
နေပြည်တော် ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး အလုံ မြို့နယ် ရန်ကုန်တိုင်းလွှတ်တော် အနီး၌ ဒီဇင်ဘာ ၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း နှင့် တောင်ငူလေတပ်အတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လေယာဉ်ထားသည့် ဂိုဒေါင်ရှေ့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း စသည့် အခြေအမြစ်မရှိသော သတင်းတု သတင်းအမှားများ အား ခေတ်သစ်မီဒီယာမှ လုပ်ကြံ ဖန်တီး၍ ရေးသားဖြန့်ဝေလျက်ရှိ သည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်နယ်မြေများ၌ တာဝန် ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ် မေးမြန်းခဲ့ရာ ရန်ကုန်တိုင်း လွှတ်တော်အနီးတွင် မည်သည့် ပေါက်ကွဲမှုမျှမရှိကြောင်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းဝင်း အတွင်းနှင့် တောင်ငူလေတပ် အတွင်းသို့လည်း ဒရုန်းဖြင့် လာရောက်ဗုံးကြဲခြင်း မရှိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်များကို နေ့ည မပြတ် ထမ်းဆောင်လျက်ရှိပြီး အထက်ပါ သတင်းများသည် မဟုတ်မမှန် ကောလာဟလ သတင်းများသာဖြစ်ကြောင်း သိရှိ ရသည်။
သို့ဖြစ်ပါ၍ တရားမဝင် ခေတ်သစ်မီဒီယာ အပါအဝင် အခြားပြည်ဖျက်မီဒီယာများသည် နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်၊ ဖြစ်ရပ်များအပေါ် အခြေခံ ၍ သတင်းတု သတင်းအမှား မြောက်မြားစွာကို လူမှုကွန်ရက် စာမျက်နှာများတွင် အချိန်ကိုက် နေ့စဉ် ရေးသားဖြန့်ဝေ၍ ပြည်သူ များ စိုးရိမ်ထိတ်လန့်စိတ်များ ဖြစ်ပေါ်လာအောင် ရည်ရွယ်ချက် ရှိရှိ လှုံ့ဆော်ရေးသား လုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်