တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်   နိုဝင်ဘာ ၂၂


ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု  လုပ်ငန်းများ ဆောင်ရွက်     ပေးရန်အတွက်   တပ်မတော်ပင်လယ်သွား    ဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါ လာသည့် တပ်မတော်မှ    ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူ များ၊ ဆရာဝန်များ၊  သူနာပြုများ ပါဝင်သော    နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာ ဝတီတိုင်းဒေသကြီး   ပုသိမ်ခရိုင် ချောင်းသာမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံ၌ အခြေပြု၍ ချောင်းသာမြို့ နှင့်   အနီးပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ   ၅၇၂    ဦး အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၈၆ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၅ ဦး၊   ကလေး ရောဂါ ၃၃ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၃၇ ဦး၊ မျက်စိရောဂါ ၁၂၆ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၅၁ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။  ထို့အပြင် အထွေထွေခွဲစိတ်လူနာ   ကိုးဦး၊ မျက်စိခွဲစိတ်လူနာ    ခြောက်ဦး၊ ဓာတ်မှန်ရိုက်လူနာ    ၁၅    ဦး၊ အာထရာဆောင်းဖြင့်   စမ်းသပ် စစ်ဆေးလူနာ ၄၃ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသ ပေးခြင်းများ    ဆောင်ရွက်ပေး ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ လေးဦးတို့ကို  နီးစပ်ရာ တပ်မတော်ဆေးရုံများသို့   တက် ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။ 


အလားတူ       ဧရာဝတီမြစ် ကြောင်းတစ်လျှောက်ရှိ    ဒေသခံ ပြည်သူများအား    ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက်  တပ် မတော်မြစ်တွင်းသွား      ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့နှင့်အတူ   လိုက်ပါလာ သည့်တပ်မတော်မှ    ပါရဂူများ၊ ဆေးမှူးများ၊    သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူ များ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေး အဖွဲ့သည် ယနေ့တွင်    ဧရာဝတီ တိုင်းဒေသကြီး       ဇလွန်မြို့ရှိ ရဟန္တာဦး သီလဓာတ်တော်စေတီ ဝင်းအတွင်းရှိ ဦးသီလသာသနာ့ ဗိမာန်၌   အခြေပြု၍   ဇလွန်မြို့ နှင့်    ပတ်ဝန်းကျင်ကျေးရွာများ မှ   ဒေသခံပြည်သူ    ၁၀၀၁   ဦး အား   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ     ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၃၈၆ ဦး၊ ခွဲစိတ်ရောဂါ ၁၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၅ ဦး၊   ကလေး ရောဂါ ၃၆ ဦး၊ အရိုးရောဂါ ၂၁၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၅၇ ဦး၊ မျက်စိရောဂါ ၁၂၅ ဦးနှင့် သွားရောဂါ ၁၄၁ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ  ကိုးဦး၊ မျက်စိခွဲစိတ်လူနာ   ခြောက်ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ တယ်လီ ဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၄၀၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ  ဆောင် ရွက်ပေးပြီး  ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ နှစ်ဦးကို နီးစပ် ရာတပ်မတော်ဆေးရုံသို့ တက် ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။ 


ယင်းသို့ ဆောင်ရွက်နေမှုများ ကို    နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထိုသို့ ကျန်းမာရေးဆောင်ရွက် ပေးမှုများအပေါ် ဒေသခံပြည်သူ များ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါသည် -


ဦးထွန်းထွန်းလင်း 
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဇလွန်မြို့


အခု    လာရောက်ကုသတဲ့ တပ်မတော်နယ်လှည့်ဆေးကုသ ရေးအဖွဲ့နဲ့       ပတ်သက်ပြီး အားလုံးအဆင်ပြေပြေ ဆေးကုသ နိုင်ဖို့၊   ဆေးကုသမယ့်    လူနာ တွေ  အချိန်မီရောက်ရှိကုသနိုင်ဖို့၊ အဆင်ပြေပြေ     ကုသနိုင်ဖို့နဲ့  လာရောက်ကုသတဲ့   လူနာတွေ အတွက် အုပ်ချုပ်ထောက်ပံ့ကိစ္စတွေဖြစ်တဲ့     ထမင်းထုပ်တွေ ကျွေးမွေးနိုင်ဖို့၊ ရေ၊ မုန့်စတာတွေ အဆင်ပြေဖို့နဲ့ နောက်တစ်ခုက ဆေးကုသတဲ့   အဖွဲ့တွေလည်း နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက် ရေးအဆင်ပြေနိုင်အောင် ကျွန်တော် တို့က   ကြိုတင်စီမံဆောင်ရွက် ရတဲ့အပိုင်းတွေကို   တာဝန်ယူ ဆောင်ရွက်ရပါတယ်။     အခု နယ်လှည့်    ဆေးကုသရေးအဖွဲ့ ရွှေပုစွန်ရေယာဉ်ကြီးက ကျွန်တော် တို့မြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက် နေ့ကနေ စတင်ပြီးကုသပေးမယ် ဆိုပြီး      သိရတဲ့အချိန်ကစပြီး ကျွန်တော်တို့   ဇလွန်မြို့နယ်မှာ ရှိနေတဲ့ ပြည်သူတွေရဲ့ကိုယ်စား ကိုယ့်ဒေသကို လာရောက် ကုသ မယ့်အဖွဲ့တွေကို   နွေးထွေးစွာ ကြိုဆိုဖို့       အစကတည်းက ကျွန်တော်တို့မှာ    စိတ်ကူးရှိပြီး သားဖြစ်ပါတယ်။ အခုလိုအချိန်မှာ လာရောက်ကုသတဲ့  အခြေအနေ မှာလည်း  ကျွန်တော်တို့   ဒေသ အတွင်းမှာရှိတဲ့ ပြည်သူတွေဖြစ် ကြတဲ့ လူနာတော်တော်များများ ကလည်း ဝမ်းသာအားရနဲ့  ဒီကို လာရောက်ပြီး ကုသနေတာတွေ ကို မြင်တွေ့ရတဲ့အတွက် မြို့နယ် မှာရှိတဲ့ ပြည်သူတွေရဲ့ကိုယ်စား အင်မတန်မှ  ဝမ်းသာပြီး   အထူး ကျေးဇူးတင်ရှိကြောင်း ပြောချင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစောပိုင်းက ကျွန်တော်တို့ဆီမှာ ဆေးကုသဖို့ သတ်မှတ်ပေးထားတဲ့ ရက်က နိုဝင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက် ပဲဖြစ်ပါတယ်။ ဒါပေမယ့်  ဆေး ကုသရေးအဖွဲ့မှာပါတဲ့ ဆရာဝန်ကြီး တွေရဲ့ စေတနာနဲ့ ကျွန်တော်တို့ မြို့နယ်ကို  နောက်ထပ်တစ်ရက် တိုးပြီး   နိုဝင်ဘာ   ၂၃  ရက်အထိ    သုံးရက်တိုင်တိုင်   ကုသပေးမယ် ဆိုတဲ့  သတင်းကြားရတဲ့အတွက် ဒေသအတွင်းမှာရှိတဲ့ လူနာတွေ အတွက် ပိုပြီးတော့   ဝမ်းမြောက် ဝမ်းသာဖြစ်မိပါတယ်။ ဒီနယ်လှည့် ဆေးကုသရေးအဖွဲ့က တာဝန်ရှိသူ အားလုံးကိုလည်း အထူးကျေးဇူး တင်ရှိကြောင်း ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။  


ဒေါ်နုနုလွင်၊ ချောင်းသာ(၁)
ရပ်ကွက်၊ ချောင်းသာမြို့


တပ်မတော်နယ်လှည့်     ဆေး ကုသရေးအဖွဲ့က   ချောင်းသာကို လာပြီး အခမဲ့ဆေးကုသပေးတယ် ဆိုလို့ ကျွန်မရဲ့  မျက်စိရောဂါကို လာပြတာပါ။ ကျွန်မရဲ့မျက်စိက လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက ခွဲစိတ်ရမှာပါ။ ကျွန်မမှာ ငွေရေး ကြေးရေးအဆင်မပြေလို့ မခွဲစိတ် နိုင်တဲ့အတွက်       တပ်မတော် နယ်လှည့်    ဆေးကုသရေးအဖွဲ့ က    အခမဲ့ခွဲစိတ်ပေးမယ်ဆိုလို့ လာရောက်ပြသတာပါ။    မျက်စိ တစ်ဖက်မမြင်ရတော့   လမ်းသွား ရတာလည်း   အဆင်မပြေဘူး။ ဆိုင်ကယ်တွေဘာတွေနဲ့သွားရင် လည်း အန္တရာယ်ရှိပါတယ်။ အဲဒါ ကြောင့် မျက်စိအလင်း ပြန်မြင်ချင် ပါတယ်။ ကိုယ့်မှာလည်း ငွေရေး ကြေးရေးမတတ်နိုင်တော့ အခုလို လာပြီး အခမဲ့ခွဲစိတ်ကုသပေးတာ အလွန်ဝမ်းသာပါတယ်။    ရောဂါ ဝေဒနာတွေကို လာရောက်ကုသ တဲ့   လူတွေအားလုံးရဲ့ကိုယ်စား အခုလို လာရောက်ကုသပေးတဲ့ တပ်မတော်သား   ဆေးကုသတဲ့ ဆရာဝန်ကြီးတွေကိုလည်း အလွန် ကျေးဇူးတင်ပါတယ်။ ကိုယ့်မျက်စိ ပြန်ပြီးမြင်ရမယ်ဆိုတော့ အတိုင်း ထက်   အလွန်ဝမ်းသာပါတယ်။ ဆရာဝန်ကြီးတွေ၊   တပ်မတော် သားတွေ အားလုံးကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အန္တရာယ်ကင်းပါ စေ၊ ဘေးရှင်းပါစေ၊ လိုရာဆန္ဒတွေ ပြည့်ဝပါစေ။  အခုလို   ကျွန်မတို့ ဆေးကုသနိုင်အောင်   စီစဉ်ပေး တဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နဲ့   တာဝန်ရှိသူအားလုံးကို လည်း  ကျေးဇူးတင်ပါတယ်။