ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုမှရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံးဆီ တင်သွင်းရာတွင် ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းမှ ပေးချေရမည်

 

ရန်ကုန်   ဒီဇင်ဘာ    ၂၂


ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့်   ပြောင်းတင်ပို့မှုမှ   ရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံးဆီတင်သွင်းရာတွင် ပို့ကုန် ရငွေ   ၇၀ ရာခိုင်နှုန်းမှ ပေးချေရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်၊ စက်မှုအသင်းချုပ်(UMFCCI) ၏ အသိပေးချက်အရ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောက်ခွန် ဦးစီးဌာနမှပေးပို့လာသော   ဆန်၊   ဆန်ကွဲ၊   ပဲမျိုးစုံ နှင့်ပြောင်းတင်ပို့သည့် ကုမ္ပဏီတစ်ခုချင်း၏ ပို့ကုန် ကြေညာလွှာ (Export Declaration) စာရင်းများကို သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်များသို့ ပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။


ကုန်စည်တင်ပို့သူသည်    ကုမ္ပဏီ၏   ပို့ကုန် ကြေညာလွှာ (Export Declaration) အရ သတ်မှတ် ရက်အတွင်း   ဝင်ရောက်လာသည့်   ပို့ကုန်ရငွေ၏ ၃၀ ရာခိုင်နှုန်းအနက်မှ ၃၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် AD လိုင်စင်ရဘဏ်များက မြန်မာကျပ်ငွေဖြင့်  တစ်ရက် အတွင်း  လဲလှယ်ပေးမည်ဖြစ်ပြီး ၆၅ရာခိုင်နှုန်းအား နိုင်ငံခြားငွေကြေးဈေးကွက်    (Online   Trading Platform) တွင် ဖြစ်ပေါ်နေသော ဈေးကွက်ပေါက်ဈေး ဖြင့် AD လိုင်စင်ရဘဏ်များတွင်  ရောင်းချရမည်ဖြစ် ကာ  ကျန်ပို့ကုန်ရငွေ  ၇၀  ရာခိုင်နှုန်းကို  သွင်းကုန် (စက်သုံးဆီ)တင်သွင်းခြင်းအတွက် ပြည်ပသို့ပေးချေ ရန် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်း ထားရှိပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


ကုမ္ပဏီသည် ကိုယ်တိုင်စက်သုံးဆီတင်သွင်းခြင်း  ဖြစ်ပါက သွင်းကုန်အတွက်ပေးချေရာတွင် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းရှိ အဆိုပါ ပို့ကုန်ရငွေ ၇၀ ရာခိုင် နှုန်းမှ ပေးချေရန်ဖြစ်ကာ စက်သုံးဆီတင်သွင်းသော ကုမ္ပဏီသို့  နိုင်ငံခြားငွေ (ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့ခြင်းမှ   ရရှိထားသော   ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်း ) အား ရောင်းချမည်ဆိုလျှင် သက်ဆိုင် ရာ   AD  လိုင်စင်ရဘဏ်များမှ  Online Trading Platform တွင် တင်ပြ၍   အရောင်းအဝယ်ဆောင် ရွက်ရမည်ဖြစ်ပြီး ရောင်းချသူ၏ နိုင်ငံခြားငွေစာရင်းမှ ဝယ်ယူသူ၏ နိုင်ငံခြားငွေစာရင်းသို့   လွှဲပြောင်းပေး ရန်နှင့် မတူညီသောဘဏ်များအကြား လွှဲပြောင်းခြင်း ကိုလည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။ 


စက်သုံးဆီတင်သွင်းမည့်  ကုမ္ပဏီမှ   လိုင်စင် လျှောက်ထားရာတွင်   ဆန်၊   ဆန်ကွဲ၊   ပဲမျိုးစုံနှင့် ပြောင်းတင်ပို့ရာမှ     ပို့ကုန်ရငွေရရှိထားကြောင်း သို့မဟုတ်  ဆန်၊ ဆန်ကွဲ၊  ပဲမျိုးစုံနှင့်  ပြောင်းတင်ပို့ သည့် ကုမ္ပဏီမှ ပို့ကုန်ရငွေအား ဝယ်ယူထားကြောင်း အထောက်အထားအဖြစ် AD လိုင်စင်ရဘဏ်များမှ ထုတ်ပေးသည့် Credit Advice နှင့် Bank Statement မူရင်းအား     တင်ပြရမည်ဖြစ်ကြောင်းလည်း   သိရ သည်။                           

သစ်တော်