
ရန်ကုန် ဒီဇင်ဘာ ၅
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ယနေ့ညနေပိုင်း တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၅၀) ရွှေတောင်ကြား လမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ မူဝါဒများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြား သည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည် စိုးထွန်းနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဒါရိုက်တာများ၊ ရုပ်သံလိုင်းများမှ တာဝန်ရှိသူများ၊ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ဝင် များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက မိမိအနေဖြင့် ဆင်ဆာအဖွဲ့ဝင် များနှင့် ယနေ့တွေ့ဆုံခြင်းမှာ လုပ်ငန်းများ ဆွေးနွေးညှိနှိုင်းရန် နှင့် အနာဂတ်ရုပ်ရှင်လောက အတွက် မည်သို့ဆောင်ရွက်သင့် သည်ကို ရုပ်ရှင်အနုပညာရှင်များ ၏ အကြံပြုချက်များ ရယူနိုင်ရန် ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသ ၌ လက်နက်ကိုင်သောင်းကျန်းမှု များကြောင့် စစ်ပွဲများ ဖြစ်ပေါ် လျက်ရှိပြီး မိမိတို့နိုင်ငံ၏ အချုပ် အခြာအာဏာ ထိပါးမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်နေရသည့် အတွက် အနုပညာရှင်များအနေ ဖြင့် နိုင်ငံသားတစ်ဦးပီသစွာ ဝိုင်းဝန်းကာကွယ် စောင့်ထိန်းရ မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် အတွက် အမေရိကန်နိုင်ငံခြားရေး ရုံးက ထုတ်ပြန်ထားသည့် ကမ္ဘာလုံး ဆိုင်ရာ အကြမ်းဖက်မှုအညွှန်းကိန်း အစီရင်ခံစာတွင် မြန်မာနိုင်ငံအား ဖော်ပြချက်နှင့်ပတ်သက်၍ စိတ် မကောင်းဖွယ် ဖြစ်ရပါကြောင်း။
ယနေ့အချိန်တွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတလုပ်ငန်းများ ပုံမှန်အခြေအနေနီးပါးသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း၊ သို့ရာတွင် ယခု ထက်ပိုမိုကောင်းမွန်သည့် အခြေ အနေမျိုးရောက်ရှိအောင် အားလုံး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း၊ စာပေ ထုတ်ဝေခွင့်များနှင့် ပတ်သက်၍ လွတ်လပ်ခွင့်များ ပေးခဲ့သော် လည်း အချို့သော ပုံနှိပ်ထုတ်ဝေ သူများသည် ကျင့်ဝတ်စည်းကမ်း များကို မလိုက်နာဘဲ မသင့်မလျော် ရေးသားထုတ်ဝေခြင်းများကြောင့် အရေးယူ ဆောင်ရွက်ခဲ့ရပါ ကြောင်း၊ ရုပ်ရှင်ဇာတ်ကားများ နှင့်ပတ်သက်၍ ဆင်ဆာကြည့်ရှု စိစစ်သည့် လုပ်ငန်းများကို မလွှဲ မရှောင်သာ ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး ပြသမှုများနှင့် ပတ်သက်၍ မိမိတို့ နိုင်ငံနှင့် ဆီလျော်သည့် စည်းမျဉ်း စည်းကမ်းများ ချမှတ်ပြီး ထိန်းသိမ်း ကြပ်မတ်နေကြသည် ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
ပွင့်လင်းစွာ ဆွေးနွေး
ရုပ်ရှင်ဇာတ်ကားများ ဖန်တီး ထုတ်လုပ်မှုများနှင့် ပတ်သက်၍ မိမိနိုင်ငံနှင့်လူမျိုး ထိခိုက်မှုမရှိ စေရန် အသိတရားဖြင့် ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်း၊ ယနေ့အချိန် တွင် ရုပ်ရှင်ရုံများ၌ ကြည့်ရှုသူများ အထိုက်အလျောက် များပြားလာ ပြီဖြစ်၍ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး ထုတ်လုပ်မှုများကို အကျိုး/အပြစ် ချိန်ဆဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်ဆောင်သည့် လုပ်ငန်းရပ်များ သည် အမျိုးသားအကျိုးစီးပွား ထိခိုက်မှုမရှိစေရေး ကူညီ ဆောင်ရွက်ပေးပါရန်နှင့် လိုအပ် သည့် အခက်အခဲများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းပေး ရန် ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒါရိုက်တာများ၊ ရုပ်သံလိုင်းများနှင့် ဒေါ်ဆွေ ဇင်ထိုက်တို့က ရုပ်ရှင်လောက ပိုမိုကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေ များနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား သည်။
သတင်းစဉ်