နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ရုရှားနိုင်ငံ၏ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်တို့အား ရုရှားသမ္မတမှ ပေးအပ်ချီးမြှင့်သည့်ဘွဲ့တံဆိပ်များနှင့် မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးချက်များ၊
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေ၊
၅-၁၂-၂၀၂၃ ရက်နေ့ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းတိုက်နယ်ဖြစ်စဉ်၊ 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊
မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ဒီနေ့မှာတော့    ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊    နိုင်ငံတော်လုံခြုံရေး ကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV နဲ့ တွဲဖက်အတွင်း ရေးမှူးပြီးရင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအပါအဝင် ရုရှားနိုင်ငံရဲ့ကိုယ်စားလှယ်အဖွဲ့  မြန်မာ နိုင်ငံကို ရောက်ရှိပါတယ်။ အဓိကကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် ကချီးမြှင့်တဲ့ Order of Alexander Nevsky ဘွဲ့တံဆိပ်လာရောက် ပေးအပ်ခြင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ရုရှားသမ္မတနိုင်ငံ က ချီးမြှင့်တဲ့ဘွဲ့တံဆိပ်များ လာရောက်ပေးအပ်ခြင်း၊ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရေးဆိုင်ရာ ဆွေးနွေးမှု များပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ ရုရှားနဲ့မြန်မာ  ချစ်ကြည် ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်း တမံဆောင်ရွက်နိုင်ခဲ့လို့ ဒီဘွဲ့တံဆိပ်များ  ပေးအပ်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်လုံခြုံရေးကောင်စီအတွင်းရေးမှူးကို မြန်မာနိုင်ငံက ဘွဲ့တံဆိပ်ပေးအပ်တဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ သရေစည်သူဘွဲ့ပေးအပ်ခြင်းအခမ်း အနား ဖြစ်ပါတယ်။  ဆက်လက်ပြီးတော့ ဒီဘွဲ့တံဆိပ်များပေးအပ် ပြီးတဲ့အခါမှာ နှစ်နိုင်ငံဆွေးနွေးမှုများ   ဆောင်ရွက်ခဲ့ပါတယ်။   ဒီ နှစ်နိုင်ငံဆွေးနွေးမှုကတော့ အချိန်နှစ်နာရီနီးပါး ကြာခဲ့ပါတယ်။ ဒီမှာ တော့ နိုင်ငံတကာရေးရာကိစ္စတွေ၊ အာဆီယံရေးရာကိစ္စတွေ အဓိက ဆွေးနွေးခဲ့ပါတယ်။ ပြီးရင်  နိုင်ငံတကာမှာဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေ၊ နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အပေါ်မှာ နှစ်နိုင်ငံရဲ့အမြင်တွေ၊  နှစ်နိုင်ငံရဲ့   သဘောထားရပ်တည်ချက်တွေ၊ ပြီးရင် နိုင်ငံတကာမျက်နှာစာမှာ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက် ကနေပြီး   အစဉ်အမြဲရပ်တည်သွားမယ်ဆိုတဲ့   ရပ်တည်ချက်တွေ၊ ပြီးရင် မြန်မာနိုင်ငံရဲ့ဒေသတွင်းသဘောထားအမြင်တွေ၊ လက်ရှိဖြစ် ပေါ်နေတဲ့အခြေအနေတွေကို   ကျယ်ကျယ်ပြန့်ပြန့်  ဆွေးနွေးနိုင်ခဲ့ ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင် ရေးအတွက် ကဏ္ဍစုံပေါ့၊  ကဏ္ဍစုံဆိုတဲ့နေရာမှာ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍ၊ ဒီကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍတွေအပြင် ငွေရေးကြေးရေးဆိုင်ရာကဏ္ဍတွေ၊ ပြီးရင် ကုန်သွယ်မှုဆိုင်ရာ ကဏ္ဍတွေ၊ အဓိကကတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ စွမ်းအင်လျှပ်စစ်ကဏ္ဍတွေကို အဓိကထားပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြီးရင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးလာမယ့် သံမဏိလုပ်ငန်း၊ ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်း ဒီလုပ်ငန်းတွေကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ပြီးရင်တော့ မြန်မာ နိုင်ငံရဲ့အနာဂတ်အတွက် ကျန်းမာရေး၊ ပညာရေးကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်တွေ၊ ပညာတော်သင် နဲ့ပတ်သက်ပြီး   ပညာတော်သင်ကိစ္စရပ်တွေ   နယ်ပယ်တော်တော် များများကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့်  ဆွေးနွေးနိုင်ခဲ့ပါတယ်။ ယခင်နှစ်တုန်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်သမ္မတ မစ္စတာ ဗလာဒီမာပူတင်နဲ့ ကျွန်တော်တို့မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ တွေ့စဉ်အခါတုန်းကလည်း ရုရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသည်  ရုရှားနိုင်ငံအတွက်   အရှေ့တောင် အာရှမှာ   ယုံကြည်စိတ်ချရမှုအရှိဆုံးနဲ့   ခိုင်မာမှုအရှိဆုံးနိုင်ငံလို့ သတ်မှတ်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆက်ဆံရေး၊ ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးကိစ္စတွေက ရှေ့ဆက်ပြီးတော့တိုးတက်ဆောင်ရွက်သွားမယ့် ကိစ္စတွေဖြစ်ပါတယ်။ နယ်ပယ်စုံ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်ပယ်စုံ၊ ကဏ္ဍစုံ သဘောထားတူညီစွာရပ်တည်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
နောက်တစ်ခုက ဒီနေ့မှာတော့ ကျွန်တော်တို့နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားများ လွှဲပြောင်းပေးမှု အနေနဲ့ အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၀၄ ဦးကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။  အောက်တိုဘာလ ၃၁  ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အထိ စုစုပေါင်း ၁၁၁၈၃ ဦး လွှဲပြောင်းခဲ့ပြီး ဖြစ်ပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေး၊ လုံခြုံရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

 


ဒီနေ့မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်အနေနဲ့ ပထမဦးဆုံး က ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်   မုန်းတိုက်နယ်မှာဖြစ် တဲ့ကိစ္စဖြစ်ပါတယ်။ အင်အား ၁၅၀၀ လောက်နဲ့ မုန်းတစ်နယ်လုံးကို သိမ်းပြီးပြီ၊ မုန်းတိုက်နယ်တစ်ခုလုံးကို သိမ်းပြီးပြီ ဆိုတဲ့ ကောလာဟလလွှင့်ထုတ်မှုမျိုးတွေရှိပါတယ်။ ဒီမနက်အထိလည်းရှိတာပါပဲ။ အားရပါးရရေးနေတာတွေလည်း  ရှိတယ်။ အနောက်နိုင်ငံအားပေး မီဒီယာတွေ၊ အနောက်နိုင်ငံကထောက်ပံ့ပေးတဲ့ မီဒီယာတွေရေးနေ တာတွေရှိပါတယ်။ ဖြစ်စဉ်ကတော့ ဒီဇင်ဘာလ ၃ ရက်နေ့မနက်ပိုင်းက နေစပြီး  ဖြစ်ပွားခဲ့တယ်။ ဒီဇင်ဘာလ   ၄  ရက်နေ့   မနေ့ကအထိ ပြင်းပြင်းထန်ထန်  တိုက်ပွဲဖြစ်ပွားခဲ့တယ်။  ကျွန်တော်တို့အနေနဲ့  တချို့နေရာတွေမှာ မိသားစုတွေကို လုံခြုံစိတ်ချရတဲ့နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရတာတွေ ရှိပါတယ်။ ဒီ‌နေ့ ဒီဇင်ဘာလ  ၅  ရက်နေ့ မနက်ပိုင်းမှာပဲ ရှေ့ကပြောခဲ့တဲ့ အနောက်နိုင်ငံအားပေးမီဒီယာတွေ၊ ပြည်ဖျက်မီဒီယာတွေက အားလုံးသိမ်းပိုက်နိုင်ပြီလို့ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှာလည်း ကျွန်တော်တို့ကစနစ်တကျ ပြန်လည်စုဖွဲ့ပြီးတော့  ကျွန်တော်ပြောခဲ့တဲ့   တပ်ရင်းတစ်ရင်းကို ပြန်လည်ဝင်ရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။ မုန်းဆိုတာကမြို့သေးသေးလေးပါ။ တိုက်နယ်အဆင့် လို့ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ သူတို့အနေနဲ့က ဒီမုန်းဒေသမှာနေရာသုံးနေရာလောက်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် တခြားအဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲဆိုတဲ့ ကြွေးကြော်သံတွေရဲ့အောက်မှာ ပြယုဂ်တစ်ခု ပြချင်တာလည်းဖြစ်မှာပေါ့။ ဒါ့ကြောင့်  ကျွန်တော်ဟိုနေ့ကလည်း ပြောခဲ့ပြီးပါပြီ။ သူတို့ ဘယ်လောက်အထိကျဆုံးတယ်၊ ဘယ်လောက် အထိ  ထိခိုက်ဒဏ်ရာရတယ်ဆိုတာ   သူတို့   အသိဆုံးဖြစ်မှာပါလို့ ပြောခဲ့ပါတယ်။ ဒီနေ့မှာလည်းဒီလိုပါပဲ၊ မုန်းရဲ့မြောက်ဘက်နဲ့အရှေ့ ဘက်ကို ရန်သူများဆုတ်ခွာထွက်ပြေးပါတယ်။ ဆုတ်ခွာထွက်ပြေး တဲ့အခါမှာလည်း တပ်မတော်အနေနဲ့ လုံခြုံမှုရှိအောင် လိုက်လံချေမှုန်း ရတာမျိုးတွေ ရှိပါတယ်။ အဲဒီမှာလည်း သူတို့ဘယ်လောက်ကျဆုံးတယ်၊ ဘယ်လောက်ထိ ထိခိုက်ဒဏ်ရာရတယ်ဆိုတာ သူတို့ပဲအသိဆုံးဖြစ်ပါ တယ်။ ဒါတွေက ဘယ်လောက်သေတယ်၊ ဘယ်လောက်ကျဆုံးတယ်၊ ဘယ်လောက်ဒဏ်ရာရတယ်ဆိုတာက ဂုဏ်ယူပြီးပြောနေစရာ မရှိ ပါဘူး။ ကျွန်တော်ပြောသလိုပါပဲ။ ဘယ်လိုပဲပြောပြော မြန်မာနိုင်ငံသား တွေပဲဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ ပြည်သူ့အသက် အိုးအိမ်၊ စည်းစိမ်၊ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်မှု၊ ပြည်သူ လူထုရဲ့ လူမှုစီးပွားဘဝလုံခြုံမှုကို  ထိခိုက်လာရင်တော့  ပြတ်ပြတ် သားသားချေမှုန်းရမှာပဲဖြစ်တယ်လို့ ပြောချင်ပါတယ်။ ရှမ်းပြည်နယ် မြောက်ဘက်မှာတော့ လောက်ကိုင်မြို့ရဲ့အရှေ့ဘက်နဲ့တောင်ဘက် မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတချို့ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဘက် မှာတော့ ထီးချိုင့်မှာ နေရာသုံးနေရာလောက် ထိတွေ့တိုက်ပွဲဖြစ်ပွား မှုဖြစ်ခဲ့ပါတယ်။  ထီးချိုင့်ရဲ့  ဒီနေရာသုံးနေရာမှာလည်း   ရန်သူအနေ နဲ့ ထိခိုက်ဒဏ်ရာရမှုများပြားပြီး ဆုတ်ခွာထွက်ပြေးရတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ကျွန်တော့်အနေနဲ့ပြောလိုတာကတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်သည် နိုင်ငံတော်ဝန်ကြီးချုပ် ပြောပြီးတဲ့အတိုင်းပဲ၊ ပြောထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့အနေနဲ့    ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး   မူကြီးငါးရပ်ကို လိုက်နာကျင့်သုံးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်နီးနားချင်း တွေအပေါ်မှာထားရှိတဲ့မူဝါဒသည် ကျွန်တော်တို့ရဲ့နယ်မြေ၊ မြန်မာ နိုင်ငံရဲ့   ပိုင်နက်နယ်မြေကိုအသုံးပြုပြီး   အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားကိုထိခိုက်စေမယ့်အလုပ်တွေ၊ အိမ်နီးနားချင်းနိုင်ငံတွေ ရဲ့ လုံခြုံရေးကိုထိခိုက်စေမယ့်လုပ်ငန်းတွေကို လုံးဝလက်မခံဘူးလို့ အတိအလင်း ပြောကြားပြီးဖြစ်ပါတယ်။ အားလုံးနဲ့မိတ်ဆွေဖြစ်ရေးမူဝါဒပဲရှိပါတယ်။  အားလုံးနဲ့ငြိမ်းချမ်းစွာ   အတူယှဉ်တွဲနေထိုင်ရေး မူဝါဒပဲ   ရှိပါတယ်။  ဒါတွေကို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရေးမူဝါဒ အဖြစ် အစဉ်တစိုက်လက်ခံကျင့်သုံးခဲ့တာဖြစ်ပါတယ်။ နောင်မှာလည်း လက်ခံကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ သဘောထားရပ်တည်ချက်အမှန်ကိုသိတဲ့  နိုင်ငံများအနေနဲ့   ယနေ့ အထိ မြန်မာနိုင်ငံဘက်ကနေရပ်တည်ပြီး ဆောင်ရွက်ပေးနေတာရှိပါ တယ်။ ဒါကြောင့်  ဒီနိုင်ငံများ၊ နိုင်ငံကြီးများကို ကျွန်တော်တို့အနေနဲ့ လေးစားပါတယ်၊  တန်ဖိုးထားပါတယ်။   မြန်မာနိုင်ငံအနေနဲ့လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားချင် ပါတယ်။ 
အားလုံးကို ကျေးဇူးတင်ပါတယ်။


သတင်းစဉ်