
နေပြည်တော် ဇွန် ၂၄
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသား(ဘောလုံး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပသည်။ (ယာပုံ)
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ် ကြီး မြထွန်းဦး၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည် ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပြိုင်ပွဲဝင်အသင်း များမှ အုပ်ချုပ်သူ၊ နည်းပြများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက် ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသား (ဘောလုံး) ပြိုင်ပွဲကို မြန်မာ့ဘောလုံး အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေးနှင့် သွေးသစ်လူငယ် ဘောလုံးသမားများ စဉ်ဆက် မပြတ် ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဘောလုံးအားကစား သမားများအချင်းချင်း သွေးစည်း ညီညွတ်မှုနှင့် ပြည်ထောင်စု စိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားလာစေရေးတို့ကို ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း။
စနစ်တကျဆောင်ရွက်
ပြည်သူတစ်ရပ်လုံး အားကစား ကို စိတ်ပါဝင်စားပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက် လာစေရေးနှင့် အားကစားအဆင့် အတန်း တိုးတက်မြင့်မားရေး အတွက် ရပ်ကွက်၊ ကျေးရွာများမှ စ၍ ခရိုင်၊ မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နှစ်စဉ် အားကစား ပြက္ခဒိန်ရေးဆွဲပြီး စနစ်တကျ အကောင်အထည် ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ ထို့ပြင် ကျောင်းသား အားကစားပြိုင်ပွဲ များနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ပြန်လည် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း။
ရွေးချယ်လေ့ကျင့်ပေး
မြန်မာ့ ဘောလုံးအားကစား အရှေ့တောင်အာရှနှင့် အာရှဒေသ နယ်ပယ်တွင် အောင်မြင်စွာ ရပ်တည်နိုင်ရေးသည် ပြည်သူ တစ်ရပ်လုံး၏ လိုလားချက်ဖြစ် သည်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်း ချက်တစ်ရပ်အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ယနေ့ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲမှ ထူးချွန် ထက်မြက်သည့် သွေးသစ် ဘောလုံးသမားများ ပေါ်ထွက်လာ စေရေးအတွက် မြန်မာ့လက်ရွေးစင် လူငယ်ဘောလုံး အသင်းက သွေးသစ်လူငယ် ဘောလုံးကစား သမားများကို ရွေးချယ်လေ့ကျင့် ပေးပြီး နိုင်ငံ့ကိုယ်စားပြု ပါဝင် ကစားနိုင်သည်အထိ အောင်မြင်မှု များရရှိနိုင်ရန် လေ့ကျင့်ပေးသွား မည်ဖြစ်ကြောင်း။
ဖွင့်လှစ်
ပြိုင်ပွဲဝင် အားကစားသမား များအနေဖြင့် အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင် ကစားကြရန်နှင့် ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှု ကင်းရှင်းပြီး သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားကာ ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုး သား (ဘောလုံး) ပြိုင်ပွဲကို ဖွင့်လှစ် ပေးသည်။
ယနေ့ပွဲစဉ်အဖြစ် ရှမ်းပြည် နယ်အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက်အမျိုးသား (ဘောလုံး) ပြိုင်ပွဲများကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၈ ရက်အထိ ဝဏ္ဏ သိဒ္ဓိလေ့ကျင့်ရေးကွင်း (၁) နှင့် ကွင်း (၃) တို့၌ နံနက် ၇ နာရီနှင့် ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပြီး ဘောလုံး အားကစားနည်းကို စိတ်ပါဝင် စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင် ကြောင်း သိရသည်။
သတင်းစဉ်