လူငယ်ကစားသမားတွေနဲ့ပြိုင်ပြီး ၂၀၂၃ ခုနှစ်မှာ ဂိုးသွင်းအများဆုံးဖြစ်လာတဲ့ စီရော်နယ်ဒို

 

ဆော်ဒီအာရေဗျကလပ် အယ်နာဆာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဂိုးသွင်းသတင်းကတော့ ၎င်းကစားတဲ့ အပတ်တိုင်း၊ ရက်တိုင်း ပြောရမလိုပါပဲ။ လာမယ့် ဖေဖော်ဝါရီ ၅ ရက်ဆိုရင် အသက် ၃၉ နှစ် ပြည့်တော့မယ့် စီရော်နယ်ဒိုဟာ လက်ရှိအချိန်အထိ သွင်းဂိုးတွေ ဆက်တိုက်သွင်းပြနေတာကြောင့် အသက် အရွယ်ရလာလေ ခြေစွမ်းကောင်းတွေ ပိုမိုပြသနိုင်လေ ဖြစ်နေခဲ့တာပါ။ 
တိုက်စစ်     တစ်နေရာစာ အတွက် အားဖြည့်ဖို့ ခေါ်ယူခဲ့တဲ့ စီရော်နယ်ဒိုတစ်ယောက် သွင်း ဂိုးတွေ တရစပ် သွင်းပြနေတာက အယ်နာဆာနည်းပြ   လူးဝစ် ကက်စ်ထရိုနဲ့  အသင်းပရိသတ် တွေအတွက် မတောင်းဘဲ ပြည့်တဲ့ ဆုလာဘ်တစ်ခုလည်း ဖြစ်လာခဲ့ပါ တယ်။ 
အာရပ်ကလပ်ချန်ပီယံဖလား 
ပထမဆုံးအကြိမ် ဆွတ်ခူး
အယ်နာဆာ   အသင်းဟာ တိုက်စစ်ကစားသမား  တိုက်စစ် မှူးကြီး စီရော်နယ်ဒိုကို ခေါ်ယူခဲ့ ပြီးတဲ့နောက်ပိုင်း    အသင်းရဲ့ တိုက်စစ်ပိုင်းက  ပြီးပြည့်စုံတဲ့ တိုက်စစ်စုဖွဲ့မှုကို   ပိုင်ဆိုင်သွား ခဲ့တယ်လို့  ဆိုနိုင်တယ်။  စီရော် နယ်ဒို အယ်နာဆာကိုရောက်ပြီး မကြာမီမှာပဲ     အာရပ်ကလပ် ချန်ပီယံဖလားကို အသင်းသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်မှု ရရှိခဲ့တယ်။   
မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့သူ
ပြောမယ်ဆိုရင် စီရော်နယ်ဒို ဟာ ဘောလုံးလောကရဲ့ စံချိန် များရှင်  မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့သူအဖြစ်  သတ် မှတ်ခြင်းခံထားရသူဖြစ်တဲ့ အပြင် ဘောလုံးလောကမှာရှိတဲ့ ကစား သမားတွေ လေးစားအားကျရတဲ့ သူဖြစ်ပြီး      လူငယ်ကစားသမား တွေရဲ့ စံနမူနာထားရတဲ့သူ တစ် ယောက်လည်း ဖြစ်ပါတယ်။ 
အသက်  ၃၀ နောက်ပိုင်း သွင်းဂိုး ၄၀၀ ကို ကျော်လွန်လာ
၎င်းအသက်  ၃၀  ပြည့်ပြီး နောက်ပိုင်း သွင်းဂိုးအရေအတွက် ဟာဆိုရင်  ၄၀၀ ကို ကျော်လွန် လာပြီ ဖြစ်ပါတယ်။ အဲဒီသွင်းဂိုး အရေအတွက်ဟာ  ဂန္ထဝင်ကစား သမားတွေဖြစ်တဲ့  မန်ယူအသင်း ဖော်ဟောင်း ဝိန်းရွန်းနေ၊ ချယ်ဆီး ကစားသမားတွေဖြစ်တဲ့ ဒီဒီယာ ဒရော့ဘာ၊      ရှက်ဗ်ချန်ကိုတို့ရဲ့ ကစားသမားဘဝ တစ်လျှောက် သွင်းယူခဲ့တဲ့ သွင်းဂိုးတွေထက်ပင် ပိုပြီး များပြားနေပါတယ်။ ဒါ့အပြင် တောရက်စ်၊ ခရက်စပို့၊ အင်ဇာဂီ၊ ဗန်ပါစီ၊ နစ္စတယ် ရွိုင်းစတဲ့ ကစား သမားတွေထက်လည်း များပြား နေပါတယ်။   
၅၃ ဂိုးနဲ့ ဦးဆောင်ထား
စီရော်နယ်ဒိုဟာ     လက်ရှိ ၂၀၂၃   ခုနှစ်အတွက်   သွင်းဂိုး အများဆုံး ကစားသမားစာရင်း မှာဆိုရင်လည်း ဘိုင်ယန်မြူးနစ် တိုက်စစ် ကစားသမား ဟာရီကိန်း (၅၂ ဂိုး)၊     ပီအက်စ်ဂျီတိုက်စစ် ကစားသမား အမ်ဘာပေ (၅၂ ဂိုး) တို့ကို ကျော်ဖြတ်ကာ ၅၃ ဂိုးနဲ့ ဦးဆောင်ထားပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုအနေနဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ အယ်တာဝန်းအသင်းနဲ့ ကစားရဖို့ တစ်ပွဲကျန်ရှိနေပါသေး တယ်။  
ကိန်းနဲ့   အမ်ဘာပေတို့က ၂၀၂၃ ခုနှစ်အတွင်း ပွဲကစားရဖို့ မကျန်ရှိတော့တဲ့အတွက် စီရော် နယ်ဒိုရဲ့ ၂၀၂၃ ခုနှစ် သွင်းဂိုးအရေ အတွက်ကို  ကျော်လွန်နိုင်ဖွယ် ရှိတာဆိုလို့ ဂိုး ၅၀ သွင်းယူထားတဲ့ မန်စီးတီး တိုက်စစ်ကစားသမား ဟာလန်းတစ်ယောက်သာ ရှိတော့ တယ်။ 
နောင်လည်း ရှိလာဖို့ မလွယ်
ဒါပေမယ့်     ဟာလန်းက ဒဏ်ရာအနာတရနဲ့ ရုန်းကန်နေရ တဲ့အပြင်  ၂၀၂၃  ခုနှစ်အတွင်း တစ်ပွဲသာ ကစားရဖို့ကျန်ရှိတော့ တာကြောင့် စီရော်နယ်ဒိုရဲ့ သွင်းဂိုး အရေအတွက်ကို     မီဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊   နောက်ပြီး စီရော်နယ်ဒိုလို   အသက်အရွယ်နဲ့  စွမ်းဆောင်နိုင်မှုမျိုး   အရင်က လည်း  မရှိခဲ့သလို နောင်လည်း ရှိလာဖို့ မလွယ်ကြောင်း ဘောလုံး ကျွမ်းကျင်သူတွေက  ချင့်တွက် သုံးသပ်ကြတယ်။ 
ဆက်လက်ရပ်တည်နိုင်
တိုက်စစ်မှူး စီရော်နယ်ဒိုဟာ မြန်နှုန်းမြင့်    စွမ်းဆောင်ရည်၊ နေရာယူမှန်ကန်မှုနဲ့  ဂိုး ဧရိယာ အတွင်း အဆုံးသတ် တိကျသေချာ မှုတွေကြောင့်      လူငယ်ကစား သမားတွေကို   ကျော်ဖြတ်ကာ ကမ္ဘာ့ထိပ်တန်း   ကစားသမား တစ်ဦးအဖြစ် ခြွင်းချက်မရှိ ဆက် လက်ရပ်တည်နိုင်တာ  ဖြစ်တယ်။ လက်ရှိ ဆော်ဒီပရိုလိဂ် ထိပ်တန်း ဂိုးသွင်းအများဆုံး       စာရင်းမှာ လည်း စီရော်နယ်ဒိုက ၁၉ ဂိုးနဲ့ ဦးဆောင်ထားတယ်။ 
မည်သို့ပင်ဆိုစေ ၂၀၂၃  ခုနှစ်   (ပြက္ခဒိန်တစ်နှစ်)    အတွင်းမှာ တော့  လူငယ်ကစားသမားတွေနဲ့ ဂိုးသွင်းပြိုင်ရာမှာ   စီရော်နယ်ဒို အနိုင်ရရှိသွားပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။      ။ 

မိုးဇက်