
နေပြည်တော် ဇွန် ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ် အဖွဲ့များသည် ယနေ့တွင် မော်စကိုမြို့ရှိ အထင်ကရ နေရာများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ လျှပ်စစ်နှင့် စွမ်းအင် ပြတိုက်နှင့် MGIMO ကျောင်းတို့သို့ သွားရောက် ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆွေးနွေး
ထိုသို့ လေ့လာရာတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင် ဦးဆောင်သောအဖွဲ့သည် မော်စကိုလျှပ်စစ်နှင့် စွမ်းအင်ပြတိုက်သို့ သွားရောက်လေ့လာပြီး မော်စကို မြို့တော်ဝန်နှင့် တွေ့ဆုံကာ မြို့ပြဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
အလားတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့်လည်းကောင်း၊ စိန့်ပီတာစဘတ် မြို့တော်ဝန်ရုံးခွဲ (မော်စကို)မှ ပြည်ပ ဆက်ဆံရေးကော်မတီနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
ထို့အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့တော်ဝန်နှင့် တွေ့ဆုံပြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ဆေးပညာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
ရှင်းလင်းပြသ
ထို့ပြင် ထူးချွန်ဆုရ အရာရှိများအဖွဲ့ သည် မော်စကိုမြို့ရှိ Patriotic Park နှင့် ရုရှားတပ်မတော်၏ ပင်မဘုရားရှိခိုး ကျောင်းသို့လည်းကောင်း၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စား လှယ်အဖွဲ့သည် မော်စကိုသာသနာပိုင် မဟာယနဗုဒ္ဓဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ကိုယ်စားလှယ်အဖွဲ့သည် MGIMO တက္ကသိုလ်သို့လည်းကောင်း သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
n