ဖြူးမြို့အနီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၉


ဒီဇင်ဘာ ၁၉ ရက် မြန်မာစံတော်ချိန် ၁၈ နာရီ၊ ၄၄ မိနစ်၊ ၂၆ စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက် တောင်ဘက် ၅၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၈ ဒသမ ၂၂ ဒီဂရီ၊   အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၆  ဒီဂရီ၊   အနက် ၁၄ ကီလိုမီတာကို ဗဟိုပြု၍ အင်အား  ရစ်(ခ်)တာစကေး   ၄ ဒသမ ၅ အဆင့်ရှိ   အင်အားအနည်းငယ်ရှိသော  ငလျင်လှုပ်ခဲ့ကြောင်း  တိုင်းထွာရရှိ သည်။                                             

မိုး/ဇလ