
နေပြည်တော် နိုဝင်ဘာ ၂၃
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် NETAU နှင့် NETAV အမျိုးအစား လျှပ်စစ်သုံးယာဉ် များ၊ N.P.K Motors Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် Leapmotor T03 (Luxury) အမျိုးအစား လျှပ်စစ်သုံးယာဉ် များ၊ Essential Motors Co., Ltd. က တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BYD Atto3 အမျိုး အစား လျှပ်စစ်သုံးယာဉ်များ၊ Myanmar Great Motor Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Aiqar Arrizo E အမျိုးအစား လျှပ်စစ်သုံး ယာဉ်များနှင့် Myanmar Arr Thit Man Motor Co., Ltd. က တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Changan Benni E-Star အမျိုး အစား လျှပ်စစ်သုံးယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာသဖြင့် ယနေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်