
နေပြည်တော် ဇန်နဝါရီ ၄
၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ အခြေခံပညာ ကျောင်းများနှင့် ရပ်ကွက်များတွင် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ လျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူလူထု များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြသည်။
နံနက်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာနက ဦးဆောင်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပွဲများကို ဝဏ္ဏသိဒ္ဓိရပ်ကွက် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၁) အခြေခံပညာ အထက်တန်း ကျောင်း၌ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့်အတူ အလျားခုန်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ သံပရာသီးဇွန်းကိုက် ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲ၊ မိတ်ကပ်ပြင်ပြိုင်ပွဲ၊ အင်္ကျီဝတ် ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူဖောင်း ဖောက်ပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊ ကျောကုန်းထောက်ခုန် ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ရွှေစွန်ညိုပြိုင်ပွဲ၊ ဘော်လီဘော ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စက်ဘီးအနှေးစီးပြိုင်ပွဲ၊ ထုပ်ဆီး တိုးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ စသည့် ပြိုင်ပွဲများတွင် အားကစားနည်း အလိုက် အစုအဖွဲ့အလိုက်၊ အသင်းအဖွဲ့အလိုက် ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် လွန်ဆွဲပြိုင်ပွဲ၊ သံပရာသီး ဇွန်းကိုက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲတို့တွင် ဆုများ ရရှိကြသည့် ကျောင်းသား ကျောင်းသူများ နှင့် ဆရာမ များကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် အားကစားနည်း အလိုက် ဆုများရရှိကြသူများ ကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ မှ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ အမှတ်(၁၁)အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အလားတူ နေပြည်တော် ကောင်စီနယ်မြေ မြို့နယ်များ အတွင်းရှိ အခြေခံပညာကျောင်း များနှင့် ရပ်ကွက်အသီးသီးတွင် လည်း အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ၊ မိသားစုဝင်များ နှင့် ဒေသခံပြည်သူများ ပါဝင် ယှဉ်ပြိုင်ကြကာ အားကစားနည်း အလိုက် ဆုရရှိကြသူများကို ပညာရေးမှူးများနှင့် ကျောင်းအုပ် ဆရာ ဆရာမကြီးများ၊ သက်ဆိုင်ရာ ဆရာ ဆရာမများနှင့် ရပ်ကွက် အလိုက် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်