နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံ၊ RIA သတင်းဌာနမှ သိရှိလိုသည်များအား လက်ခံဖြေကြား

နေပြည်တော်   ဇွန်    ၂၄


ရုရှားဖက်ဒရေးရှင်း          နိုင်ငံ၌ ရောက်ရှိနေသည့်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်   ယနေ့   ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊  RIA  သတင်းဌာနမှ အထူး သတင်းထောက် Ms. Kukushkina Tatiana အား ခေတ္တတည်းခိုလျက် ရှိသည့်   Metropol  Hotel   ၌ လက်ခံတွေ့ဆုံ၍       သိရှိလိုသည် များကို ဖြေကြားသည်။


ပြည့်ပြည့်စုံစုံ 
ရှင်းလင်းပြောကြား


ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ယခုလာရောက်သည့်   (၉)ကြိမ် မြောက်   နိုင်ငံတကာ  လုံခြုံရေး ဆိုင်ရာညီလာခံ (Moscow Con-ference on International Sec-urity-2021(MCIS-2021))      သို့ တက်ရောက်ခဲ့သည့် အခြေအနေ များနှင့်   မော်စကိုတွင်   တွေ့ဆုံ ဆွေးနွေးမှုများ    ဆောင်ရွက်နိုင် ခဲ့သည့် အခြေအနေ၊ ရုရှား-မြန်မာ စစ်ဘက်     နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်  အခြား ကဏ္ဍပေါင်းစုံတွင်    ဆက်လက် ပူးပေါင်း    ဆောင်ရွက်သွားမည့် အခြေအနေ၊       မြန်မာနိုင်ငံ၏ နိုင်ငံရေး      ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ၊      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အစိုးရ၏ ဥပဒေနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည့်          အခြေအနေ၊ COVID-19     ရောဂါ  ကာကွယ်၊ ကုသ၊       ထိန်းချုပ်ရေးဆိုင်ရာ လုပ်ဆောင်ထားရှိမှု   အခြေအနေ နှင့်    အခြားသိရှိလိုသည်များကို မေးမြန်းရာ      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး   ဦးစီး ချုပ်က   ပြည့်ပြည့်စုံစုံ  ရှင်းလင်း ပြောကြားခဲ့ကြောင်းနှင့်  မေးမြန်း ဖြေကြားမှု        အပြည့်အစုံကို ဆက်လက်   ဖော်ပြသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်