
ပြင်ဦးလွင် ဒီဇင်ဘာ ၁၆
နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရ၍ ပြင်ဦးလွင်မြို့ အမှတ် (၁) တပ်မတော် ဆေးရုံ(ခုတင်-၇၀၀) တွင် တက်ရောက် ကုသနေသော တပ်မတော်သားများအား မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် က အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ချီးမြှင့်ပေးအပ်ခြင်းနှင့် ဆေးပဒေသာပင်သို့ အလှူငွေများလှူဒါန်း ခြင်းအခမ်းနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါအစည်း အဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်က အလှူ ငွေများ၊ စားသောက်ကုန်၊ လူသုံးကုန် များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဆေးပဒေသာပင်သို့ အလှူငွေများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆေးပဒေသာပင်သို့ အလှူငွေကျပ် သိန်း ၁၀၀(ယာပုံ)နှင့် နိုင်ငံတော်ကာကွယ် ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများ အတွက် ငွေကျပ် ၉၇ သိန်းတန်ဖိုးရှိ အလှူငွေများ၊ စားသောက်ကုန်၊ လူသုံး ကုန်များအား ပေးအပ်လှူဒါန်းရာ တပ်မှူး က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ကာ လှူဒါန်းမှု အတွက် ကျေးဇူးတင်စကား ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ပြင်ဦးလွင်ခရိုင်/ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တွင် ဆေးဝါးတက်ရောက်ကုသနေ သော ဒဏ်ရာရ တပ်မတော်သားများအား အလှူငွေများ၊ စားသောက်ကုန်နှင့် လူသုံး ကုန်များကို ကုသဆောင်များ အရောက် သွားရောက်၍ ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)