
နေပြည်တော် ဇွန် ၂၅
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းများ၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစောဒန်နီယယ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့် ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ နှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ ကြသည်။
ယနေ့ပွဲစဉ်များအဖြစ် နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် ကရင် ပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ရန်ကုန်တိုင်းဒေသ ကြီးအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် လည်းကောင်း၊ ညနေ ၄ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့် ရေးကွင်း(၁)နှင့် ကွင်း(၃) တို့တွင် မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မွန်ပြည်နယ်အသင်း က နှစ်ဂိုး-ဂိုးမရှိဖြင့် လည်း ကောင်း၊ မကွေးတိုင်းဒေသကြီး အသင်းနှင့် ကယားပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီး အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
ဇွန် ၂၆ ရက် ပွဲစဉ်များအဖြစ် ညနေ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း(၁) တွင် နေပြည်တော်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေး ကွင်း(၃)တွင် မန္တလေးတိုင်းဒေသ ကြီးအသင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ ဘောလုံး အားကစားနည်းကို စိတ်ပါဝင်စား သော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင် ကြောင်း သိရသည်။
သတင်းစဉ်