နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

 

နေပြည်တော်     ဒီဇင်ဘာ    ၁၅


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော် (လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ် လေယာဉ်များတပ်တော်ဝင် ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ 


အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်    ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်နှင့်    ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်းနှင့်  ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်  (ရေ)ဗိုလ်ချုပ်ကြီး    မိုးအောင်နှင့်   ဇနီး၊     ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊   တပ်မတော်(လေ)မှ   အရာရှိ၊    စစ်သည်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။    


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   အမှာစကား ပြောကြားရာတွင် ယခင်က တပ်မတော်ပိုင်လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို (၁၃) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယခု (၁၄) ကြိမ်မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစားဖြစ် သည့်  Su-30 SME  တိုက်လေယာဉ်   နှစ်စင်းကို တပ်တော်ဝင်ပြီး  တပ်မတော်(လေ)သို့  လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လေယာဉ်များ ဖြည့်ဆည်းပေးနိုင်သည့်အတွက် တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်အားလုံး၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း။


အမြဲလေ့ကျင့်နေရမည်


ယနေ့မျက်မှောက်ခေတ်၏ ခေတ်သစ်စစ်ပွဲများ ကို   လေ့လာကြည့်မည်ဆိုပါက   လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအရေးပါသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လေကြောင်းစွမ်းအားသာလွန်မှုကို     အားပြုပြီး ရန်သူအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ကာ မိမိတပ်များ၏ စိတ်ဓာတ်နှင့်တိုက်စွမ်းရည် ပိုမိုဖြစ်ပေါ်လာစေရန် အတွက် လေကြောင်းစိုးမိုးမှု၊ လေကြောင်း အရေးသာ မှုများကို အဓိကထား ဆောင်ရွက်လာကြကြောင်း၊  မြင့်မားသော  လေကြောင်းစွမ်းအားကို ပိုင်ဆိုင်သည့် လေတပ်မတော်ဖြစ်လာစေရေးအတွက် တပ်မတော် (လေ)မှ အရာရှိ/ စစ်သည်များအားလုံး အမြဲလေ့ကျင့် နေရမည်ပင်ဖြစ်ကြောင်း။


စစ်နည်းဗျူဟာ ကျွမ်းကျင်မှု၊ လေကြောင်းအကဲ သာမှုနှင့် အီလက်ထရောနစ် နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းများ     ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတို့သည်   စစ်ပွဲ၏   အနိုင်အရှုံးကို အဓိက အဆုံးအဖြတ်ပေးသည့်အတွက် တပ်မတော် (လေ)အနေဖြင့် နည်းပညာတိုးတက်လာမှုနှင့်အတူ ပြောင်းလဲကျင့်သုံးလာသည့်   စစ်နည်းဗျူဟာများ နှင့်   စစ်လက်နက်ပစ္စည်းများကို    ခေတ်နှင့်အညီ ကျွမ်းကျင်စွာ အသုံးချနိုင်ရန် စဉ်ဆက်မပြတ်လေ့ကျင့် ရေးကို အလေးအနက်ထားလုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်(လေ)ကို    ကျစ်လျစ်ပြီး စွမ်းရည်ထက်မြက်သည့်   ခေတ်မီလေတပ်မတော် အဖြစ်  တည်ဆောက်ရာတွင်  ကျွမ်းကျင်ပြီး  အရည် အချင်း/အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်း အမြစ်များ လေ့ကျင့်ပေးရေးသည် အလွန်ပင်အရေး ကြီးကြောင်း၊ လေယာဉ်များကို ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်သည့်   လေသူရဲများသည်   လေယာဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်သကဲ့သို့ လေယာဉ် တွင် တပ်ဆင်ထားသည့် စစ်လက်နက်ပစ္စည်းများကို ထိရောက်ကျွမ်းကျင်ပိုင်နိုင်စွာ    ပစ်ခတ်နိုင်စေရန် အမြဲတမ်းလေ့ကျင့်နေရန်လိုကြောင်း၊ တပ်မတော် (လေ)မှ စက်မှုလက်မှု၊ လေကြောင်းထိန်း၊ ရေဒါ၊ မိုးလေဝသ    စသည့်လေကြောင်းဆိုင်ရာလုပ်ငန်း နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြ သည့် အရာရှိ/စစ်သည်များ အားလုံးအနေဖြင့် မိမိတို့ ကိုင်တွယ်အသုံးပြုနေသည့် စက်ပစ္စည်းကိရိယာများ ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန်  ခေတ်နှင့် အညီ ပြောင်းလဲတိုးတက်နေသော နည်းပညာများနှင့် အတူ    လိုက်လျောညီထွေ   ပြောင်းလဲလာသော စစ်မဟာဗျူဟာ၊   စစ်နည်းဗျူဟာများကို “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့်  လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


စွမ်းစွမ်းတမံ တိုက်ပွဲဝင်နိုင်ခဲ့


တပ်မတော်(လေ)အနေဖြင့်  သမိုင်းကြောင်း တစ်လျှောက် ပိုင်နက်ဝေဟင် စိုးမိုးရေးနှင့်လေကြောင်း ရန်     ကာကွယ်ရေးတာဝန်များသာမက    ပြည်တွင်း သောင်းကျန်းမှုနှိမ်နင်းရေး     စစ်ဆင်ရေးများတွင် ခေတ်အဆက်ဆက်         တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်ပကျူးကျော်မှု၊     ပြည်တွင်းသောင်းကျန်းမှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကဏ္ဍများတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ ပြည်သူလူထု နှင့်အတူလက်တွဲပြီး စွမ်းစွမ်းတမံ တိုက်ပွဲဝင်နိုင်ခဲ့ ကြောင်း။


မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်စဉ်ကို လေ့လာ ကြည့်မည်ဆိုပါက ၂၀၂၀ ပြည့် နှစ် ရွေးကောက်ပွဲတွင် NLD ပါတီမှ မဲမသမာမှုများ ကျူးလွန်ခဲ့ပြီး ဥပဒေ ကို   အလွဲသုံးစားလုပ်ကာ   နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုးပမ်း လုပ်ဆောင်လာခြင်းကြောင့် တပ်မတော်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်တာဝန်ကို မဖြစ်မနေ ထိန်းသိမ်း ခဲ့ရခြင်းဖြစ်ကြောင်း၊ တရားမဝင် NUG ၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်များ ကျူးလွန်ခဲ့ကြသည့် လုပ်ရပ်များသည် နိုင်ငံတကာက သတ်မှတ်ထားသည့် အကြမ်းဖက်မှုပုံစံများနှင့် ထပ်တူညီနေသည်ကိုလည်း တွေ့ရှိရကြောင်း။


လက်ဆင့်ကမ်းအမွေ ဆက်လက်ထိန်းသိမ်း


ထို့ကြောင့် နယ်မြေဒေသများတည်ငြိမ်အေးချမ်း ပြီး ပြည်သူများ၏ လူနေမှုဘဝ အေးချမ်းစွာရှိနေရန် အတွက် တပ်မတော်က လက်နက်ကိုင်သောင်းကျန်း သူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများကို တရားသောစစ်ပွဲများဆင်နွှဲလျက် ချေမှုန်းနှိမ်နင်းရာ တွင် တပ်မတော်(လေ)အနေဖြင့် ကြည်း၊ ရေ၊ လက်ရုံး တပ်ဖွဲ့များနှင့်   ပူးပေါင်း၍    စစ်ဆင်ရေးများတွင် လေကြောင်းစွမ်းအားကို ထိထိရောက်ရောက်အသုံးချ ကာ   တစ်တပ်တစ်အား   ပါဝင်ဆင်နွှဲနေသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရကြောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြီးခဲ့သည့် အောက်တို ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် အခြား တိုင်းစစ်ဌာနချုပ်နယ်မြေများ၌ ဖြစ်ပွားလျက်ရှိသည့် စစ်ဆင်ရေးများတွင်    လေတပ်စစ်သည်တော်များ အနေဖြင့် တပ်မတော်(လေ) တွင် ရှိသည့် လေယာဉ်/ ရဟတ်ယာဉ်များကို    စွမ်းအားပြည့်အသုံးပြုပြီး တိုက်ပွဲအောင်နိုင်ရေးအတွက် စွန့်လွှတ်စွန့်စားစိတ် ဖြင့်    သက်စွန့်ဆံဖျား   ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ကြ ကြောင်း၊ ထိုအတွက်လည်း တိုက်ပွဲဝင်စစ်သည်များ အားလုံးကို    ချီးကျူးဂုဏ်ပြုပါကြောင်း၊    ထိုသို့ မြင့်မြတ်သည့် အစဉ်အလာကောင်းများကို လေးစား တန်ဖိုးထားပြီး   လက်ဆင့်ကမ်းအမွေ   ဆက်လက် ထိန်းသိမ်းကြရန်ကိုလည်း      တိုက်တွန်းမှာကြား လိုကြောင်း။


တပ်မတော်(လေ)အနေဖြင့် ဖြတ်သန်းလာသည့် (၇၆)နှစ်တာ ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်များအပြင်   သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီရှာဖွေကယ်ဆယ်ရေး၊      လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ   အကူအညီပေးရေး    စသည့် ကဏ္ဍအသီးသီးတွင် ကျရာနေရာမှ ပေးအပ်လာသည့် တာဝန်များကို  ကျေပွန်စွာ  ထမ်းဆောင်နေသည် ကိုလည်း   တွေ့ရမည်ဖြစ်ကြောင်း၊   ထို့ကြောင့် တပ်မတော်(လေ) အနေဖြင့် သမားရိုးကျစစ်ဆင်ရေး များ၊ သမားရိုးကျမဟုတ်သည့် စစ်ဆင်ရေးများနှင့် ပြည်သူ့အကျိုးပြုစစ်ဆင်ရေးများတွင် တပ်မတော် (ကြည်း)၊ တပ်မတော်(ရေ)တို့နှင့် အတူ လက်တွဲလျက် ပြည်သူလူထုအတွက် ကျရာအခန်းကဏ္ဍမှ ပေးအပ် သည့် တာဝန်များကို အားကြိုးမာန်တက် ကျေပွန်စွာ ဆက်လက်ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြား လိုကြောင်း။


နည်းလမ်းကောင်းများကို ရှာဖွေ


တပ်မတော်(လေ)အနေဖြင့်    နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံအသီးသီး၏ လေကြောင်းစွမ်းအား တိုးတက်တည်ဆောက်နေမှုကိုလည်း အချိန်နှင့်အမျှ လေ့လာသုံးသပ်ရင်း  ထိရောက်သော  လေကြောင်း စွမ်းအားနှင့် လေကြောင်းအာကာသ  စွမ်းအားကို ပိုင်ဆိုင်သည့် ကျစ်လျစ်ပြီး စွမ်းရည်ထက်မြက်သော တပ်မတော်(လေ)ဖြစ်အောင်  အမြဲတမ်းတွေးတော ကြံဆကာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊  မိမိတို့၏   လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာသာမက စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ    ကဏ္ဍနှစ်ရပ်လုံးကို အားသွန်ခွန်စိုက်   တိုးမြှင့်တည်ဆောက်ရန်လိုအပ် ကြောင်း၊ တပ်မတော်(လေ)အနေဖြင့် ခေတ်သစ်စစ်ပွဲ များအတွင်း နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် တို့၏ အခန်းကဏ္ဍသည်   ပဋိပက္ခများ၏  ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်သည်ဟု ခိုင်ခိုင်မာမာယုံကြည် ထားသကဲ့သို့ ယခင်အတိတ်ကာလ  အတွေ့အကြုံ များမှ သင်ခန်းစာရယူပြီး အနာဂတ်ကာလအတွက် အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်း ကောင်းများကို ရှာဖွေသွားရမည်ဖြစ်ကြောင်း။


ယနေ့   တပ်တော်ဝင်မည့်    Su-30    SME  တိုက်လေယာဉ်များသည်   စတုတ္ထမျိုးဆက်လွန်   တိုက်လေယာဉ်များဖြစ်သည့်အတွက်  ယခုကဲ့သို့ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော် (လေ) ၏ လေကြောင်းစွမ်းအားကို တိုးမြှင့်ပေးရာရောက်သကဲ့ သို့ တပ်မတော်(လေ)၏  အနာဂတ်ရည်မှန်းချက် ဖြစ်သည့် လေကြောင်းစွမ်းအားနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်အများစုကို ထိရောက်စွာ စွမ်းဆောင် နိုင်သော မဟာဗျူဟာမြောက်  စွမ်းရည်အချို့ကို ပိုင်ဆိုင်သည့် နည်းဗျူဟာမြောက် လေတပ်အဖြစ် ကူးပြောင်းရပ်တည်နိုင်ရန်    ခြေလှမ်းသစ်တစ်ရပ် ဖြစ်သည်ကို ပြောကြားလိုကြောင်း။

 

တပ်မတော်၏ဂုဏ်ကို မြှင့်တင်


တပ်မတော်(လေ)အနေဖြင့် သမိုင်းအဆက်ဆက် တိုင်းပြည်တာဝန်များကို     ကျရာအခန်းကဏ္ဍမှ ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သကဲ့သို့ ဒို့တာဝန် အရေးသုံးပါးကို   အစဉ်ဦးထိပ်ထားပြီး   နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့်    နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် ပြီး တပ်မတော်၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်ကြရန်၊ ယနေ့တပ်တော်ဝင်ပေးလိုက်သည့် လေယာဉ်များကို စစ်သည်တော်ကျင့်ဝတ်ပါ “ မိမိလက်နက်ကို ခင်မင် မြတ်နိုးပါ” ဆိုသည့်အတိုင်း စည်းကမ်းစနစ်တကျ မြတ်နိုးစွာကိုင်တွယ်ပျံသန်းပြီး တပ်မတော်၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရန်၊ တပ်တွင်းစည်းလုံး ညီညွတ်ရေး၊ တပ်ပြင်စည်းရုံးရေးတို့ကို အမြဲခိုင်မာ အောင်   တည်ဆောက်သွားပြီး    တပ်မတော်၏ ကောင်းမြတ်သည့်     အစဉ်အလာကောင်းများကို သားစဉ်မြေးမြစ်   မျိုးဆက်သစ်များက   အသက်နှင့် ထပ်တူ  ထိန်းသိမ်းစောင့်ရှောက်ကာ   ကမ္ဘာတည်သရွေ့ မြန်မာတည်စေရန် အားလုံးဝိုင်းဝန်းဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး   ဇော်ဝင်းမြင့်က   လေယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင်ထံ   ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ်  လေယာဉ်ပုံစံငယ်ကို  ဂါရဝပြုပေးအပ်သည်။


စွမ်းရည်ပြ ပျံသန်းခြင်းများဆောင်ရွက်


ဆက်လက်၍ စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်ဖြစ်သည့်  Su-30 SME တိုက်လေယာဉ်  တစ်စင်းက  ပျံသန်းအလေးပြုပြီး ၎င်းတိုက်လေယာဉ်၏ အဆင့်မြင့် လှုပ်ရှားစစ်ကစားမှု (High Performance Maneuver) များကို စွမ်းရည်ပြ ပျံသန်းခြင်းများ ဆောင်ရွက်သည်။ 


ထိုသို့စွမ်းရည်ပြသရာတွင်   Tail Slide   ဟု ခေါ်သော ဒေါင်လိုက်ပျံတက်ပြီး  အမြန်နှုန်း Zero သို့  လျှော့ချကာ  အောက်သို့   ဒေါင်လိုက်ပြန်လည် လျှောကျသည့်  ပျံသန်းမှုပုံစံအား  သရုပ်ပြခြင်းနှင့် Multiple Roll ဟုခေါ်သည့် မိမိလေယာဉ်နောက်မှ ထက်ကြပ်မကွာ   လိုက်လာသည့်   လေယာဉ်ကို လှည့်စားသည့်အနေဖြင့် ဘယ် သို့မဟုတ် ညာသို့ Multiple Roll ပြုလုပ်ကာ စစ်ကစားပျံသန်းမှုပုံစံတို့ကို သရုပ်ပြပျံသန်းသည်။


ယင်းနောက် Oblique Loop  ဟု   ခေါ်သည့် လေယာဉ်အား   ဘယ်   သို့မဟုတ်   ညာဘက်သို့ စောင်း၍ ဒေါင်လိုက်အပေါ်သို့ ဆွဲတင်ကာ စက်ဝိုင်း ပုံစံသရုပ်ပြ ပျံသန်းခြင်း၊ အမြန်နှုန်း 100 Km/hr ခန့် နှင့်ပျံသန်းသော Slow Flight ဖြင့် အလေးပြုပျံသန်း ခြင်း နှင့် Flat Spin ဟုခေါ်သည့် ရေပြင်ညီအပြားလိုက် လည်ကျသော   ပျံသန်းမှုပုံစံအား   သရုပ်ပြသသည်။ Flat Spin Maneuver   သည်   သာမန်ဂျက်တိုက် လေယာဉ်များ မပြုလုပ်နိုင်သော ပျံသန်းမှုအမျိုးအစား ဖြစ်ပြီး Su-30 SME တိုက်လေယာဉ်တွင်မူ လေယာဉ် ၏အင်ဂျင်ပိုင်း၊     ကိုယ်ထည်ပိုင်းနှင့်   ပျံသန်းမှု ထိန်းသိမ်းသည့်စနစ်များကို  အဆင့်မြင့်နည်းပညာများ နှင့် ပေါင်းစပ်ပြုလုပ်ထားသောကြောင့်   Flat Spin Maneuver  ကို   ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။


သရုပ်ပြပျံသန်း


ထို့နောက်   Su-30   တိုက်လေယာဉ်သည် Maximum Banking Turn ဟု ခေါ်သည့် Radius of Turn အကျဉ်းဆုံးဖြင့် ကွေ့ပျံသန်းခြင်းကို သရုပ်ပြ ပျံသန်းပြီး  လေယာဉ်ပြေးလမ်း၏  တောင်ဘက်မှ တစ်ဆင့် ကွင်းအတွင်းသို့ ပြန်လည်ဆင်းသက်သည်။


ဆက်လက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်   တပ်တော်ဝင်လေယာဉ်များ အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ယင်းနောက်      တပ်တော်ဝင်လေယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်