
ရန်ကုန် ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ ချုပ်က ကြီးမှူးပြီး MMAG က စီစဉ်သည့် (၇၆)နှစ်မြောက်လွတ်လပ် ရေးနေ့ အထိမ်းအမှတ် MLWC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်မွန်းလွဲ ၁ နာရီတွင် အမျိုးသားအားကစားရုံ(၁)သုဝဏ္ဏ၌တွဲဆိုင်းခြောက်ဆိုင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတွင် မြန်မာမှ ကျော်စွာဝင်းနှင့် ဖုန်းဆီရိ (ထိုင်း)၊ ရာမာန်(မြန်မာ)နှင့် ဝေါလက်ချစ်လစ်(ထိုင်း)တို့ထိုးသတ်မည်ဖြစ်ကာ ကျန်တွဲဆိုင်းများအဖြစ် ကိုကို(ဘိလပ်မြေစက်ရုံ) နှင့် တိုင်းကျော် (M2K)၊ မိုးဟိန်း (ဘိလပ်မြေစက်ရုံ)နှင့် နိုင်အောင်ရှင် (Lethwei Worriers)၊ သူရဲကောင်း (ဘိလပ်မြေစက်ရုံ) နှင့် ကောင်းဆက်နိုင် ( ရိုးရာကျား)၊ စောဘဟိန်း (ဘိလပ် မြေစက်ရုံ)နှင့် အဖိုးသွေး(Lethwei Worriers)တို့ ပါဝင်ထိုးသတ်မည်ဖြစ်သည်။
"မူလကတော့ ကျော်စွာဝင်းကို ဝီဂျစ်နဲ့စီစဉ်ထား တာပါ၊ ဝီဂျစ်က ဇန်နဝါရီလထဲမှာ ပွဲရှိလို့ လူပြောင်း လိုက်တာပါ၊ ဖုန်းဆီရိက မြန်မာလက်ဝှေ့ တစ်ပွဲပဲ ထိုးဖူးပြီး စိုးလင်းဦးနဲ့ သရေကျထားပါတယ်။ လက်ရှိ မှာ သူက one championship မှာ ထိုးနေသူပါ” ဟု ပွဲစီစဉ်သူက ပြောသည်။
အဆိုပါပွဲကို လက်ဝှေ့ဝါသနာရှင်အားလုံး ကြည့်ရှုနိုင်ရန် ပရိသတ်တစ်သောင်းဆန့် အမျိုးသား အားကစားရုံ(၁) သုဝဏ္ဏတွင် ကျင်းပမည်ဖြစ်ပြီး လက်ဝှေ့ကြိုးဝိုင်းအနီး ကြည့်လိုသူများအတွက် ကျပ်ငါးသောင်းတန်း အစောင် ၁၀၀ နှင့် ကျပ် သုံးသောင်းတန်းအစောင် ၁၀၀ သာရောင်းချပြီး ရိုးရိုးတန်းအတွက် အခမဲ့ကြည့်ရှုနိုင်ကြောင်း သိရသည်။
အာကာစိုး