
နေပြည်တော် ဇွန် ၂၅
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPC)၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနဝင်းအတွင်း၌ ကျင်းပသည်။
အဆိုပါ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲသို့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချ စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည် တော် စည်ပင်သာယာရေး ကော်မတီတို့မှ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနအလိုက် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူ များသည် အဖိုးတန်ရတနာတန်းဝင် ပင်များဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်းနှင့် သင်းဝင် ပင်များ စိုက်ပျိုးကြသည်။
ယင်းနောက် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ဗဟိုဌာနဝင်း အတွင်း သစ်တောဦးစီးဌာနမှ အဖိုးတန်သစ်မျိုးစုံ၊ အရိပ်ရ လေကာပင်နှင့် ဝါးမျိုးစုံ ၁၈၄၆ ပင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ နှစ်ရှည်စားပင် စုစုပေါင်း အပင် ၁၂၁၀ ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အလှပန်းပင် စုစုပေါင်း ၅၁၄ ပင်၊ စုစုပေါင်း အပင် ၃၅၇၀ စိုက်ပျိုးထားရှိမှုများ ကို လိုက်လံကြည့်ရှုအားပေး ကြသည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ဗဟိုဌာနဝင်း အတွင်း ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် အကျယ် ၀ ဒသမ ၅ ဧက၊ အနက် ခုနစ်ပေရှိ ရေလှောင်ဂါလန် ၁၁ သိန်းခန့် သိုလှောင်နိုင်သည့် ကန်အမှတ်(၁)၊ အကျယ်နှစ်ဧက၊ အနက်ငါးပေရှိ ရေလှောင်ဂါလန် ၃၂ သိန်းခန့် သိုလှောင်နိုင်သည့် ကန်အမှတ်(၂)နှင့် အရှည်ပေ ၁၁၀၀ ရှိ ရေစု မြောင်း၊ အရှည် ၂၂၃ ပေရှိ ရေသွင်း မြောင်း၊ ကန်နှစ်ခုကို ဆက်သွယ် ထားသည့်အရှည်ပေ ၂၂၀ ရှိ ဆက်သွယ်ရေးမြောင်း၊ အရှည် ၁၆၅ ပေရှိ ရေထွက်မြောင်းနှင့် ရေကန် ပတ်လမ်းကူးတံတား နှစ်စင်းနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာနဝင်း အတွင်းရှိ အကျယ် ၁၄ ပေ၊ အရှည် ပေ ၃၅၀၀ ရှိသည့် မြေသား ပတ်လမ်း ဖောက်လုပ်ထားရှိမှု များကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်