ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁ / ၂၀၂၄
၁၃၈၅ ခုနှစ်၊ နတ်တော်လပြည့်ကျော်  ၈  ရက် 
( ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် )
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် သည့်   (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့  အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊   ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်   လူသားချင်းစာနာထောက်ထားမှုကို    အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်း သား/အကျဉ်းသူ ( ၉၆၅၂ ) ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက  ၎င်းပြစ်ဒဏ်အပြင်  ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။
     

    အမိန့်အရ
    အောင်လင်းဒွေး 
    ဒုတိယဗိုလ်ချုပ်ကြီး
    အတွင်းရေးမှူး 
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ