်းဒေသကြီး   စားသုံးသူရေးရာ  ဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊  အငယ်စားနှင့်   အလတ်စား  စီးပွားရေး  (MSMEs)လုပ်ငန်းရှင်များ  ကုန်ထုတ်လုပ်ငန်းများ  ပိုမိုဖွံ့ဖြိုး  တိုးတက်စေရေးအတွက် တင်ပြလာသည့် ချေးငွေနှင့်  လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြ ရာ   တက်ရောက်လာသည့်  လုံခြုံရေးနှင့်    နယ်စပ် ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသ ကြီးအဆင့်    ဌာနဆိုင်ရာများက   ဝိုင်းဝန်းအကြံပြု    တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်း တစ်ခုချင်းအလိုက်  တည်ဆောက်ဆဲ၊ တည်ဆောက် ပြီးစီးမှုနှင့်     အခြားချေးငွေများ    ကျန်ရှိမှု ရှိ/မရှိ စိစစ်ခဲ့ပြီး   လုပ်ငန်းများအပေါ်   ရသင့်ရထိုက်သည့် ချေးငွေများအား ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                  

တိုင်းဒေသကြီး(ပြန်/ဆက်)