ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော်   ဇွန်   ၂၃


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု  ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၁ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။


ပူးပေါင်းပါဝင်ရန် လိုအပ်


တွေ့ဆုံပွဲတွင်       ပြည်ထောင်စုဝန်ကြီးက လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉  ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို      အရှိန် အဟုန်မပျက်   ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကဆေးရုံများအနေဖြင့်လည်း ပူးပေါင်းပါဝင် ရန် လိုအပ်လျက်ရှိပါကြောင်း၊ ပြည်သူများ ကျန်းမာ ရေးစောင့်ရှောက်မှုပေးရာတွင်    ပုဂ္ဂလိကကဏ္ဍ၏ စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြု နိုင်စေရန်၊  ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများက ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည် အသွေးမြင့်မားသည့် ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် တာဝန်ခံမှုရှိစေရန်      လိုအပ်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း နိုင်ငံ့ဝန်ထမ်း ကျန်းမာရေး  ဝန်ထမ်းများနည်းတူ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း များတွင် တာဝန်ထမ်းဆောင်နေသူများကို ဦးစားပေး အုပ်စုအဖြစ် ထိုးနှံပေးရန်စီစဉ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့်  ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း အချို့သာ ထိုးနှံခဲ့ရကြောင်း၊    ကာကွယ်ဆေးများ မူလအစီအစဉ်အတိုင်း ရောက်ရှိလာပါက မိမိတို့၏  လက်တွဲဖော်ဖြစ်သည့်     ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများကို    ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊     ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း လိုင်စင်ရရှိသူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများတွင် ကိုဗစ်-၁၉ ရောဂါလူနာများ အဆင်ပြေစွာ လက်ခံကုသနိုင်ရေးနှင့် ထိရောက် အကျိုးရှိသော      ကုသမှုပေးအပ်နိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်၊ ဆေးဝါးနှင့် စက်ပစ္စည်းကိရိယာများ    ဖြည့်ဆည်းခြင်းတို့ကို  ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း။


ခွင့်ပြုလျက်ရှိ


ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ် ရေးကော်မတီ အဆင့်ဆင့်အနေဖြင့်လည်း   အခါ အားလျော်စွာ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့်      ဓာတ်ခွဲခန်းများတွင် COVID-19 Antigen (RDT) test, RT-PCR နည်း ပညာအသုံးပြု၍ testing and care ဆောင်ရွက် ခွင့်ပြုလျက်ရှိပါကြောင်း၊ ခွင့်ပြုထားရှိသည့် လုပ်ငန်း များသည် လုပ်ငန်းလမ်းညွှန်နှင့်အညီ စစ်ဆေးမှု၊ ရောဂါပိုးတွေ့မှုတို့ကို အချိန်နှင့်တစ်ပြေးညီ သတင်း ပေးပို့ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင် များအနေဖြင့် နိုင်ငံတကာ/အာရှဒေသတွင်း ထိုးနှံ ဆောင်ရွက်နေသော အရည်အသွေး အာနိသင်ရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မိမိတို့အစီအစဉ်ဖြင့် တင်သွင်း ဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခွင့်ပြု ပြီးဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး    ထိုးနှံခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန်    လိုအပ်မည်ဖြစ်ပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်း လာသည်နှင့် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု စနစ်တွင် အထောက်အကူဖြစ်စေကာ ပြည်သူလူထု အတွက် အရည်အသွေးပြည့် ကျန်းမာရေးစောင့် ရှောက်မှုများ   ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်ကို    ယုံကြည်ပါကြောင်း မှာကြားသည်။ယင်းနောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က အသင်းအနေ  ဖြင့် လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင် ရွက်သွားမည့် အစီအစဉ်များ၊  အလုပ်အမှုဆောင်  အဖွဲ့ဝင်များက  ဝိုင်းဝန်းဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။        

                     
  သတင်းစဉ်