(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၉၇၆၆ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

 

နေပြည်တော်   ဇန်နဝါရီ   ၄


ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်        ယနေ့တွင်  ကျရောက်သည့်  (၇၆)နှစ်မြောက်  လွတ်လပ်ရေးနေ့  အထိမ်းအမှတ် နေ့ကို      ဂုဏ်ပြုသောအားဖြင့် ပြည်သူလူထု       နှလုံးစိတ်ဝမ်း အေးချမ်းစေရန်နှင့်   လူမှုရေးအရ ငဲ့ညှာထောက်ထားပြီး   နိုင်ငံတော် ၏ မေတ္တာနှင့်စေတနာကို နားလည် စေရန်ရှေးရှု၍    နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊     အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံ နေရသည့်  အကျဉ်းသား၊  အကျဉ်း သူ ၉၆၅၂   ဦးနှင့်   နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦး စုစုပေါင်း   ၉၇၆၆     ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊  ပုဒ်မခွဲ(၁)  အရ  နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက    ၎င်း ပြစ်ဒဏ်အပြင်     ယခုကျခံရန် ကျန်ရှိသော     ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်   ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ယင်းတို့ကျခံရန်     ကျန်ရှိသော ပြစ်ဒဏ်များကို        လျှော့ပေါ့၍ လွတ်ငြိမ်း    ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။


နိုင်ငံတော်အနေဖြင့်     ပြစ်မှု ကျူးလွန်ခဲ့သည့်      အကျဉ်းသူ၊ အကျဉ်းသားများကို      ၎င်းတို့ ကျူးလွန်ခဲ့သည့်    ပြစ်မှုများအရ အကျဉ်းထောင်အတွင်း   ပြစ်ဒဏ် များချမှတ်ခဲ့သော်လည်း   အကျဉ်း ထောင်နှင့်     အကျဉ်းစခန်းများ အတွင်း  လူမှုရေး၊   ကျန်းမာရေး ဆိုင်ရာများနှင့်  အခြားရသင့်သည့် လူ့အခွင့်အရေး    စံချိန်စံညွှန်းများ နှင့်အညီ     ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထားသည့်အတွက် ယခု    ပြန်လည်လွတ်မြောက်လာ သည့်အချိန်တွင် ကျန်းမာပျော်ရွှင် လျက်ရှိပြီး  လာရောက်ကြိုဆိုသည့် မိဘဆွေမျိုးများကလည်း ဝမ်းပန်း တသာဖြင့်   ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်