အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ ရန်ကုန်မြို့၌ပြုလုပ်

 

နေပြည်တော်   ဒီဇင်ဘာ    ၅
မြန်မာ့အမျိုးသားရေး ကွန်ရက် အဖွဲ့မှ  ဦးဆောင်ပြီး  “အလုံးစုံ ပျက်သုဉ်းရေးကို    လုပ်ဆောင် နေသော အကြမ်းဖက်အဖွဲ့များ၏   အကြမ်းဖက်     လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ”  ကို  ယနေ့ နံနက်ပိုင်းတွင်         ရန်ကုန်မြို့  မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေး  ယာဉ်ရပ်နားကွင်း၌ ပြုလုပ်ခဲ့ကြသည်။
ငြိမ်သက်စွာဂါရဝပြု
ဦးစွာ  အကြမ်းဖက်လုပ်ရပ် များအား     ဆန့်ကျင်ရှုတ်ချပွဲကို တက်ရောက်    လာကြသူများက နိုင်ငံတော်အလံအား   အလေးပြု ခြင်း၊    နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခြင်းများ ဆောင်ရွက် ခဲ့ကြပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်များ    ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့်  တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများ၊    ပြည်သူများ အား ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ်    တစ်မိနစ်   ငြိမ်သက်စွာ ဂါရဝပြုခဲ့ကြသည်။
ဆန္ဒများကိုဖော်ထုတ်
ထို့နောက်     အမျိုးသားရေး တက်ကြွလှုပ်ရှားသူ    တစ်ဦးက နိုင်ငံတော်အတွင်း     အချို့သော ဒေသများ၌     အကြမ်းဖက်သမား များအနေဖြင့်      အများပြည်သူ အသုံးပြုနေသည့် လမ်းတံတား များကို ဖျက်ဆီးခြင်း၊ လျှပ်စစ် တာဝါတိုင်များနှင့်   ဆက်သွယ်ရေး တာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အား ပေးရုံများကို     ဖောက်ခွဲဖျက်ဆီး ခြင်း စသည့် အကြမ်းဖက်လုပ်ရပ် များကို     လုပ်ဆောင်လျက်ရှိ ကြောင်း၊   ထို့ကြောင့်   တည်ငြိမ် အေးချမ်းမှုများ         ဆုံးရှုံးကာ ကုန်စည် ကူးသန်းရောင်းဝယ်ရေး များတွင် အခက်အခဲများ  ကြုံတွေ့ နေရပြီး ဒေသခံ ပြည်သူလူထုတို့၏  အသက်အိုးအိမ်     စည်းစိမ်များ   ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိသဖြင့်        အကြမ်းဖက်မှုများ     ပပျောက်        ချုပ်ငြိမ်းစေရေး တည်ငြိမ်အေးချမ်းစွာဖြင့်   မိမိ တို့၏    ဆန္ဒများကို   ယခုကဲ့သို့    ဖော်ထုတ်ရခြင်း    ဖြစ်ကြောင်း   ပြောကြားပြီး  တက်ရောက်လာကြ သူများက      “နိုင်ငံတော်အား ကာကွယ်ရေး   -   တို့ပြည်သူ အားလုံးပါဝင်ပေး၊        အလုံးစုံ ပျက်သုဉ်းရေး  လုပ်ဆောင်နေတဲ့ အကြမ်းဖက်လုပ်ရပ်များ - အလို မရှိ၊   နောက်ကွယ်ကနေ  အကြမ်း ဖက်       အားပေးလုပ်ရပ်များ - ချက်ချင်းရပ်၊   ဒို့နိုင်ငံ   ပျက်စီး အောင်  အဖျက်သမားအားပေး နိုင်ငံများ - အလိုမရှိ” အစရှိသည့် ကြွေးကြော်သံကို  ကြွေးကြော်ခဲ့ ကြသည်။
အကြမ်းဖက်လုပ်ရပ်များ
ဆန့်ကျင်
အဆိုပါ အကြမ်းဖက်လုပ်ရပ် များအား     ဆန့်ကျင်ရှုတ်ချပွဲကို    မြန်မာ့အမျိုးသားရေး    ကွန်ရက် အဖွဲ့မှ  ဦးဆောင်ပြီး  အမျိုးသား ရေး     တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေး ပါတီဝင်များ၊ အကြမ်း ဖက်လုပ်ရပ်များကို    ဆန့်ကျင် သည့်  ပြည်သူများ  ပူးပေါင်းပါဝင်      ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။                    သတင်းစဉ်