ထောင်မှပြန်လွှတ်ပေးထားသည့် တပ်မတော်သားများ ကွင်းကောက်မြို့တွင် နှစ်ပတ်သင်တန်း ပြန်တက်နေရကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၆     ဧရာဝတီတိုင်းဒေသကြီး မြို့နယ်များရှိ အကျဉ်း ထောင်များမှ လွတ်ငြိမ်းခွင့်ရရှိသည့်  စစ်သား ဟောင်း ၁၅၀ ကို ကွင်းကောက်မြို့ရှိ အမှတ်(၅)တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ပြီး ရက်တိုသင်တန်းများ သင်ကြား ပေးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ ဖြစ်သည့် Ayeyarwaddy Times မှ သတင်းတု၊ သတင်းအမှားများ လူမှုကွန်ရက်စာမျက်နှာ တွင် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင် ရာ ကွင်းကောက်မြို့နယ်ရှိ သင်တန်းကျောင်း မှ တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်းနှင့် ယင်းကဲ့သို့ သင်တန်း များ ပို့ချခြင်းမရှိကြောင်း သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် တည်ငြိမ်အေးချမ်းမှု     ပျက်ပြားစေရန်နှင့် တပ်မတော်အပေါ် အများပြည်သူ အထင်အမြင် လွဲမှားစေရန်ရည်ရွယ်၍  သတင်းတု၊ သတင်း မှားများကို       လုပ်ကြံလိမ်လည်ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း     သတင်းရရှိ သည်။
သတင်းစဉ်