
နေပြည်တော် ဇွန် ၂၄
ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေး ကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက် ရှိ သည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင် ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီကုသရေးဆေးရုံ များ၌ ကျန်းမာရေးစောင့်ရှောက် မှုများကို နေ့ညမပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ပေါင်း ၂၅၆၈၀၂ ဦးနှင့် အတွင်း လူနာပေါင်း ၇၅၁၃၇ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
၎င်းလူနာများအနက် အကြီး စား ခွဲစိတ်ကုသရန် လိုအပ်သူ ၁၁၉၄၀၊ အသေးစားခွဲစိတ် ကုသရန် လိုအပ်သူ ၆၂၂၃ ဦး၊ စုစုပေါင်း ၁၈၁၆၃ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ် ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ်ကုသပေးလျက်ရှိသည်။
ထို့ပြင် ကလေးမီးဖွားလူနာ ၆၀၃၈ ဦးကို ခွဲစိတ်၍လည်း ကောင်း၊ ၈၆၆၁ ဦးကို သာမန် ဖြင့်လည်းကောင်း မွေးဖွားပေးနိုင် ခဲ့ခြင်းကြောင့်ယနေ့အထိ ကလေး ငယ် ၁၄၆၉၉ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော် အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေး တွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်