
နေပြည်တော် ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ အကြမ်းဖက်သူများက ကျေးရွာအုပ်ချုပ်ရေး တာဝန် ရှိသူ သုံးဦးနှင့် ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်ကြသော ဦးသန်း နွယ်အောင်၊ ဦးအောင်လွင်သန်းနှင့် ဦးကျော်မြင့် တို့သည် ဇွန် ၂၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် အင်းကပ္ပလိပ်ကျေးရွာမှ သောင်ကြီးကျေးရွာသို့ စက်လှေဖြင့် ထွက်ခွာလာစဉ် လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် အမျိုးသား ငါးဦးတို့က စက်လှေ ကိုတားကာ ၎င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေစုံစမ်းစဉ် ဇွန် ၂၂ ရက်တွင် သောင်ကြီး ကျေးရွာအုပ်စု ထိုဖိုကျေးရွာအနီးရှိ ဦးရွှေလင်း၏ နေအိမ်ကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ မည်သူ့ကိုမှ မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ လက်လုပ် သေနတ် အလက် ၂၀၊ လက်လုပ်မိုင်း ၁၃ လုံးနှင့် အကြမ်းဖက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများကို တွေ့ရှိ ခဲ့ပြီး အနီးပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေရာ အဆိုပါ နေအိမ်၏တောင်ဘက် ပေ ၁၀၀ ခန့်အကွာရှိ အက်ဝိချောင်းအတွင်းမှ ပြည်တော်ကိုယ်ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးသန်းနွယ်အောင်အား သေဆုံး နေသည်ကို တွေ့ရှိခဲ့သဖြင့် မဒေါက်တိုက်နယ်ဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးသန်းနွယ် အောင်ကို ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး အကြမ်းဖက် မှုကျူးလွန်ခဲ့သူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေ နှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်