ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်  ဇွန်  ၂၄


ခရီးသွားလုပ်ငန်း     ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့် ပထမအကြိမ် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး ကျင်းပရေးဆိုင်ရာ  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံး နီလာခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင်      ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက် စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ခြင်း၊ Pilot Project များ ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့် ခရီးသွားဈေးကွက် ရှာဖွေ မြှင့်တင်ခြင်းပါဝင်သည့် အဆင့် (၃)ဆင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအဆင့်ဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင်    ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက် နိုင်ခဲ့ပြီး     ဒုတိယအဆင့်အနေဖြင့်   ကျင်းပမည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Pilot Project  (၅)ခု ကို  သက်ဆိုင်ရာ  ခရီးစဉ်ဒေသများ၌  ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်သည်များကို စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယအဆင့် အနေဖြင့်      နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှုအပေါ်  မူတည်၍  Inbound ခရီးသွားလုပ်ငန်း  ပြန်လည်စတင်ရန်  ဈေးကွက် အလိုက် လုပ်ငန်းဆောင်ရွက်မှုများ၏ လိုအပ်ချက် များ၊   ခရီးသည်များ၏  လိုအပ်ချက်များကို  ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန်   စီစဉ်ဆောင်ရွက် ထားရှိပါကြောင်း။


ယခုအခါတွင်  မြန်မာနိုင်ငံရှိ  တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင်   ကိုဗစ်-၁၉  တတိယလှိုင်း ပြန်လည်ဖြစ်ပေါ်နေသဖြင့် အရှိန်ရရှိခါစ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ   ထိခိုက်ဆုံးရှုံးမှု  မဖြစ်ပေါ် စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ   လုပ်ငန်းများ အရှိန်အဟုန် မပျက် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးဆောင်ရွက်နိုင်ရန် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း။


အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်ကြ မည့်သူများကို   ဖိတ်ကြားရေးနှင့်  အစည်းအဝေး ကျင်းပရေးများ စီမံဆောင်ရွက်ရာတွင်လည်း လိုအပ် ချက်များမရှိစေရန် ဝိုင်းဝန်းပူးပေါင်းပြီး စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြား သည်။


ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူ များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင် ရွက်ထားရှိမှုများကို အသေးစိတ် ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက    လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                          

 

သတင်းစဉ်