ကောလင်းမြို့နှင့် အင်းတော်မြို့တို့၌ Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်ဟု ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ  ၅
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း မြို့နယ်နှင့် အင်းတော်မြို့နယ်မှ Non -  CDM   ဝန်ထမ်းများအား အလင်းဝင်ရန် အမိန့်ကြေညာစာ ထုတ်ပြန်ပြီးနောက်ပိုင်း ပညာရေး ဝန်ထမ်းများ   အပါအဝင်   Non-CDM   ဝန်ထမ်းများ    အလင်း ဝင်ရောက်ခဲ့သည်ဟု   ပြည်ဖျက် မီဒီယာများက    လူမှုကွန်ရက် စာမျက်နှာများတွင်   သတင်းတု သတင်းမှားများ     ဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။ 
အဆိုပါသတင်းနှင့်ပတ်သက် ၍      စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်နှင့် အင်းတော် မြို့နယ်တို့၌ တာဝန်ထမ်းဆောင် လျက်ရှိသည့်  တာဝန်ရှိသူများ၏ ဖြေကြားချက်အရ   မဟုတ်မှန် ကြောင်း၊   မိမိတို့     အနေဖြင့်  တာဝန်ကျရာဌာနများမှာ   ပုံမှန် အတိုင်း တာဝန်ထမ်းဆောင်လျက် ရှိကြောင်း၊ သတင်းအမှားသာဖြစ် ကြောင်းနှင့်    တရားမဝင်အဖွဲ့ အစည်းဖြစ်သည့် NUG မှ  Non-CDM    ဝန်ထမ်းများ    အလင်း ဝင်ရောက်ကြရန်ဟု ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း   နိုင်ငံ့ ဝန်ထမ်းများအား CDM ပြုလုပ်ရန် လက်နက်အားကိုးဖြင့်    အဓမ္မ ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ် ဖိအားပေးခြင်းတို့ကို လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။ 
နိုင်ငံ့တာဝန်များကို ဦးလည် မသုန်ကျေပွန်စွာ    ထမ်းရွက်နေ ကြသည့်    နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာလုပ်ကိုင်၊   နေထိုင် လိုကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား အကြမ်းဖက်မှု လုပ်ရပ်များကို အားပေးလှုံ့ဆော် နေသည့်   တရားမဝင်ပြည်ဖျက် မီဒီယာများမှ   ထိုသို့    စိုးရိမ် ထိတ်လန့်ဖွယ်ရာ ကောလာဟလ သတင်းများ ရေးသားဖြန့်ဝေခြင်း သာဖြစ်ပြီး    နိုင်ငံတော်အစိုးရ အနေဖြင့်    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်   တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို   အရှိန် အဟုန်မပျက်  ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။                        သတင်းစဉ်