
နေပြည်တော် ဒီဇင်ဘာ ၁၆ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အကျဉ်း ထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်း သားများကို အကျဉ်းထောင်တာဝန်ခံအရာရှိ များက ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်လျက်ရှိ ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာဖြစ်သည့် RFA မှ သတင်းတု၊ သတင်းအမှားများ လူမှု ကွန်ရက်စာမျက်နှာတွင် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်ထဲ ရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှု မရှိကြောင်း၊ အကျဉ်းထောင်တွင် ပုံမှန်အုပ်ချုပ် ရေးဆိုင်ရာလုပ်ငန်းများကို လုပ်ထုံးလုပ်နည်း များနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေမဲ့ လုပ်ဆောင်ခြင်းများ ပြုလုပ်ခြင်းမရှိ ကြောင်း ၊ ဝါဒဖြန့် ရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်းတု၊ သတင်းမှားများကို မြို့ရွာများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အများပြည်သူ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံလိမ်လည်ရေးသား၍ အချိန်ကိုက် ဖြန့်ဝေရေးသားနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။ သတင်းစဉ်