ညောင်လေးပင်၊ ပုဇွန်မြောင်းရွာမှ လျှပ်စစ်မီးကြိုးများအား တပ်မတော်က ဖြုတ်ယူရောင်းစားနေဟု သတင်းတု၊ သတင်းအမှားများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ ၃၀ 
ပဲခူးတိုင်းဒေသကြီး     ညောင်လေးပင် မြို့နယ် ပုဇွန်မြောင်းရွာ၌  တပ်မတော်မှ ကျွဲ၊ နွားများ၊ အိမ်ထောင်ပရိဘောဂများ အပါအဝင်  ကျေးရွာအတွင်းသွယ်တန်း ထားသည့်     လျှပ်စစ်မီးကြိုးများအား ဖြုတ်ယူရောင်းစားနေကြောင်း၊ လျှပ်စစ် မီးကြိုးများ      မရှိသလောက်ဖြစ်နေပြီး ကျေးရွာအတွင်း   မီးလင်းခြင်း  မတွေ့ရ တော့ကြောင်း စသည်ဖြင့် ဒေသခံများထံ မှ  သိရှိရကြောင်း  သတင်းတု၊   သတင်း အမှားများကို လူမှုကွန်ရက်စာမျက်နှာ များတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ပဲခူးတိုင်းဒေသကြီး   အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူများ၏  ပြောကြား ချက်အရ ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့နယ်    ပုဇွန်မြောင်းကျေးရွာတွင် ကျေးရွာသူ ကျေးရွာသားများ ပုံမှန်နေထိုင် လုပ်ကိုင်စားသောက်လျက်ရှိကြောင်းနှင့် အထက်ပါသတင်းသည်  သတင်းအမှား သာဖြစ်ကြောင်း   သိရှိရသည်။   ထို့ပြင် ပုဇွန်မြောင်းကျေးရွာ     ဝန်းကျင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေးတပ်ဖွဲ့ဝင်တစ်ဦး၏   ပြောကြားချက် အရ လွန်ခဲ့သော ၃ လခန့်က အကြမ်းဖက် သောင်းကျန်းသူများက ရွာအနီးလာရောက် ၍     ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် သွယ်တန်းထားသော လျှပ်စစ်ဓာတ်အား ပေးဝေသည့် လျှပ်စစ်မီးကြိုးနေရာအချို့ ပြတ်တောက်ခဲ့ပြီး မီးမရရှိသည်မှာ  ၃ လ ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများ   အနေဖြင့် နိုင်ငံတော်   ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လျှပ်စစ်ကဏ္ဍအား ထိခိုက် ပျက်စီးစေရန် မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့်   ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့်  အဖျက် အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက် ရှိပြီး  မြို့ရွာများ   တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့်     တရားဥပဒေစိုးမိုးမှုရှိစေ ရန်   တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လုံခြုံရေးပူးပေါင်း အဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရန်     တရားမဝင် ပြည်ဖျက်မီဒီယာများမှ    အဓိကထား ဦးတည်တိုက်ခိုက်ရေးသား   ဖြန့်ဝေခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်