ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရုရှားသဘာဝမြေဩဇာအသုံးပြု၍ ဆင်းသုခမိုးစပါး ရက်(၁၂၀) တစ်ဧကစမ်းသပ်စံပြကွက် ရိတ်သိမ်းနေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော် နိုဝင်ဘာ ၂၃


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး    ဦးလှမိုးသည်    ဒုတိယ ဝန်ကြီး    ဒေါက်တာတင်ထွဋ်၊ နေပြည်တော်     ကောင်စီဝင် ဦးဇေယျာလင်း၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန် ကရက်   ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော နေပြည်တော်   လယ်ဝေး မြို့နယ် ရေအိုးစင်ကျေးရွာရှိ ရုရှား သဘာဝမြေဩဇာအသုံးပြု စမ်းသပ် စိုက်ပျိုးထားသော     တောင်သူ ဒေါ်သက်၏ ဆင်းသုခမိုးစပါးရက် (၁၂၀) တစ်ဧက စမ်းသပ်စံပြကွက် ရိတ်သိမ်းနေမှုကို     သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ကုန်ကျစရိတ်များသက်သာ


ဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်    လယ်ဝေးမြို့နယ် ရေအိုးစင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ ယာယီရှင်းလင်းဆောင်၌ သမဝါယမအသင်းသား တောင်သူ များ၊   ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ရုရှားသဘာဝမြေဩဇာ အားဖြည့်ဆေးရည် အသုံးပြုခြင်း အားဖြင့် တစ်လီတာကို  စိုက်ပျိုး မြေဧက ခြောက်ဧကအထိ အသုံး ပြုနိုင်မည်ဖြစ်ပြီး    ကုန်ကျစရိတ် အနေဖြင့် မြန်မာကျပ်ငွေ ၉၀၀၀ ခန့်သာ  ကျသင့်မည်ဖြစ်ကြောင်း၊ တစ်ဧကအတွက်     ဆေးရည် ၁၈၀  မီလီလီတာ   အသုံးပြုပါက ကုန်ကျစရိတ်အနေဖြင့်   မြန်မာ ကျပ်ငွေ ၃၀၀၀ ခန့်သာကျသင့်မည် ဖြစ်ကြောင်း၊  သဘာဝမြေဩဇာ အားဖြည့် ဆေးရည်အသုံးပြုခြင်း အားဖြင့်    ပုလဲဓာတ်မြေဩဇာ အသုံးပြုမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချ အသုံးပြုနိုင်မည်ဖြစ်သည့် အတွက်     ကုန်ကျစရိတ်များ သက်သာသွားမည့်အပြင် မြေဆီ လွှာပျက်စီးမှုကိုလည်း လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ အထွက်တိုးစပါး မျိုးများ     တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် လိုအပ်သည်များ ချိတ်ဆက် ဆောင်ရွက်     ပေးသွားမည်ဖြစ် ကြောင်း၊     သဘာဝမြေဩဇာ အားဖြည့်ဆေးရည်များ လုံလောက် စွာရရှိရေးအတွက် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်း ၍ သဘာဝမြေဩဇာစက်ရုံတည် ဆောက်ရေး     လုပ်ငန်းများကို နေပြည်တော်ကောင်စီ   နယ်မြေ အပါအဝင် ပဲခူး၊ မကွေး၊ မန္တလေး နှင့်   ဧရာဝတီတိုင်းဒေသကြီးတို့ တွင်  ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းသား တောင်သူများအနေ ဖြင့် သဘာဝမြေဩဇာဆေးရည် များ အသုံးပြုမည်ဆိုပါက စိုက်ပျိုး ရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့နှင့်    ချိတ်ဆက် ၍ စနစ်တကျ    စမ်းသပ်အသုံးပြု ဆောင်ရွက်     သွားနိုင်ကြောင်း ရှင်းလင်းပြောကြားကာ ကျေးရွာ တောင်သူများ၏  ဒေသဖွံ့ဖြိုးရေး ဆိုင်ရာတင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ 


ရိတ်သိမ်းနေမှုကြည့်ရှု


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    လယ်ဝေး မြို့နယ် ရေအိုးစင်ကျေးရွာ၌ ရုရှား သဘာဝမြေဩဇာ    အသုံးပြု၍ စမ်းသပ်      စိုက်ပျိုးထားသည့် တောင်သူ ဒေါ်သက်၏ ဆင်းသုခ မိုးစပါးရက် (၁၂၀) တစ်ဧကစမ်းသပ် စံပြကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှု အားပေးခဲ့ကြောင်း   သတင်းရရှိ သည်။ 


သတင်းစဉ်