
နေပြည်တော် ဇွန် ၂၅
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ အမျိုးသား အဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် ရီ၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြ သည်။
အရေးပါသည့် အခန်းကဏ္ဍတစ်ခု
ရှေးဦးစွာ အမျိုးသားအဆင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး ဆောင် ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်ပြီး လူမှု ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု နည်းပါးသည့် ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ကို တိုးမြှင့် အသုံးပြုနိုင်ရေး သည်လည်း အရေးပါသည့် အခန်းကဏ္ဍ တစ်ခုဖြစ်ပါကြောင်း။
ဆွေးနွေးအကြံပြု
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ရေအား လျှပ်စစ်နှင့် ပြန်ပြည့်မြဲစွမ်း အင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ဦးစားပေး ဆောင်ရွက်သွားရန် မူဝါဒများ ချမှတ်ပေးထားသဖြင့် ယခုကျင်းပ ပြုလုပ်သည့် NREC အစည်းအဝေး သည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ တာဝန်ယူသည့် ကာလတွင် ပထမအကြိမ်ကျင်းပ သည့် အစည်းအဝေးဖြစ်သည့် အတွက် ရှေ့ဆက်ဆောင်ရွက်နိုင် မည့် Meeting Outcomes များရရှိရေး သက်ဆိုင်ရာဝန်ကြီး ဌာန/ အဖွဲ့အစည်းများက ဆောင် ရွက်နေသည့် လုပ်ငန်းများအပေါ် ပါဝင်ဆွေးနွေး အကြံပြုကြရန် မေတ္တာရပ်ခံလိုပါကြောင်း။
၆၀ ဒသမ ၆ ရာခိုင်နှုန်းကျော်
သုံးစွဲ
နိုင်ငံအတွင်း လျှပ်စစ် ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိပြီး၊ ၂၀၂၁ ခုနှစ်၊ ဇွန် ၄ ရက်တွင် နိုင်ငံတော် ဓာတ်အားစနစ်၏ အမြင့်ဆုံးဝန်အား သုံးစွဲမှု (Peak Load) အနေဖြင့် ၃,၈၇၄ ဒသမ ၅၃ မဂ္ဂါဝပ်ရှိခဲ့ပြီး၊ ရေအား လျှပ်စစ်မှ ၁,၇၈၃ ဒသမ ၄၆ မဂ္ဂါဝပ်၊ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများမှ ၂,၀၆၄ ဒသမ ၃ မဂ္ဂါဝပ်နှင့် နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ ၂၆ ဒသမ ၇၇ မဂ္ဂါဝပ် ထုတ်လုပ် ပေးနိုင်ခဲ့ပါကြောင်း။ လက်ရှိ ဓာတ်အားစနစ်တွင် ဓာတ်အား ထုတ်လုပ်မှုအရင်းအမြစ် အချိုး အစား (Generation Mix) အနေ ဖြင့် ရေအား (Hydropower) မှ ၄၇ ဒသမ ၀ ရာခိုင်နှုန်း၊ နေရောင် ခြည်စွမ်းအင် (Solar and RE) ဖြင့် ၀ ဒသမ ၆ ရာခိုင်နှုန်း ၊ အပူစွမ်းအင် (Gas+ LNG+ Coal) မှ ၅၂ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ လက်ရှိအချိန်အထိ လျှပ်စစ် ဓာတ်အားရရှိမှုအချိုး (Electri-fication Ratio) ၆၀ ဒသမ ၆ ရာခိုင်နှုန်းကျော် ရရှိသုံးစွဲနေကြ ပြီဖြစ်ပါကြောင်း။
အကောင်အထည်ဖော်
NREC ကော်မတီ၏ ကြိုးပမ်း ဆောင်ရွက်မှုများသည် လျှပ်စစ် ကဏ္ဍတွင် ပြန်ပြည့်မြဲစွမ်းအင်မှ ဓာတ်အား တိုးတက်ထုတ်လုပ်နိုင် ရေးနှင့် Green Growth, Green Energy, Green Economy ဖြစ်စေ ရေးတွင် တတ်စွမ်းသမျှ ပါဝင် ဆောင်ရွက်ခွင့်ရရှိနေခြင်းလည်း ဖြစ်ပါကြောင်း၊ Renewable Energy နှင့်စပ်လျဉ်း၍ ASEAN တွင်လည်း သတ်မှတ်ချက်များ ရှိနေပြီး၊ ဒေသတွင်း Total Primary Energy Supply (TPES) တွင် RE ကဏ္ဍအနေဖြင့် ၂၀၂၅ ခုနှစ်မှာ ၂၃ ရာခိုင်နှုန်း အထိ ပါဝင်ရန်နှင့် ASEAN ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုတွင် RE ကဏ္ဍအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်း အထိပါဝင်နိုင်ရေး ရည်မှန်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ NREC ကော်မတီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်လာသူများက မိမိတို့ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကား ပြော ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်